Connect with us

North America

အမေရိကန်က ယူကရိန်းကို “တိုက်ရိုက်ဘတ်ဂျက်အကူအညီ” အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်မည်ဟု ဘိုင်ဒန်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နှင့် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား“တိုက်ရိုက် ဘတ်ဂျက်အကူအညီ” အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကူညီပံ့ပိုးမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က တယ်လီဖုန်းပြောကြားမှု မှတ်တမ်း၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် “ယူကရိန်း အစိုးရကို တိုက်ရိုက်ဘတ်ဂျက်အကူအညီဒေါ်လာ သန်း ၅၀၀ ကူညီပံ့ပိုးဖို့ ရည်ရွယ်ထားကြောင်း” အချိန်တစ်နာရီခန့်ကြာမြင့်သော တယ်လီဖုန်းခေါ်ဆိုမှု၌ ဘိုင်ဒန်က ဇယ်လန်းစကီးကို ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။

“ယူကရိန်းရဲ့ အဓိကလုံခြုံရေး အကူအညီတောင်းဆိုမှုတွေကို အမေရိကန်က အချိန်နဲ့တစ်ပြေးညီ ဘယ်လိုဖြည့်စွမ်းဆောင်ရွက်ပေးနေလဲဆိုတာရယ်၊ အဲဒီလိုလက်နက်တွေရဲ့ အရေးပါတဲ့ သက်ရောက်မှုတွေက ပဋိပက္ခအပေါ် ဘယ်လိုရှိစေမလဲဆိုတာရယ်နဲ့ ယူကရိန်းစစ်တပ်အနေနဲ့ နိုင်ငံကို ကာကွယ်ရေး ထပ်တိုးစွမ်းဆောင်နိုင်မှုတွေအတွက်မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ အမေရိကန်က ဘယ်လို ဆက်လက်ကြိုးပမ်းအားထုတ်သွားမလဲဆိုတာတွေကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြတယ်” ဟု တယ်လီဖုန်းမှတ်တမ်း၌ ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ၎င်းနှင့် ဘိုင်ဒန်တို့သည် “တိုက်ပွဲအခြေအနေနဲ့ ဆွေးနွေးညှိနှိုင်းမှုစားပွဲဝိုင်းက အခြေအနေတွေ အကဲဖြတ်မှုတွေကို မျှဝေပြောကြားခဲ့တယ်။ အထူးကာကွယ်ရေးအထောက်အပံ့၊ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ၊ မက်ခရို-ငွေကြေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအကြောင်းလည်း အသေးစိတ် ပြောခဲ့ကြတယ်” ဟု တယ်လီဖုန်းပြောကြားပြီးနောက် တွစ်တာပေါ်၌ ရေးသားထားသည်။ (Xinhua)
…………………………………
(English Version)

Biden says U.S. to give Ukraine 500 mln USD in “direct budgetary aid”

Source: Xinhua

Editor: huaxia

2022-03-31 03:00:16
WASHINGTON, March 30 (Xinhua) — U.S. President Joe Biden told his Ukrainian counterpart, Volodymyr Zelensky, on Wednesday that the United States will provide Ukraine with 500 million U.S. dollars in “direct budgetary aid,” the White House said in a readout of the pair’s telephone conversation.
The White House said Biden told Zelensky the United States “intends to provide the Ukrainian government with 500 million dollars in direct budgetary aid” on the call, which lasted about an hour to end at 12:03 p.m. ET, according to a pool reporter covering the White House.
“The leaders discussed how the United States is working around the clock to fulfill the main security assistance requests by Ukraine, the critical effects those weapons have had on the conflict, and continued efforts by the United States with allies and partners to identify additional capabilities to help the Ukrainian military defend its country,” the readout said.
Zelensky said on Twitter following the call that he and Biden “shared assessment of the situation on the battlefield and at the negotiating table. Talked about specific defensive support, a new package of enhanced sanctions, macro-financial and humanitarian aid.” ■
Photo : Combo photo of U.S. President Joe Biden (L) and Ukrainian President Volodymyr Zelensky. (Xinhua)