Connect with us

Africa & Middle East

အာဖရိကဦးချိုဒေသတွင် ဆိုးဝါးသည့်မိုးခေါင်ရေရှားမှုကြောင့် လူပေါင်း ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုဒဏ် ပြင်းထန်စွာရင်ဆိုင်နေရ

ကင်ညာနိုင်ငံ Kilifi ကောင်တီ၌ ပြောင်းအခြောက်ပင်များအကြား ပြောင်းဖူးရှာနေသည့် ရွာသူများအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

အာဖရိက ဦးချိုဒေသတွင် ဆိုးဝါးသည့် မိုးခေါင်ရေရှား ဖြစ်ပွားမှုကြောင့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာနိုင်ငံများတွင် လူပေါင်း ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုဒဏ် ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံ Kilifi ကောင်တီရှိ ပြောင်းခင်း၌ မကြီးထွားနိုင်တော့သည့် ပြောင်းဖူးအား ရွာသူတစ်ဦးက ပြသနေသည်ကို မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ညာနိုင်ငံ Kilifi ကောင်တီရှိ ရေသိုလှောင်ကန်တစ်ခုတွင် ရေခပ်နေသည့် ကလေးငယ်တစ်ဦးအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ညာနိုင်ငံ Kilifi ကောင်တီရှိ ရေသိုလှောင်ကန်တစ်ခုတွင် ရေထည့်ထားသည့်ရေပုံးများအား စက်ဘီးပေါ်သို့ တင်နေသည့် ကလေးငယ်တစ်ဦးအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ညာနိုင်ငံ Kilifi ကောင်တီ ကျေးရွာတစ်ရွာတွင် အိမ်တံစက်မြိတ်အောက် အရိပ်ခိုနေသည့် ဆိတ်အုပ်အား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ညာနိုင်ငံ Kilifi ကောင်တီ မိုးခေါင်ရေရှားဖြစ်ပွားရာနေရာတွင် စားကျက်ရှာနေသည့် နွားများအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ညာနိုင်ငံ Kilifi ကောင်တီ၌ ပြောင်းအခြောက်ပင်များအကြားတွေ့ရှိသော ပြောင်းဆံမရှိသည် ပြောင်းဖူးအား ရွာသူတစ်ဦးက ပြသနေသည်ကို မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကင်ညာနိုင်ငံ အရှေ့ပိုင်း Kilifi ကောင်တီသည် ယခုဖြစ်ပွားလျက်ရှိသည့်မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရခြင်းဖြစ်သည်။ စားကျက်နှင့်ရေ ပြတ်လပ်ခြင်းကြောင့် Kilifi ကောင်တီတွင် တိရစ္ဆာန်အကောင်ရေ ၉,၅၀၀ သေဆုံးခဲ့ပြီး လူပေါင်း ၂၁၉,၀၀၀ အစာရေစာငတ်မွတ်မှုဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

……………………..
(Chinese Version)
非洲之角遭遇严重旱灾 超1300万人面临严重粮食不安全
2022-03-30 15:28:32

联合国人道主义事务协调办公室近日称,非洲之角正经历严重干旱,埃塞俄比亚、肯尼亚和索马里有超过1300万人面临严重粮食不安全。位于肯尼亚东部的基利菲郡正在经历这场旱灾。由于缺乏牧场和水,基利菲郡已经失去了大约9500头牲畜,21.9万人面临严重饥饿。

图说1: 3月23日,村民扎瓦迪(右)和卡罗琳在肯尼亚基利菲枯萎的玉米地里试图找到玉米。 新华社记者 董江辉 摄
图说2:3月23日,村民卡罗琳在肯尼亚基利菲枯萎的玉米地展示未长成的玉米棒。新华社记者 董江辉 摄
图说3:3月23日,一名男孩在肯尼亚基利菲的一个储水设施中取水。新华社记者 董江辉 摄
图说4:3月23日,在肯尼亚基利菲的一个储水设施旁,一名男孩将装满水的水桶固定在自行车上。新华社记者 董江辉 摄
图说5:3月23日,一群羊在肯尼亚基利菲一处村庄屋檐下遮阳。新华社记者 董江辉 摄
图说6: 3月23日,几头牛在肯尼亚基利菲一处干旱的村庄觅食。新华社记者 董江辉 摄
图说7: 3月23日,村民扎瓦迪在肯尼亚基利菲枯萎的玉米地找到一根没有颗粒的玉米棒。新华社记者 董江辉 摄