Connect with us

Africa & Middle East

West Bank ဒေသရှိ ဒုက္ခသည်စခန်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၂ ဦးနှင့် အစ္စရေးအရာရှိတစ်ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း၊ ခန်ယွန်းနစ်မြို့ အရှေ့ဘက်ရှိ ဂါဇာ-အစ္စရေးနယ်စပ် ခြံစည်းရိုးအနီး အစ္စရေးတင့်ကားဝန်းကျင်၌ ပါလက်စတိုင်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

West Bank ဒေသရှိ Tulkarm မြို့ အရှေ့ဘက် ဒုက္ခသည်စခန်းတစ်ခုတွင် အောက်တိုဘာ ၁၉ ရက်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၁၂ ဦးနှင့် အစ္စရေးအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Nur Shams ဒုက္ခသည်စခန်း၌ “တိုက်ခိုက်မှု” အတွင်း ပါလက်စတိုင်း ၁၂ ဦးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက် ၇ ဦးမှာ ယင်းမြို့ရှိ Tulkarm အစိုးရဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် အတည်ပြုပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးစစ်တပ်က West Bank ရှိ ပါလက်စတိုင်းသံသယရှိသူများကို ဖမ်းဆီးရေးကမ်ပိန်း ဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပါလက်စတိုင်း လခြမ်းနီအသင်းက “ဒုက္ခသည်စခန်းအတွင်းရှိ ဒဏ်ရာရသူတွေဆီ ဆေးရုံကားဝန်ထမ်းတွေ ရောက်ရှိနိုင်ဖို့ အစ္စရေးစစ်တပ်က တားဆီးထားခဲ့တယ်” ဟု ပြောခဲ့သည်။

“အစ္စရေးစစ်တပ်က ဒရုန်း ပစ်လွှတ်ဖောက်ခွဲခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ အများကြီးပဲ” ဟု ဒေသခံပါလက်စတိုင်း သတင်းရင်းမြစ်များက ဆိုသည်။
ဒုက္ခသည်စခန်း၌ တိုက်ခိုက်မှုများအတွင်း လက်လုပ်ဗုံး ပေါက်ကွဲခဲ့ပြီးနောက် အစ္စရေးရဲအရာရှိတစ်ဦးနဲ့ အခြားသူတွေ ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာက သတင်းဖော်ပြခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၁၅၀ ကျော်ကို ပစ်မှတ်ထားဖမ်းဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

………………………………
(English Version)
12 Palestinians, 1 Israeli police killed in West Bank refugee camp clashes
RAMALLAH, Oct. 19 (Xinhua) — At least 12 Palestinians and one Israeli officer were killed on Thursday in clashes in a refugee camp east of the West Bank city of Tulkarm, Palestinian sources said.
The Palestinian Ministry of Health confirmed in a statement that 12 Palestinians were killed in “an attack” in the Nur Shams refugee camp, adding seven of them were pronounced dead after being sent to Tulkarm Governmental Hospital in the city.
The clashes occurred when the Israeli army was conducting a massive arrest campaign in the West Bank targeting Palestinian suspects.
The Palestinian Red Crescent Society said that the “Israeli army prevented ambulance crews from reaching injured people in the camp.”
Local Palestinian sources said the “Israeli army launched a drone and blew it up, causing a number of deaths and injuries.”
One Israeli police officer was also killed and a number of others injured after a homemade explosive device went off during the clashes in the camp, according to Israeli media reports.
The Israeli army said in a statement that the manhunt operation targeted more than 150 Palestinians.
Photo: Palestinians are seen near an Israeli tank, near the fence of the Gaza-Israel border, east of the southern Gaza Strip city of Khan Younis, Oct. 7, 2023. (Photo by Yasser Qudih/Xinhua)