Connect with us

China

တရုတ်နိုင်ငံက ကိုဗစ်အလွန်ကာလ သွင်းကုန်ပြပွဲတွင် ခိုင်မာအားကောင်းသော တံခါးဖွင့်ဝါဒ ဆောင်ရွက်ချက်များ ဖော်ပြ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အဓိကကျင်းပသောနေရာဖြစ်သည့် အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ တောင်ဘက်ခြမ်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး သွင်းကုန်များ မြှင့်တင်ခြင်းနှင့် တံခါးဖွင့်ဝါဒ ဆောင်ရွက်မှုများစွာအကြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်ဝင်ရောက်မှု ဖြေလျှော့ရေးဆိုင်ရာ ကတိကဝတ်အသစ်များ ပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ ညအလှရှုခင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ လူကိုယ်တိုင်အပြည့်အဝတက်ရောက်လာခြင်းဖြင့် နှစ်စဉ်ပြုလုပ်သော ကုန်စည်ပြပွဲသည် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော ကမ္ဘာ့စီးပွားရေးတွင် အရည်အသွေးမြင့် တံခါးဖွင့်ဝါဒနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည့် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်ကို တစ်ဖန်မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။
ယခုနှစ်၏ CIIE ပြပွဲသည် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၄ ခုမှ ပါဝင်တက်ရောက်သူများနှင့် ဧည့်သည်တော်များကို ဆွဲဆောင်ထားလျက်ရှိသည်။ ယင်းပြပွဲသို့ ပြခန်းပြသူ ၃,၄၀၀ ဦးနှင့် ပညာရပ်ဆိုင်ရာ ဧည့်ပရိသတ် ၄၁၀,၀၀၀ နီးပါး တက်ရောက်ရန် စာရင်းသွင်းထားခဲ့သည်။
ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် သွင်းကုန်ရည်ရွယ်ကျင်းပသည့် ပြပွဲဖြစ်သော CIIE သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒကို ချဲ့ထွင်လိုသော လွန်စွာကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းကောင်းများရှိရာ ကြီးမားသောဈေးကွက်သို့ ပြောင်းလဲနိုင်ခြင်းအတွက် ကိုယ်တိုင် စီစဉ်၊ အဆိုပြု၊ ဖော်ထုတ်၊ မြှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခင်ကျင်းပခဲ့သော ပြပွဲ ၅ ကြိမ်တွင် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၃၁ ခု တက်ရောက်ခဲ့ကာ ထုတ်ကုန်သစ်၊ နည်းပညာသစ်နှင့် ဝန်ဆောင်မှုသစ် ၂,၀၀၀ ခန့် ပြသခဲ့ပြီး စုစုပေါင်းဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သဝဏ်လွှာပေးပို့ရာတွင် ကုန်စည်ပြပွဲအနေဖြင့် နိုင်ငံတကာ ပြည်သူ့ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သလို ပွင့်လင်းသော ကမ္ဘာ့စီးပွားရေး အဆင်ပြေချောမွေ့စေလျက် နှစ်ဦးနှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုမှ ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ခွင့်ပြုလျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)
………………………………
(English Version)
China sends strong opening-up signals at post-COVID import expo
SHANGHAI, Nov. 5 (Xinhua) — China has made fresh pledges on increasing imports and easing market access for foreign investors among a raft of opening up measures, as the sixth China International Import Expo (CIIE) opened here Sunday.
Making its first complete return to in-person exhibitions since the onset of COVID-19, the annual expo again put the spotlight on China’s dedication to high-standard opening up and shared development in a global economy confronted by myriad challenges.
This year’s CIIE has attracted participants and guests from 154 countries, regions and international organizations. Over 3,400 exhibitors and nearly 410,000 professional visitors have registered for the event.
The world’s first import-themed national-level expo, the CIIE was personally planned, proposed, deployed and promoted by Chinese President Xi Jinping, for the very purpose of expanding China’s opening up and turning the enormous market into great opportunities for the world.
In the previous five editions, 131 countries and international organizations participated in country exhibitions, with about 2,000 new products, technologies and services making their debuts, and a total intended turnover of nearly 350 billion U.S. dollars.
In his letter to the expo, President Xi expressed hope that the expo will play a greater role in providing shared international public goods and services that facilitate an open world economy and allow the world to benefit from win-win cooperation.
Photo 1: This photo taken on Nov. 3, 2023 shows the south square of the National Exhibition and Convention Center (Shanghai), the main venue for the 6th China International Import Expo (CIIE), in east China’s Shanghai. (Xinhua/Liu Ying)
Photo 2: This photo taken on Nov. 3, 2023 shows a night view of Shanghai, east China. (Xinhua/Jin Liwang)