Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်သမ္မတ ဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် APEC အစည်းအဝေး တက်ရောက်ရန် ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိလာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ လေယာဉ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ထိပ်သီးအစည်းအဝေး ကျင်းပရန်နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

သမ္မတ ရှီအား ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန်နှင့် အခြား အမေရိကန်မှ ကိုယ်စားလှယ်များက ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးမည့် သမ္မတ ရှီ၏ ယခုခရီးစဉ်သည် လွန်ခဲ့သောတစ်နှစ်အကြာက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် မျက်နှာချင်းဆိုင် တွေ့ဆုံပြီးနောက် ပထမဆုံးဖြစ်သည်။ ၎င်းတို့၏ ဘာလီအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦးတို့သည် အရေးပါသော ဘုံနားလည်မှုများစွာ ရရှိခဲ့ကြသည်။

ရှုပ်ထွေးလှသော နိုင်ငံတကာအခင်းအကျင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသလို တရုတ်-အမေရိကန် ဆက်ဆံရေးကလည်း အရေးကြီးသည့် လမ်းဆုံလမ်းခွပေါ်၌ ရောက်ရှိနေချိန်တွင် အမေရိကန်နိုင်ငံသို့ လာရောက်သည့် ရှီ၏ ခရီးစဉ်က ကမ္ဘာကြီး၏ စိတ်ဝင်စားမှုအာရုံကို ဆွဲဆောင်ထားခဲ့သည်။

ယခုနှစ် APEC အစည်းအဝေးသည် “အားလုံးအတွက် ကြံ့ကြံ့ခံ၍ ရေရှည်တည်တံ့သော အနာဂတ်ကို ဖန်တီးခြင်း” ဟူ၍ ခေါင်းစဉ်ပေးထားသည်။ ကမ္ဘာကြီးသည် ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာခြင်း၊ သုံးစွဲမှုမြင့်မားလာခြင်းနှင့် ငွေကြေးပံ့ပိုးမှု ရည်မှန်းထားနိုင်ခြင်း စသည်တို့မှ အခွင့်အလမ်းများ မြင့်တက်လာသော်ငြားလည်း ငွေကြေးဖောင်းပွခြင်း၊ ကြွေးမြီ၊ ရာသီဥတုပြောင်းလဲခြင်း၊ ပထဝီစီးပွားရေး အစိတ်စိတ်အမြွှာအမြွှာကွဲခြင်း၊ ကုန်သွယ်မှုကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ပထဝီနိုင်ငံရေး ကိစ္စရပ်များမှ အကျဘက် အန္တရာယ်များကိုလည်း ရင်ဆိုင်နေရကြောင်း နိုဝင်ဘာ ၁၂ ရက်၌ ထုတ်ပြန်သော APEC ဒေသဆိုင်ရာ ပြောင်းလဲမှု လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာအရ သိရသည်။

ယမန်နှစ် APEC အစည်းအဝေးကို ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ကျင်းပခဲ့ပြီး သမ္မတ ရှီက အာရှ-အစိဖိတ် အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ လေယာဉ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ လေယာဉ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ လေယာဉ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ လေယာဉ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ဆိုက်ရောက်လာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ကြိုဆိုနှုတ်ဆက်နေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Xi arrives in San Francisco for talks with Biden, APEC meeting

SAN FRANCISCO, Nov. 14 (Xinhua) — Chinese President Xi Jinping on Tuesday arrived in San Francisco for a summit with U.S. President Joe Biden, and to attend the Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting.
He was received by California Governor Gavin Newsom, U.S. Treasury Secretary Janet Yellen and other U.S. representatives at San Francisco International Airport.
Xi’s upcoming talks with Biden are the first meeting between the two heads of state since their vis-a-vis sit-down in Bali, Indonesia, a year ago. During their Bali talks, the two leaders reached a series of important common understandings.
In the face of complex international landscapes and at a time when China-U.S. relations are at a critical crossroads, Xi’s trip to the United States has drawn worldwide attention.
This year’s APEC meetings are themed “Creating a Resilient and Sustainable Future for All.” APEC as a whole faces downside risks from inflation, debt, climate change, geoeconomic fragmentation, trade protectionism and geopolitical issues in spite of upside opportunities from tourism rebound, increased consumption and targeted fiscal support, according to the APEC Regional Trends Analysis report published on Sunday.
At last year’s AEPC gathering in the Thai capital of Bangkok, Xi called for building an Asia-Pacific community with a shared future.
Photo 1-5: Chinese President Xi Jinping’s plane arrives in San Francisco, the United States, Nov. 14, 2023. (Xinhua/Yao Dawei)
Photo 6: People welcome Chinese President Xi Jinping in San Francisco, the United States, Nov. 14, 2023. Xi on Tuesday arrived in San Francisco for a summit with U.S. President Joe Biden, and to attend the Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting. (Xinhua/Liu Jie)