Connect with us

Africa & Middle East

၅ ရက်ကြာ အပစ်အခတ်ရပ်စဲမှုအတွက် ဂါဇာဒေသရှိ ဓားစာခံ ၅၀ ဦး လွှတ်ပေးရန် အသင့်ရှိဟု ဟားမက်စ်ပြော

ဂါဇာ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်ဖွဲ့က ၎င်းတို့အနေဖြင့် ဂါဇာတွင် ထိန်းသိမ်းထားသော ဓားစာခံ အမျိုးသမီးနှင့် ကလေး ၅၀ ဦးကို ငါးရက်ကြာ အပစ်အခတ်ရပ်စဲမှုနှင့် လဲလှယ်ရန် အသင့်ရှိသည်ဟု ကြားဝင်စေ့စပ်ပေးသူများကို အသိပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က ပြောခဲ့သည်။
“အစ္စရေး ဓားစာခံတွေကို ပါလက်စတိုင်း ကလေးငယ် ၂၀၀ ဦး၊ အမျိုးသမီး ၇၅ ဦးတို့နဲ့ လဲလှယ်လွှတ်ပေးရေးအတွက် ကာတာ ကြားဝင်စေ့စပ်ပေးသူတွေက ကြိုးပမ်းအားထုတ်မှုတွေ ဆောင်ရွက်နေပါတယ်” ဟု Al-Qassam တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abu Ubaida က တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲမှုက စစ်မက်တိုက်ခိုက်မှုများကို ရပ်နားထားခြင်းနှင့် ဂါဇာရှိ ပြည်သူများအတွက် အကူအညီ ဝင်ရောက်ခြင်းအတွက် အခိုင်အမာဆောင်ရွက်သင့်ကြောင်း ၎င်းက အလေးထားပြောခဲ့သည်။ အစ္စရေး၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင် တိုက်ခိုက်မှုများက ဂါဇာဒေသရှိ ဟားမက်စ်နှင့် အခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များမှ ထိန်းသိမ်းထားသူများ၏ အသက်များကို ခြိမ်းခြောက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အစ္စရေးစစ်ဆင်ရေးများသည် အောက်တိုဘာ ၇ ရက်က ဟားမက်စ်ဦးဆောင်သော တိုက်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အစ္စရေးတွင် လူဦးရေ ၁,၂၀၀ ခန့် သေဆုံးခဲ့ကြောင်းနှင့် ဓားစာခံ ၂၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးဘက်မှ အချက်အလက်များအရ သိရသည်။ (Xinhua)

…………………………..
(English Version)
Hamas says ready to release 50 hostages in Gaza for 5-day cease-fire

GAZA, Nov. 13 (Xinhua) — Al-Qassam Brigades, the military wing of Hamas, said on Monday that it has informed mediators of its readiness to release 50 women and children hostages held in Gaza in exchange for a 5-day cease-fire.
Abu Ubaida, the spokesperson for Al-Qassam Brigades, said in a message on its Telegram channel that “Qatari mediators have made efforts to release Israeli detainees in exchange for releasing 200 Palestinian children and 75 women.”
He stressed that the cease-fire should ensure a halt to hostilities and allow aid entry to people in the enclave.
He emphasized that the continued Israeli ground, naval, and aerial aggression threatens the lives of the detainees held by them and by other armed Palestinian factions in Gaza.
The Israeli military operations came in retaliation for the Hamas-led attacks on Oct. 7, in which about 1,200 people were killed in Israel and about 240 hostages were taken, according to Israeli figures.