Connect with us

Media

တရုတ်နိုင်ငံက စိန်ရန်နှင့် ချီကာဂိုအား ချိတ်ဆက်ထားသည့် လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသစ် စတင်ဖွင့်လှစ်

စိန်ရန်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော်စိန်ရန်နှင့် အမေရိကန်နိုင်ငံ ချီကာဂိုမြို့တို့အား ချိတ်ဆက်ထားသည့် e-commerce လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသစ်အား နိုဝင်ဘာ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Air China Cargo ကုမ္ပဏီက ပြေးဆွဲသည့် ပထမဆုံးလေယာဉ်သည် စုစုပေါင်းတန်ဖိုး ယွမ် ၃၄ သန်းခန့် (အမေရိကန်ဒေါ်လာ ၄.၆၇ သန်းခန့်) ရှိသည့် အဝတ်အထည် ၊ ရှူးဖိနပ် ၊ ဦးထုပ်နှင့် အီလက်ထရောနစ်အပိုပစ္စည်းများကဲ့သို့သော ကုန်ပစ္စည်း တန်ချိန် ၁၀၃ တန်အား သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
China launches new air cargo route linking Shenyang, Chicago
An e-commerce air cargo route linking Shenyang, capital of northeast China’s Liaoning Province, and Chicago of the United States was opened Monday.
Operated by Air China Cargo Co., Ltd., the first plane has been loaded with 103 tonnes of products such as clothes, shoes, hats, and electronic accessories, with a total value of about 34 million yuan (about 4.67 million U.S. dollars).
Xinhua News Agency correspondents reporting from Shenyang, China.(XHTV)