Connect with us

North America

APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ရေရှည်တည်တံ့သောအနာဂတ် ဦးတည်ချက်ဖြင့် ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပလျက်ရှိ

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ရှိ APEC 2023 နိုင်ငံတကာမီဒီယာစင်တာတွင်း ပိုစတာအနီးဖြတ်သန်းသွားလာနေသော သတင်းထောက်တစ်ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၃၀ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို ပိုမိုကွန်ရက်ချိတ်ဆက်မှုရှိသော၊ ဆန်းသစ်မှုရှိသော၊ အားလုံပါဝင်မှုရှိသော APEC ဒေသတစ်ခု တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ နိုဝင်ဘာ ၁၆ ရက်မှစ၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုအစည်းအဝေးကို ဆန်ဖရန်စစ္စကိုမြို့လယ်ရှိ Moscone စင်တာတွင် ကျင်းပခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ကမ္ဘာကြီးက အခုဘယ်လိုအကြောင်းအရာကို ဆုံးဖြတ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အရေးကြီးတဲ့အပြောင်းအလဲအချိန်မှာ ရောက်ရှိနေပါတယ်။ နိုင်ငံအနည်းငယ်အတွက်ပဲ မဟုတ်ပါဘူး။ လာမယ့် ဆယ်စုနှစ်များစွာ အကျိုးဆက်အတွက်ပါ” ဟု ဘိုင်ဒန်က အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောခဲ့သည်။
“ကျွန်တော်တို့မလုပ်ဘူးဆိုရင် ဖြစ်ပေါ်လာမယ့် လက္ခဏာတွေကို နိုင်ငံတိုင်းက မြင်နေရတယ်” ဟု မိုးခေါင်ခြင်းများ၊ ရေကြီးရေလျှံခြင်းများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း၊ အပူချိန် မြင့်မားလာခြင်းနှင့် မမျှော်မှန်းနိုင်သော ရာသီဥတုပုံစံများ ပိုမိုများပြားလာခြင်းကို ရည်ညွှန်းလျက် ဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှုပမာဏအများဆုံးအတွက် တာဝန်ရှိတဲ့အလျောက် ပြောင်းလဲဖို့ လိုအပ်နေဆဲဖြစ်သလို ဒါကိုဖြေရှင်းဖို့ တာဝန်ယူမှုရှိရပါမယ်” ဟု ဘိုင်ဒန်က မှတ်ချက်ပြုခဲ့သည်။
အတူတကွ လုပ်ဆောင်ခြင်းဖြင့်သာလျှင် နိုင်ငံအနေအနေဖြင့် စစ်မှန်သည့် တိုးတက်မှုများ စွမ်းဆောင်နိုင်မည် ဖြစ်သလို ကမ္ဘာကြီးပူနွေးမှု ကန့်သတ်ချက် ပန်းတိုင်ကိုလည်း ရောက်ရှိနိုင်မည်ဟု ဘိုင်ဒန်က ဆိုသည်။
ထို့ပြင် ယခုနှစ်သည် ကမ္ဘာကြီးက “ပဲရစ်သဘောတူညီချက်အရ ကျွန်တော်တို့ကတိပြုထားတဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်ဝင်ရေး” ဟူသော ရာသီဥတုဆိုင်ရာ ငွေကြေးကတိကဝတ် ပြည့်မီရေးလမ်းကြောင်းပေါ် ရောက်ရှိနေကြောင်း ဘိုင်ဒန်က ပြောခဲ့သည်။

ပဲရစ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာ့ ချမ်းသာသောနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဆောင်ရွက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၌ ရင်းနှီးမြှုပ်နှံရေးနှင့် ကာဗွန်လျှော့ချရေး တိုးတက်မှု ရရှိရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီရန် နှစ်စဉ် ရာသီဥတုဆိုင်ရာငွေကြေး အနည်းဆုံး ဒေါ်လာ ဘီလီယံ ၁၀၀ စုဆောင်းရန် ကတိပြုထားကြခြင်းဖြစ်သည်။ (Xinhua)

…………………………….

(English Version)
APEC Economic Leaders’ Meeting kicks off in San Francisco with focus on sustainable future
SAN FRANCISCO, Nov. 16 (Xinhua) — The 30th Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting kicked off in San Francisco, the United States, on Thursday with an aim to build a more interconnected, innovative, and inclusive APEC region.
The meeting, held in Moscone Center in downtown San Francisco, was chaired by U.S. President Joe Biden.
“Our world stands at an inflection point where the decisions we make now are going to determine the course of the world, not just a few of our countries, for the next several decades of consequence,” Biden said in his opening remarks.
“Every economy has seen signs of what is to come if we don’t act,” he said, citing droughts, floods, seas rising, temperatures rising and more unpredictable weather patterns.
“We’re responsible for the largest share of global emissions, so we must also bear responsibility for the solutions while we still have time to change course,” Biden noted.
Only by working together, can countries make real progress and meet the goal of limiting global warming to 1.5 degrees Celsius, Biden said.
This year, the world is on track to meet the climate finance pledge “that we made under the Paris Agreement of 100 billion U.S. dollars collectively,” Biden said.
As part of the Paris Agreement, the world’s wealthier countries reaffirmed their commitment to mobilize at least 100 billion dollars of climate financing annually to help developing countries to adapt to climate change, invest in renewable energies and achieve low-carbon development. But getting there is a work in progress.
Photo: A journalist walks past a poster at the APEC 2023 International Media Center in San Francisco, the United States, on Nov. 14, 2023. (Xinhua/Li Rui)