Connect with us

Media

ရှင်းကျန်းဒေသ၏ တပ်ဆင်စွမ်းအင်သစ်ပမာဏက ကီလိုဝပ် သန်း ၆၀ ကျော်ရှိလာ

ဝူးလူမုချီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တပ်ဆင်ထားသည့် စွမ်းအင်သစ်ပမာဏ စုစုပေါင်းက နိုဝင်ဘာ ၄ ရက်အထိ ကီလိုဝပ် ၆၀.၃၈၃ သန်း ရှိလာခဲ့ကြောင်း State Grid Xinjiang Electric Power ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

ဒေသ၏ တပ်ဆင်ထားသည့် စွမ်းအင်သစ်ပမာဏတွင် လေစွမ်းအင် ကီလိုဝပ် ၃၁.၃၃၅ သန်းနှင့် နေရောင်ခြည်စွမ်းအင် ကီလိုဝပ် ၂၉.၀၄၈ သန်းတို့ ပါဝင်ကြောင်း သိရသည်။
လေနှင့်နေရောင်ခြည်စွမ်းအင်အရင်းအမြစ် ပေါကြွယ်ဝသည့် ရှင်းကျန်းဒေသသည် စွမ်းအင်သစ် ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ နိုင်ငံအတွင်းရှိ ဦးဆောင်ဒေသများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Xinjiang’s installed new energy capacity surpasses 60 mln kilowatts
The total installed capacity of new energy in northwest China’s Xinjiang Uygur Autonomous Region had reached 60.383 million kilowatts as of Nov. 4, according to State Grid Xinjiang Electric Power Co., Ltd.
The region’s installed new energy capacity includes 31.335 million kilowatts of wind power and 29.048 million kilowatts of photovoltaic power.
Rich in wind and solar power resources, Xinjiang is one of the leading regions in the country in terms of new energy development.
Xinhua News Agency correspondents reporting from Urumqi, China.(XHTV)