Connect with us

Africa & Middle East

ယီမင်ပြည်တွင်းစစ်အတွင်း သေဆုံးသူ အရေအတွက်သည် ယခုနှစ်ကုန်တွင် ၃၇၀,၀၀၀ ကျော် ရှိလာမည်ဟု ကုလသမဂ္ဂ အစီရင်ခံစာထုတ်ပြန်

ပေကျင်း၊နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ယခုနှစ်ကုန်တွင် ယီမင်နိုင်ငံ၌ ၇ နှစ်ကြာပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေ ၃၇၇,၀၀၀ အထိရှိလာမည်ဖြစ်ကြောင်း၊ယီမင်သည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခနှင့် ကြုံတွေ့နေရပြီး အခြေအနေ ဆက်လက်ဆိုးရွားနေဆဲဖြစ်မည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၀ ရက်က ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်းမြို့၌ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားစဉ် (ဆင်ဟွာ )

၉ မိနစ်တိုင်းတွင် အသက် ၅ နှစ်အောက်အရွယ်ကလေးတစ်ဦး သေဆုံး

အစီရင်ခံစာအရ လူပေါင်း ၃၇၇,၀၀၀ ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် စစ်ပွဲ၏ သွယ်ဝိုက် သောသက်ရောက်မှုများဖြစ်သည့် သန့်ရှင်းလုံခြုံသောသောက်သုံးရေ၊စားနပ်ရိက္ခာ ပြတ်လတ်ခြင်း သို့မဟုတ် ရောဂါများ ကြောင့် သေဆုံးခဲ့ကြရပြီး လူပေါင်း ၁၅၀,၀၀၀ ကျော်သည် စစ်ပွဲကြောင့် သေဆုံးခဲ့သည်။

စစ်ပွဲ၏ သွယ်ဝိုက် သက်ရောက်မှုကြောင့် သေဆုံးမှုအများစုသည် ကလေးငယ်များဖြစ်ကြပြီး ၂၀၂၁ ခုနှစ်တွင် ယီမင်၌ ၉ မိနစ်တိုင်း တွင် ၅ နှစ်အောက်အရွယ်ကလေးတစ်ဦး ပဋိပက္ခကြောင့် သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်က ယီမင်နိုင်ငံ မြို့တော် နှင့် အရေးပါသော ဆိပ်ကမ်းမြို့ ကိုဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီး မြင်ကွင်းကို တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့များက မြို့တော်ဆာနာကို သိမ်းပိုက်ပြီးနောက် ယီမင်တောင်ပိုင်းကို သိမ်းပိုက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျနှင့် အခြားနိုင်ငံများသည် ယီမင်စစ်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့ပြီး ယနေ့တိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပြည်တွင်းစစ်သည် ယီမင်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် “ကပ်ဆိုးကြီး” သဖွယ်သက်ရောက်ခဲ့ရာ ယခင်ကတည်းက ဆင်းရဲနွမ်းပါးသော အရှေ့အလယ်ပိုင်းနိုင်ငံကို အနှစ် ၂၀ ကြာ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆုတ်စေခဲ့သည်။ ယီမင်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေပါက ၂၀၃၀ ပြည့်နှစ်တွင် လူပေါင်း ၁ ဒသမ ၃ သန်း အထိ သေဆုံးမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ အစီရင်ခံစာအရ သိရသည်။

လူပေါင်း ၄၀ က တဲတစ်ခုထဲတွင် ပြွတ်သိပ်ပြီးနေထိုင်ရ

မကြာသေးမီလများအတွင်း ယီမင်အစိုးရတပ်ဖွဲ့များနှင့် ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် မြောက်ပိုင်း Marib ပြည်နယ်အတွက် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ တပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ပွဲကြောင့် ဒေသတွင်း အခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အရပ်သားအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ စက်တင်ဘာလမှစတင်၍ Marib ပြည်နယ်တွင် လူပေါင်း ၄၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောကြားခဲ့သည်။

Marib ပြည်နယ်ရှိ ဒုက္ခသည်စခန်း ၁၃၇ ခုတွင် စစ်ပြေးရှောင်ပြည်သူ ဦးရေ ၉ ဆနီးပါး တိုးလာကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့မှ နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းအဖွဲ့အစည်း၏ယီမင်မစ်ရှင်အဖွဲ့ခေါင်းဆောင် Krista Rotensteiner က “တစ်ခါတလေ လူ ၄၀ လောက် တဲလေးတစ်ခုမှာ ပြွတ်သိပ်ပြီးနေရတာ ကိုမြင်ရတယ်၊လွန်ခဲ့တဲ့နှစ်လက Marib ပြည်နယ်မှာ မြင်တွေ့ရတဲ့ အခက်အခဲတွေက လွန်ခတဲ့ ၂ နှစ်က ထက်ပိုပြီး အခြေအနေ ဆိုးဝါးတယ်” ဟု ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ Marib ပြည်နယ်ရှိ အရပ်သားများနှင့် စစ်ဘေးရှောင် ပြည်သူ ၁ သန်းကျော် တို့၏ လုံခြုံရေးကို စိုးရိမ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နိုဝင်ဘာ ၂၃ ရကတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး

ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီဆိပ်ကမ်းမြို့ Hodeidah တောင်ဘက်ရှိ နယ်မြေအများအပြားကို ယခုလအတွင်း သိမ်းပိုက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ယီမင်အစိုးရနှင့် ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် Hudaydah အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က နိုဝင်ဘာ ၂၃ ရက်တွင် ယီမင်နိုင်ငံ၏ အခြေအနေသည် ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်ဟု ထုတ်ပြန်သည်။ယီမင်နိုင်ငံသား သန်းပေါင်းများစွာသည် စစ်ပွဲနှင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေကြရပြီး ၎င်းတို့ဆက်လက်နေထိုင်ရန် ခက်ခဲကြောင်း၊ယီမင် လူဦးရေ သန်း ၃၀ တွင် ၈၀ ရာခိုင်နှုန်းခန့်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး ယီမင်၏စီးပွားရေးသည် ပြိုလဲလုနီးဖြစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယီမင်သည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘေးဒုက္ခနှင့် ရင်ဆိုင်နေရပြီး အခြေအနေမှာ ဆက်လက်ဆိုးရွားနေဆဲ ဖြစ်သည် ဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

…………………………………………
(Chinese Version)

联合国报告:死于也门内战人数年底将超过37万

图片轮播

新华社北京11月24日电 联合国开发计划署23日发布的报告显示,到今年年底,死于也门7年内战的人数将达到37.7万人。 这一机构说,也门正经历全球最严重的人道主义灾难,且形势将继续恶化。

每9分钟有一名5岁以下儿童死亡

根据报告,37.7万人中,近六成死于战争带来的间接影响,比如缺少安全饮用水、饥饿或疾病,战事直接致死人数超过15万。

间接致死人口中,绝大多数是儿童。 “2021年,每9分钟就有一个5岁以下也门儿童因冲突死亡。”

2014年9月,也门胡塞武装夺取首都萨那,后又占领也门南部地区。 2015年3月,沙特阿拉伯等国介入也门战事,冲突持续至今。

联合国开发计划署报告说,内战给也门发展造成“灾难性影响”,使这个本就不富裕的中东国家发展倒退20年。 报告警告,如果也门战乱持续,到2030年,将有总计130万人丧生。

40人挤一个帐篷

近几个月来,也门政府军和胡塞武装为争夺北部马里卜省发生多次激烈交火,数以千计双方战斗人员死亡。

战争严重损毁当地基础设施,大量平民流离失所。 联合国难民事务高级专员公署说,9月以来,已有大约4万人被迫逃离马里卜省。

国际移民组织24日发表声明说,9月以来,马里卜省137处流离失所者安置点人数增加了近9倍。 这一组织也门特派团团长克丽斯塔•罗滕斯泰纳说:“我们现在看到的是,有时候,多达40人被迫挤在一个小帐篷里。”

“过去两个月,我们在马里卜目睹的绝望困境,比过去两年还要多。”罗滕斯泰纳说。

联合国难民事务高级专员公署23日发表声明说:“严重关切也门马里卜省平民的安全,包括估计超过100万的流离失所者。”

最严重人道主义灾难

胡塞武装本月夺取红海港口城市荷台达南部大片地区。 2018年12月,也门政府和胡塞武装曾就荷台达停火达成协议。

联合国开发计划署23日发布的报告说,在这一机构看来,也门局势继续恶化。 数以百万计也门人继续承受战争和贫穷之苦,生活难以为继;大约3000万也门人口中,超过80%需要人道主义援助,“也门经济濒临崩溃”。

报告说:“也门面临全球最严重、规模最大的人道主义和发展灾难,并且局面将继续恶化。”(刘秀玲)