Connect with us

Africa & Middle East

ယူကရိန်း တင်းမာမှုများ ဖြစ်နေချိန်တွင် ရုရှားနိုင်ငံက ဘောလ်တစ်ပင်လယ်၌ အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ယူကရိန်း တင်းမာမှုများ ဖြစ်နေချိန်တွင် ရုရှားနိုင်ငံက ဘောလ်တစ်ပင်လယ်၌ အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်

မော်စကို ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

ရုရှားစစ်သင်္ဘော နှင့် ထောက်ပို့ရေယာဉ် စုစုပေါင်း အစီး ၂၀ သည် လေ့ကျင့်မှုများ ပြုလုပ်ရန် ဘောလ်တစ်ပင်လယ်၏ သတ်မှတ်ထားသည့် ဧရိယာများသို့ ဝင်ရောက်လာခဲ့ကြောင်း ရုရှားနိုင်ငံ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

နည်းဗျူဟာမြောက်အုပ်စုအများအပြားဖြင့် ဖွဲ့စည်းထားသည့် ရုရှားဘောလ်တစ်ရေတပ်သင်္ဘောအုပ်စုမှ သင်္ဘောများသည် ရေငုတ်သင်္ဘော တိုက်ဖျက်ရေး ၊ လေကြောင်းရန်ကာကွယ်ရေး နှင့် မိုင်းဗုံးရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ယူကရိန်းနိုင်ငံအတွင်း နှင့် ပတ်ဝန်းကျင်တွင် တင်းမာမှုများ မြင့်တက်လာသောကြောင့် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO)က တပ်ဖွဲ့ဝင်များအား အသင့်အနေအထား ထားရှိပြီး အရှေ့ဥရောပသို့ သင်္ဘောများ နှင့် တိုက်လေယာဉ်များ ထပ်တိုးစေလွှတ်နေသည့် အချိန်အတွင်းမှာပင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ ရက် အစောပိုင်းတွင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားစစ်တပ်အတွက် အရှေ့ဥရောပတွင် NATO စစ်ရေးလှုပ်ရှားမှုများ တိုးလာခြင်းအား မသိကျိုးကျွန်ပြု လျစ်လျူရှုရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(English Version)
Russia conducts large-scale drills in Baltic Sea amid Ukraine tensions
MOSCOW, Jan. 24 (Xinhua) — A total of 20 Russian warships and supporting vessels have entered the designated areas of the Baltic Sea to conduct exercises, Russia’s Western Military District said in a statement on Monday.
The ships from the Russian Baltic Fleet, forming several tactical groups, will carry out anti-submarine, air defense and mine-sweeping tasks, the statement said.
The drills are being held at a time when the North Atlantic Treaty Organization (NATO) is putting forces on standby and sending additional ships and fighter jets to Eastern Europe as tensions in and around Ukraine have escalated.
Earlier on Monday, Kremlin spokesman Dmitry Peskov said that it is impossible for the Russian military to ignore an increase in NATO military activities in Eastern Europe. ■
Photo – Screengrab of footage released by the Russian Defense Ministry’s Zvezda broadcasting service on Jan. 24, 2022 shows Russian warships sailing towards areas of drills in the Baltic Sea.