Connect with us

International Organizations

COP26 ညီလာခံတွင် ရာသီဉတုနှင့်ပတ်သက်၍ ကမ္ဘာလုံး ဆိုင်ရာသဘောတူညီချက်သစ်နှင့်အတူ ပြီးဆုံး

ယူနိုက်တက်ကင်းဒမ်း ၊ စကော့တလန်နိုင်ငံ ဂလက်စကိုမြို့၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ တွင်ကျင်းပသော ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ညီလာခံ(COP26) မြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ဂလက်စကို ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသည် သတ်မှတ်ရက်ထက် တစ်ရက်ကြာ အချိန်တိုးမြှင့်ကျင်းပခဲ့ပြီးနောက် ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်သစ်တစ်ခုအား ညှိနှိုင်းဆွေးနွေးသူများက သဘောတူညီမှုရရှိခဲ့ခြင်းနှင့်အတူ စနေနေ့က ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

ယူနိုက်တက်ကင်းဒမ်း ၊ စကော့တလန်နိုင်ငံ ဂလက်စကိုမြို့၌ ၂၀၂၁ ခုနှစ်အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်သော ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ညီလာခံ(COP26) ၏ မြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

ယူနိုက်တက်ကင်းဒမ်း ၊ စကော့တလန်နိုင်ငံ ဂလက်စကိုမြို့၌ ၂၀၂၁ ခုနှစ်အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်သော ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ညီလာခံ(COP26) တွင် ရုပ်သံရိုက်ကူးနေသူတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

“၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ” (COP26) ညီလာခံ အဆုံးသတ်ပိုင်းတွင် တက်ရောက်လာကြသည့် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးမှ ကိုယ်စားလှယ်များက ဂလက်စကိုရာသီဥတုသဘောတူညီချက် (Glasgow Climate Pact) ကို သဘောတူပြဌာန်းနိုင်ခဲ့ပြီး
တိုးတက်မှုအချို့ကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ ပဲရစ်သဘောတူညီချက်၏ ပုဒ်မ ၆ ကို နောက်ဆုံးတွင် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ရာ ယင်းမှာ ကာဗွန်ဈေးကွက်ယန္တရားများ ၊ ဈေးကွက်အခြေပြုချဉ်းကပ်မှုပုံစံများဖြင့် ကာဗွန်လျှော့ချရေးလုပ်ဆောင်ရန် ပဲရစ်သဘောတူညီချက်၏ ထိရောက်သောအကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် လမ်းခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပါဝင်ညှိနှိုင်းဆွေးနွေးသူများက လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပိုင်းတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လွှတ်မှုအတွက် အရေးပါသော အရင်းအမြစ် ဖြစ်သည့် ကျောက်မီးသွေး အသုံးပြုမှု လျှော့ချရေးကို သဘောတူညီခဲ့ကြကြောင်းလည်း သိရသည်။ ယင်းမှာ COP သဘောတူညီမှုတစ်ခုတွင် ရုပ်ကြွင်းလောင်စာများ၏ ပထမဆုံးတိကျသော စကားရပ်ဖြင့်ထောက်ပြမှုဖြစ်သည်။

COP26 ညီလာခံအတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က ၂၀၃၀ အရောက်တွင် သစ်တောပြုန်းတီးမှု အဆုံးသတ်ရန် ကတိကဝတ်ပြုခဲ့ကြသည်။ ညီလာခံနောက်ဆုံးနေ့တွင် တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုခြင်းခံရသော နှင့် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းဆောင်ရွက်ချက်များဖြစ်စေရန် အားလုံးက ယုံကြည်မှုရရှိခဲ့သော ၂၀၂၀ ပြည့်လွန်နှစ်အတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ခြင်း ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့သည်။

နှစ်နိုင်ငံအကြား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ၊ ထို့ပြင် ဘက်စုံတိုးတက်မှု ဖြစ်ထွန်းရေးဆောင်ရွက်ရန် ယခုဆယ်စုနှစ်တွင် ရာသီဥတုအရေးယူဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းတည်ထောင်ရေးအတွက် သဘောတူညီမှုတစ်ခုရရှိ ခဲ့သည်။

COP26 သဘောတူညီချက်ကို ပြဌာန်းနိုင်ခဲ့သော်လည်း ရာသီဥတုဆိုင်ရာ ရံပုံငွေထည့်ဝင်မှု ကဲ့သို့သော အချို့ဖြေရှင်းရန် ခက်ခဲသည့် အရေးကိစ္စရပ်များ မသေချာမရေရာမှုဖြင့် ကျန်ရှိနေဆဲဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးပေးနိုင်ရန် အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်အရောက်တွင် ၎င်းတို့ထည့်ဝင်နေသော ရံပုံငွေကို နှစ်ဆတိုး ထည့်ဝင်ရေး တိုက်တွန်းမှုဖြစ်သည့် လိုက်လျောညီထွေရံပုံငွေထည့်ဝင်ခြင်းတွင် ဘဏ္ဍာငွေပံ့ပိုးမှုတိုးမြှင့်ရေးကို အရေးတကြီးဆောင်ရွက်ရန် ကတိကဝတ်များရှိခဲ့ကြသည်။

သို့သော်လည်း မျက်မှောက်ခေတ် ရာသီဥတုပြောင်းလဲမှု အများစုအတွက် တာဝန်ရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် အချိန်ဇယားသတ်မှတ်ရေးကို လုပ်ဆောင်သွားရန် ကျန်ရှိနေဆဲဖြစ်သည်။

၂၀၀၉ ခုနှစ်က ချမ်းသာကြွယ်ဝသောနိုင်ငံများသည် ၂၀၂၀ ပြည့်နှစ် အရောက်တွင် ဝင်ငွေနိုမ့်ပါးနိုင်ငံများအား ကူညီရန် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်ဝင်သွားရန် ကတိပြုခဲ့ကြသည်။ သို့သော်လည်း ကတိကဝတ်များကို ၎င်းတို့က ကောင်းစွာ ဖော်ဆောင်ခြင်းမရှိသေးဘဲ ယင်းရည်မှန်းချက်ပန်းတိုင်မှာ ၂၀၂၃ ခုနှစ်အထိ ရွှေ့သွားနိုင်ဖွယ်ရှိကြောင်း မကြာသေးခင်ကထုတ်ပြန်သော အစီရင်ခံစာများတွင် ညွှန်ပြနေသည်။

COP 26 “၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ညီလာခံ” ကို အောက်တိုဘာ ၃၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော ပဲရစ်သဘောတူညီမှု မူဘောင်အောက်တွင် ငါးနှစ်ကြာပြန်လည်သုံးသပ်ရေးလုပ်ဆောင်ပြီးနောက် ပထမဆုံးကျင်းပသည့် ရာသီဥတုဆိုင်ရာညီလာခံတစ်ခုဖြစ်သည်။၂၀၂၂ ခုနှစ်အတွက် COP27 ညီလာခံကို အီဂျစ်နိုင်ငံ Sharm El Sheikh မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
COP26 concludes with new global deal on climate
GLASGOW, Britain, Nov. 13 (Xinhua) — The United Nations climate change conference concluded here Saturday after a one-day extension, with negotiators agreeing on a new global pact to tackle climate change.
Nearly 200 participating countries adopted the Glasgow Climate Pact at the end of 26th session of the Conference of the Parties (COP26) to the United Nations Framework Convention on Climate Change.
Some encouraging progress was made. Agreement was finally reached on Article 6 of the Paris Agreement, which relates to carbon market mechanisms, paving the way for effective implementation of the Paris deal to cut emissions through market-based approaches.
Negotiators also agreed to phase down coal, the dominant source of carbon dioxide emissions in the process of electricity generation. It is the first explicit mention of fossil fuels in a COP agreement.
During COP26, more than 100 countries have promised to end deforestation by 2030.
In the final days of the conference, China and the United States issued a joint declaration on enhancing actions on climate change in the 2020s, which are widely welcomed and believed to galvanize global collective actions.
The two countries agreed to establish a working group on enhancing climate action this decade to promote cooperation on climate change between the two countries as well as multilateral processes.
As COP26 wrapped up, however, some stubborn issues, notably climate funding, remain uncertain.
There were commitments to significantly increase financial support through the Adaptation Fund as developed countries were urged to double their support to developing countries by 2025.
However, it remains to be seen whether developed countries, whose development is responsible for most of today’s climate change impacts, will heed the set timeframe.
In 2009, wealthy countries pledged 100 billion U.S. dollars a year to help lower-income nations by 2020. However, they still have not made good on the pledge and recent reports indicate that this goal could slip to 2023.
COP26, which kicked off on Oct. 31, is the first climate change conference after the five-year review cycle under the Paris Agreement inked in 2015. The Egyptian city of Sharm El Sheikh will host COP27 in 2022.
Photo- 1 Photo taken on Nov. 9, 2021 shows a view at the 26th session of the Conference of the Parties (COP26) to the United Nations Framework Convention on Climate Change in Glasgow, Scotland, the United Kingdom. (Xinhua/Han Yan)
Photo- 2 Photo taken on Oct. 31, 2021 shows a general view of the opening ceremony for COP26 in Glasgow, Scotland, the United Kingdom. (Xinhua/Han Yan)
Photo- 3 A man films at the opening ceremony for COP26 in Glasgow, Scotland, the United Kingdom on Oct. 31, 2021. (Xinhua/Han Yan)■