Asia
COVAX အစီအစဉ်အား ကူညီပံ့ပိုးခြင်းက ကမ္ဘာ့ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးပညာရှင်များ ဆို
ဒါကာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် ပေကျင်း၏ ကတိကဝတ်အား ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံက COVAX အစီအစဉ်မှတစ်ဆင့် တင်ပို့လာသော တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ၁.၇ သန်းအား ဩဂုတ် ၁၀ ရက် ညပိုင်းက လက်ခံရရှိပြီးနောက် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများအပေါ် အဆိုပါ ပညာရှင်များက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကူညီပံ့ပိုးမှုသည် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိရန်လျာထားသော ပေးပို့မှုသုံးခုအနက် ပထမဆုံးလည်းဖြစ်သည်။
COVID-19 ရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ဆေးများအား ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ခြင်း၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ ဦးဆောင်အခန်းကဏ္ဍ၏ ကြိုးပမ်းအားထုတ်မှုများအား လေးစားမှု ဖော်ပြကြသည့် ကမ္ဘာတစ်ဝန်းမှ ထင်ပေါ်ကျော်ကြားသူများနှင့်အတူ ဘင်္ဂလားဒေ့ရှ် ပညာရှင်များကလည်း ၎င်းတို့၏ မှတ်ချက်များဖြင့် ပါဝင်ချိတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ယခုနှစ်တစ်အတွင်း ကမ္ဘာသို့ COVID-19 ကာကွယ်ဆေး ၂ ဘီလီယံ ပံ့ပိုးပေးသွားမည်ဖြစ်သလို COVAX အစီအစဉ်သို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်မည်ဖြစ်ကြောင်း မကြာသေးခင်က ကတိပြုထားသည်။
ယင်းမှာ ကြီးမားသော ရှေ့ပြေးဆောင်ရွက်ချက်ဖြစ်ပြီး ပြည်သူများအတွက် ကာကွယ်ဆေး ဝယ်ယူရန် မစွမ်းဆောင်နိုင်သည့် ဆင်းရဲနွမ်းပါးသောနိုင်ငံများရှိ ပြည်သူများအနေဖြင့်လည်း များစွာ ကျေးဇူးတင်လိမ့်မည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ အရှေ့တောင်အာရှဒေသ အကြံပေးအရာရှိဟောင်း Muzaherul Huq က ဩဂုတ် ၁၁ ရက်က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ကာကွယ်ဆေးနှစ်မျိုးနဲ့အတူ COVAX မှာ ပါဝင်မှုက ကြီးမားတဲ့ ကူညီပံ့ပိုးမှုဖြစ်ပါလိမ့်မယ်” ဟု ယင်းပညာရှင်က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသများရှိ ပြည်သူများအတွက်လည်း ကာကွယ်ဆေး ပံ့ပိုးပေးထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ကမ္ဘာကြီးက အကျပ်အတည်း ကြုံတွေ့နေရချိန်တွင် ချမ်းသာသောနိုင်ငံအချို့က ကာကွယ်ဆေး အသုံးပြု သံတမန်ပရိယာယ်ကစားနေခိုက် “တရုတ်နိုင်ငံက ဒီအကျပ်အတည်းအတွင် လူ့အသက်ကို ကယ်တင်ဖို့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကူညီလိုခြင်းကို သက်သေပြသလျက်ရှိတယ်” ဟု အဆိုပါ ပညာရှင်က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ ကူးစက်ရောဗေဒ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသန (IEDCR) အင်စတီကျု အကြံပေး M Mushtuq Husain ကလည်း တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ကူညီထောက်ပံ့မှုများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း လက်ရှိလုပ်ဆောင်နေသော လူထုကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် ကြိုးပမ်းအားထုတ်မှုအား အမှန်တကယ် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကာကွယ်ဆေးတိုင်းက ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးပါတယ်။ COVAX အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်အတွက် ကာကွယ်ဆေးတွေ အများကြီး ပေးပို့တဲ့အတွက် ကျွန်တော်တို့ အလွန်ပင် ဝမ်းသာပါတယ်” ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများအား ဝမ်းမြောက်ဝမ်းသာထိုးနှံနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————————————
(English Version)
Contributions to COVAX reflect China’s commitment to global anti-COVID-19 fight: Bangladesh health experts
DHAKA, Aug. 12 (Xinhua) — China’s contributions through the COVAX Facility have reflected Beijing’s commitment to global anti-COVID-19 fight, Bangladesh health experts said.
They expressed appreciation of China’s contributions after Bangladesh Tuesday night received 1.7 million Chinese COVID-19 vaccine doses shipped via the COVAX Facility.
This is the first among three consignments that are scheduled to arrive in Bangladesh from China this week.
With their remarks, the Bangladeshi experts joined the distinguished persons around the world who had expressed admiration to the Chinese leadership’s efforts in promoting international cooperation in the fight against COVID-19 and making vaccines a global public good.
China has recently pledged to provide 2 billion COVID-19 vaccine doses to the world throughout this year and offer 100 million U.S. dollars to COVAX.
Muzaherul Huq, former Southeast Asia Region adviser at the World Health Organization (WHO), said Wednesday this is a great initiative and will be much appreciated by the people of poverty-stricken countries who can not afford to purchase the vaccine for their people.
“The COVAX participation of China with its 2 vaccines will be a great contribution,” said the expert.
Also, he said China has already supplied vaccines to people of many countries and regions around the world.
While some rich countries are playing vaccine diplomacy in a period when the world is in a crisis, “China is proving that they want to help poorer countries in this crisis to save human lives,” said the expert.
M Mushtuq Husain, adviser to the Institute of Epidemiology, Disease Control and Research (IEDCR) under Bangladesh’s Ministry of Health and Family Welfare, said Chinese vaccine contributions would surely boost Bangladeshi efforts in the country’s nationwide ongoing mass inoculation drive.
“Every vaccine is very important for us. We’re very happy that China sent many vaccine doses for Bangladesh through COVAX Facility,” he said.
The Bangladeshi health official said people across Bangladesh are gladly receiving the Chinese COVID-19 vaccine doses. Enditem
Photo : People watch the Chinese blockbuster Cliff Walkers at Australian National University (ANU) in Canberra, Australia, Aug.11, 2021. (Photo by Chu Chen/Xinhua)