Connect with us

မြန်မာ-ENG

COVID-19ရောဂါ ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာလေကြောင်းခရီးစဉ်များအား ဇန်နဝါရီ ၃၁ ရက် အထိ ဆိုင်းငံ့ထား

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကာကွယ်ရေးဝတ်စုံပြည့်ဝတ်ဆင်ထားသော ခရီးသည် ၂ ဦးအား ၂၀၂၀ပြည့်နှစ်၊ မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မှ အသွား၊အပြန် စီးပွားဖြစ်နိုင်ငံတကာလေကြောင်းပျံသန်းခြင်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ ဆိုင်းငံ့ထားကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၀ ရက်တွင်ပြောသည်။

ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် အိန္ဒိယ နိုင်ငံ၏ မြို့ပြလေကြောင်းစောင့်ကြည့်ရေးအဖွဲ့ – မြို့ပြလေကြောင်းညွှန်ကြားမှုဦးစီးဌာန (DGCA) မှ ထုတ်ပြန်ချက်တွင် အဆိုပါ ကန့်သတ်ချက်သည် DGCA မှ အထူးခွင့်ပြုထားသော နိုင်ငံတကာ ကုန်စည်တင်ဆောင်မှုများနှင့် ပျံသန်းမှုများအားလုံးအတွက် သက်ဆိုင်မည်မဟုတ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသော COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံတစ်ဝန်း လုံးလုံးလျားလျား အသွားအလာကန့်သတ်ခြင်း (lockdown) အား မတ်လနှောင်းပိုင်းတွင် ပြဋ္ဌာန်းထားချိန်မှစ၍ စီးပွားဖြစ်လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ပြည်တွင်းလေကြောင်း လိုင်းများအား နှစ်လနီးပါးကြာ ရပ်ဆိုင်းထားပြီးနောက် ပြီးခဲ့သည့်နှစ် မေလ ၂၅ ရက်က လုပ်ငန်းများပြန်လည်စတင်ခဲ့ကြောင်း နိုင်ငံတကာလေကြောင်း ခရီးစဉ်များကိုမူ ဆက်လက် ရပ်ဆိုင်းထားကြောင်း သိရသည်။

သို့သော်လည်း အိန္ဒိယအာဏာပိုင်များသည် ၂၀၂၀ ပြည့်နှစ် မေလကတည်းက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစပြီး ရွေးချယ်ထားသောနိုင်ငံနှင့် ဒေသများနှင့် နှစ်နိုင်ငံ နှစ်နိုင်ငံ ခရီးသွားလာမှု အစီအစဉ်အရ အထူးအပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များကို ပြေးဆွဲခဲ့ကြောင်း သိရသည်။

ခရီးသွားလာမှု သဘောတူညီမှုများအောက်ရှိ နိုင်ငံတကာလေကြောင်းများအားလုံးကိုမူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထိ ဆက်လက်လည်ပတ်ရမည်ဟု DGCA မှ ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

—————————————
(English Version)
Int’l flights to remain suspended in India until Jan. 31 due to COVID-19
NEW DELHI, Dec. 10 (Xinhua) — Commercial international flights to and from India shall remain suspended until Jan. 31 next year, officials said Friday.
According to a circular issued by the country’s civil aviation watchdog – Directorate General of Civil Aviation (DGCA) on Thursday evening, the restriction shall not be applicable for international all-cargo operations and flights specifically approved by DGCA.
Commercial flights were suspended when the country imposed a complete nationwide lockdown late in March last year to contain the spread of the ongoing COVID-19 outbreak.
Domestic flights resumed operations in India on May 25 last year after nearly two months of suspension. International flights continue to remain suspended.
However, Indian authorities have been operating special international flights since May last year and under bilateral “air bubble” arrangements with select countries and regions since July last year.
All international flights under existing bubble agreements shall continue to operate till Jan. 31, 2022, DGCA further said. Enditem