Connect with us

Eastern Europe

မာရီဥပိုလ်မြို့ရှိ Azovstal စက်ရုံးအတွင်း ပိတ်မိနေသူများကို စတင်ကယ်ထုတ်နေပြီဟု ယူကရိန်းသမ္မတပြော

ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီး နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ဧပြီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ကိဗ် ၊ မေ ၂ ရက်(ဆင်ဟွာ)

ရုရှားတပ်ဖွဲ့၏ ဝန်းရံပိတ်ဆို့ခြင်း ခံထားရသည့် ယူကရိန်းနိုင်ငံ မာရီဥပိုလ်မြို့ရှိ Azovstal သံမဏိစက်ရုံးအတွင်း ပိတ်မိနေသူများကို စတင်ကယ်ထုတ်နေပြီဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီးက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။
“ ပထမအသုတ်အနေနဲ့ လူပေါင်း ၁၀၀ ခန့်ဟာ ထိန်းချုပ်နယ်မြေဘက်ကို ဦးတည်သွားနေကြပါပြီ” ဟု ဇယ်လန်းစကီးက တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ကယ်ထုတ်လာသူများသည် ယူကရိန်းနိုင်ငံ တောင်ပိုင်း Zaporizhzhia မြို့ သို့ မေ ၂ ရက်တွင် ရောက်ရှိလာကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မာရီဥပိုလ်မြို့တော်ဝန်၏ အထူးအကြံပေးဖြစ်သူ Petro Andryushchenko က ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသစံတော်ချိန် ညနေ ၄ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၃၀၀ နာရီ) တွင် စတင်ခဲ့ကြောင်း တယ်လီဂရမ်ချန်နယ်၌ အစောပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

သံမဏိစက်ရုံးအတွင်း ပိတ်မိနေသော အရပ်သားများကို ကယ်ထုတ်ရန် ကုလသမဂ္ဂနှင့်အတူ ယူကရိန်းအာဏာပိုင်များက ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ဇယ်လန်းစကီးက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတဇယ်လန်းစကီး နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်တို့ အကြား ဧပြီ ၂၈ ရက်တွင် ဆွေးနွေးညှိနှိုင်းမှုအပြီး ထိုသို့ မာရီဥပိုလ်မြို့၌ ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင်တည်ရှိသည့် အဓိက Azov ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော မာရီဥပိုလ်မြို့သည် ရုရှား နှင့် ယူကရိန်းအကြား ပဋိပက္ခစတင်ဖြစ်ပွားကတည်းက တိုက်ခိုက်မှုအကြီးအကျယ်ဖြစ်ပွားနေသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။(Xinhua)

———————————-
(English Version)

Evacuation from Mariupol’s Azovstal begins: Ukrainian president

KIEV, May 1 (Xinhua) — Ukrainian President Volodymyr Zelensky said on Sunday that an evacuation is underway inside the Azovstal plant in the besieged city of Mariupol.
“The first group of about 100 people is already heading to the controlled area,” Zelensky tweeted.
He said that the evacuees are set to arrive in southern Ukraine’s city of Zaporizhzhia on Monday.
Petro Andryushchenko, an advisor to the mayor of Mariupol said earlier on Telegram that the evacuation began at 4 p.m. local time (1300 GMT).
The Ukrainian authorities are working with the United Nations to evacuate other civilians from the plant, Zelensky said.
The evacuation from Mariupol was the centerpiece of talks between Zelensky and UN Secretary-General Antonio Guterres on Thursday.
Mariupol, a key Azov Sea port city in eastern Ukraine, has seen intense fighting since the Russia-Ukraine conflict started. Enditem

Photo- Ukrainian President Volodymyr Zelensky (R) meets with United Nations Secretary-General Antonio Guterres in Kiev, Ukraine, April 28, 2022.