Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ မီးလောင်မှုကြောင့် လူ ၈ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းပရဝဏ်အတွင်း လူနေရပ်ကွက်တစ်ခု၌ မေ၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းပရဝဏ်အတွင်း လူနေရပ်ကွက်တစ်ခု၌ ယနေ့ မေ ၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါသေဆုံးသွားကြသူများသည် မနီလာမြို့တော် Quezon မြို့စွန်တွင် တည်ရှိသည့် ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းပရဝဏ်အတွင်း မေ ၂ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားစဉ် ၎င်းတို့၏ နေအိမ်ခန်းများအတွင်း ပိတ်မိနေကြသူများဖြစ်ကြောင်း မီးဘေးကြိုတင်ကာကွယ်ရေးဗျူရိုမှ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ DzBB ရေဒီယိုက သတင်းထုတ်လွှင့်ခဲ့သည်။

အဆိုပါ မီးလောင်မှုအတွင်း ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၆ ဦး၏ ရုပ်အလောင်းကို နေအိမ်တစ်လုံးထဲတွင် ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် လူနေအိမ်အလုံးပေါင်း ၈၀ ခန့် လောင်ကျွမ်းပြာကျခဲ့ရကြောင်း နှင့် မိသားစုဝင်ပေါင်း ၂၅၀ ခန့် မီးဘေးသင့်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မီးစက်ကွင်းမှ ထွက်ပြေးလွတ်မြောက်ရန်အတွက် အချို့ဒေသခံများသည် ၎င်းတို့နေအိမ်များအတွင်းမှာ ခုန်ထွက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

မီးငြိှမ်းသတ်ရန် မီးသတ်သမားများက အချိန် ၂ နာရီခန့်ယူခဲ့ရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရသည့် အသေးစိတ် အကြောင်းအချင်းအရာနှင့်ပတ်သက်၍ မီးသတ်ဗျူရိုက တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း နှင့် ယင်းရပ်ကွက်အတွင်း နေထိုင်ကြသူအများစုသည် “မီးနှင့်ဆိုင်သော ပစ္စည်းကိရိယာများ” ထုတ်လုပ်ရောင်းချကြသူများဖြစ်ကြောင်း ဒေသတွင်းမီဒီယာအရ သိရသည်။(Xinhua)

———————————-
(English Version)
8 killed in Philippine capital fire

MANILA, May 2 (Xinhua) — At least eight people were killed in a fire that engulfed a residential area on the state university campus in Metro Manila early Monday morning.
Quoting Bureau of Fire Protection officials, local radio DzBB reported the victims were trapped in their homes when the fire broke out at around 5 a.m. local time inside the University of the Philippines compound in the Quezon City suburb. Six of the deaths, including children, were found in one house.
According to the report, the blaze burned down an estimated 80 houses and affected around 250 families. Some residents were reportedly injured after jumping out of their burning homes to escape the raging fire.
Firefighters extinguished the fire after almost two hours.
The bureau has yet to issue an official statement on the cause of the blaze. According to the local media, many of the houses in the community were made out of “light materials.” Enditem