Connect with us

Asia

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဆောက်လက်စအဆောက်အဦ ပြိုကျပြီးနောက် လူ ၅ ဦး ပိတ်မိနေ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဆောက်လက်စအဆောက်အဦ ပြိုကျပြီးနောက် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် အပျက်အစီးများအား ဖယ်ရှားနေသည်ကို ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့ရှိ Satya Niketan နယ်မြေအတွင်း ဧပြီ ၂၅ ရက်တွင် ပြိုကျခဲ့သည့် ဆောက်လက်စအဆောက်အဦတစ်လုံး၏ အုတ်အကျိုးအပဲ့များအောက်တွင် အလုပ်သမား ၅ ဦးထက်မနည်း ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“အခင်းဖြစ်နေရာကို မီးသတ်ကားတွေ အလျှင်အမြန် ရောက်ရှိသွားခဲ့ပါတယ်။ အလုပ်သမား ၅ ဦးက အပျက်အစီးအကျိုးအပဲ့တွေအောက်မှာ ပိတ်မိနေကြတယ်လို့ ကျွန်တော်တို့ကို အဲဒီကလူတွေက ပြောကြပါတယ်။”ဟု ဒေလီမီးသတ်ဌာန၏ တာဝန်ရှိသူတစ်ဦးက မီဒီယာများအား ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဆောက်လက်စအဆောက်အဦ ပြိုကျပြီးနောက် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် အပျက်အစီးများအား ဖယ်ရှားနေသည်ကို ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ အမှုထမ်းများသည် ပိတ်မိနေသူများအား ရှာဖွေရန် အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ပြိုကျခဲ့သည့် ဆောက်လက်စအဆောက်အဦ၏ အပျက်အစီးများထဲမှ ဒဏ်ရာရရှိသော အလုပ်သမားတစ်ဦးအား ကယ်ဆယ်နေသည်ကို ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကယ်ဆယ်ရေးသမားများသည် အုတ်အကျိုးအပဲ့များအား ဖယ်ရှားရန် မြေကြီးကော်စက်ကဲ့သို့သော စက်ယန္တရားကြီးများဖြင့် တွန်းဖယ်နေသည့်အပြင် ပိတ်မိနေသည့်အလုပ်သမားများထံသို့ ဆက်သွယ်နိုင်ရန် ကွန်ကရစ်အား အပေါက်များ ဖောက်နေကြောင်း သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပိတ်မိနေသည့် အလုပ်သမားများအတွက် စိုးရိမ်သောကရောက်နေကြသည့် ၎င်းတို့၏ ဆွေမျိုးများက အနီးကပ်စောင့်ကြည့်နေကြပြီး မိုဘိုင်းလ်ဖုန်းများဖြင့် ပိတ်မိနေသူများထံသို့ ဆက်သွယ်ရန် ကြိုးစားနေကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ပြိုကျခဲ့သည့် ဆောက်လက်စအဆောက်အဦ၏ အပျက်အစီးများထဲမှ ဒဏ်ရာရရှိသော အလုပ်သမားတစ်ဦးအား ကယ်ဆယ်နေသည်ကို ဧပြီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒေလီဝန်ကြီးချုပ် Arvind Kejriwal က ယင်းဖြစ်စဉ်အား လွန်စွာဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုကာ ၎င်းအနေဖြင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုအား စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။ အဆောက်အဦပြိုကျရခြင်း အကြောင်းရင်းအား လတ်တလောတွင် မသိရှိရသေးကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ အခြေခံအဆောက်အအုံ အသစ်ဖြစ်စေ အဟောင်းဖြစ်စေ ချို့ယွင်းအားနည်းမှုကြောင့် ဆိုးရွားသည့် မတော်တဆဖြစ်စဉ်များ ဖြစ်ပွားနေသည်။ ဆောက်လုပ်ရေးကျွမ်းကျင်သူများက အလုပ်သမားများအတွက် ဘေးကင်းလုံခြုံမှုစံနှုန်းများ နည်းပါးခြင်း ၊ ကြီးကြပ်မှု မလုံလောက်ခြင်း ၊ အရည်အသွေးညံ့ဖျင်းသောပစ္စည်းများအား အသုံးပြုခြင်းတို့ကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသလို စီမံခန့်ခွဲမှုလျော့ရဲခြင်း နှင့် အကျင့်ပျက်ခြစားမှုများကြောင့် အဆောက်အဦစည်းမျဉ်းများ တိတိကျကျလိုက်နာဆောင်ရွက်မှုမရှိခြင်းအပေါ် ဝေဖန်ပြစ်တင်မှုရှိနေကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)
5 feared trapped after under-construction building collapses in Indian capital

NEW DELHI, April 25 (Xinhua) — At least five laborers are feared trapped under the rubble of an under-construction building that collapsed Monday in Satya Niketan locality in the Indian capital New Delhi, officials said.

“We rushed fire tenders to the spot. People here are telling us five workers are trapped underneath the debris,” an official of Delhi Fire Service told media, adding that rescue work is underway.

India’s National Disaster Response Force personnel have also been brought to the spot to find the trapped ones, officials said.

The rescuers have pressed in heavy machinery like earthmovers to remove the rubble, besides drilling holes in concrete to reach out to the trapped laborers.

While rescue work was going on, anxious relatives of the trapped workers were watching close by, trying to reach them by mobile phones.

Delhi Chief Minister Arvind Kejriwal described the accident as “very sad” and said he, along with the district administration, was monitoring the rescue operation.

It was not immediately known what caused the building to collapse.Deadly accidents due to failing infrastructure, either new or old, are common in India. Construction experts blame the lax administration and corruption in India for flouting building rules that often result in using poor quality materials, inadequate supervision and poor safety standards for workers. ■
Photo 1 – Rescuers remove debris to search for survivors after an under-construction building collapsed in New Delhi, India, April 25, 2022. At least five laborers are feared trapped under the rubble of an under-construction building that collapsed Monday in Satya Niketan locality in the Indian capital New Delhi, officials said. (Xinhua/Javed Dar)

Photo 2 – Rescuers remove debris to search for survivors after an under-construction building collapsed in New Delhi, India, April 25, 2022. At least five laborers are feared trapped under the rubble of an under-construction building that collapsed Monday in Satya Niketan locality in the Indian capital New Delhi, officials said. (Xinhua/Javed Dar)

Photo 3 – An injured worker is rescued from the debris of an under-construction building collapsed in New Delhi, India, April 25, 2022. At least five laborers are feared trapped under the rubble of an under-construction building that collapsed Monday in Satya Niketan locality in the Indian capital New Delhi, officials said. (Xinhua/Javed Dar)
Photo 4 – An injured worker is rescued from the debris of an under-construction building collapsed in New Delhi, India, April 25, 2022. At least five laborers are feared trapped under the rubble of an under-construction building that collapsed Monday in Satya Niketan locality in the Indian capital New Delhi, officials said. (Xinhua/Javed Dar)