Connect with us

Europe

ယူကရိန်းအရေးဆွေးနွေးရန် ပူတင်နှင့် ကုလသမဂ္ဂ အကြီးအကဲ တွေ့ဆုံ

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင် (ဝဲ) နှင့် ကုသသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့ ကရင်မလင်နန်းတော်၌ ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Kremlin photo)

မော်စကို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ (UN) အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ယူကရိန်းနိုင်ငံ အရေးဆွေးနွေးရန် ကရင်မလင်နန်းတော်၌ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ကိဗ်တွင် ၂၀၁၄ ခုနှစ်က “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မလျော်ညီသော အာဏာသိမ်းမှု” ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းအရေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးအဖြေရှာမှုဆိုင်ရာ မင့်ခ်သဘောတူညီချက်များ ရရှိခဲ့ပြီးချိန်တွင်ပင် ဒွန်ဘတ်စ်ရှိပြည်သူများမှာ ပိတ်ဆို့မှုနှင့် စစ်ရေးဖိအားများအောက်၌ ရှိနေဆဲဖြစ်ကြောင်း ပူတင်က ဂူတာရက်စ်အား ပြောကြားခဲ့သည်။

ဒွန်ဘတ်စ် “ပြည်သူ့သမ္မတနိုင်ငံများ” သည် ၎င်းတို့၏ အချုပ်အခြာကို ကြေညာခွင့်ရှိကြောင်းနှင့် ရုရှားအနေဖြင့်လည်း ၎င်းတို့၏ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုခွင့်နှင့် ကုလသမဂ္ဂ ပဋိညာဉ်နှင့်အညီ စစ်ရေးအကူအညီ အပြည့်အဝပေးအပ်ခွင့်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

“လက်ရှိ စစ်ဆင်ရေးတွေ လုပ်ဆောင်နေသော်လည်းပဲ ကျွန်တော်တို့ သံတမန်လမ်းကြောင်းပေါ်မှာ သဘောတူညီမှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်နေဆဲပါပဲ။ ကျွန်တော်တို့ ညှိနှိုင်းဆွေးနေပြီး ဒါတွေကို အငြင်းပွားမှုမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဂူတာရက်စ်က ကုလသမဂ္ဂရှိရာ အဆက်အသွယ်အုပ်စု တစ်ခုဖန်တီးရေး အဆိုပြုခဲ့ပြီး ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် အခြေအနေကို အတူတကွ ဆွေးနွေးနိုင်မှသာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံများ အမှန်တကယ်ထိရောက်မှုရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ရှိ အခြေအနေအား အဖြေရှာရန် ၎င်းက ပြောကြားခဲ့သလို ကုလသမဂ္ဂအနေဖြင့် ထောက်ပံ့သယ်ပို့မှု စွမ်းဆောင်မှုများနှင့် လူသားအရင်းအမြစ်များအား အပြည့်အဝဆော်ဩစည်းရုံးရန်၊ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) အပြင် ရုရှားနှင့် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် အတူတကွ လုပ်ဆောင်ရန်အသင့်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂသည် ICRC နှင့်အတူ Azovstal စက်ရုံမှ အရပ်သားများ ရွှေ့ပြောင်းရေးအတွက် ယင်းစက်ရုံရှိ အခြေအနေကို အကဲဖြတ်ရန် နှစ်ရက် သို့မဟုတ် သုံးရက်ကြာ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဂူတာရက်စ်က ပြောခဲ့သည်။

ပူတင်က ရုရှားနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု စင်္ကြံများမှာ အလုပ်မဖြစ်ဟူသော အစီရင်ခံစာများကို ငြင်းဆိုထားကြောင်းနှင့် ရုရှားနိုင်ငံ၏ အကူအညီဖြင့် လူပေါင်း ၁၃၀,၀၀၀ မှ ၁၄၀,၀၀၀ မှာ မာရီယူပိုးလ်မှ ထွက်ခွာနိုင်ခဲ့ကြောင်းနှင့် ၎င်းတို့ သွားလိုသောမည့်နေရာကိုမဆို လွတ်လပ်စွာ သွားနိုင်ကြောင်း အလေးထားပြောခဲ့သည်။

ထို့ပြင် UN နှင့် ICRC ကိုယ်စားလှယ်များအနေဖြင့် ရုရှားက ယူကရိန်း စစ်အကျဉ်းသားများအား မည်သို့ပြုမူဆက်ဆံပုံကို ကြည့်ရှုနိုင်မည့်အခွင့်အရေးကိုလည်း ပူတင်က ကမ်းလှမ်းခဲ့သည်။

ဂူတာရက်စ်သည် မော်စကိုသို့ ခရီးမပြုမီ တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန်နှင့် မြို့တော် အန်ကာရာ၌ ဧပြီ ၂၅ ရက်က တွေ့ဆုံခဲ့သည်။ UN အကြီးအကဲသည် ပူတင်နှင့် ဆွေးနွေးပြီးနောက် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#Russia, #UN, #Ukraine, #VlatimirPutin, #AntonioGuterres, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ကုလသမဂ္ဂ, #ယူကရိန်း, #ဗလာတီမာပူတင် #အန်တိုနီယိုဂူတာရက်စ် #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………
(English Version)

Putin, UN chief meet to discuss Ukraine

Source: Xinhua

Editor: huaxia

2022-04-27 06:20:13
MOSCOW, April 26 (Xinhua) — Russian President Vladimir Putin met with visiting United Nations (UN) Secretary-General Antonio Guterres in the Kremlin on Tuesday to discuss the situation in Ukraine.

Putin told Guterres that the Ukrainian issue arose after the 2014 “unconstitutional coup” in Kiev and people in Donbass remained under blockade and military pressure even after the Minsk agreements on a peaceful settlement were reached.

According to Putin, the Donbass “republics” have the right to declare their sovereignty and Russia has the right to recognize their independence and provide them with military assistance in full accordance with the UN Charter.

“Despite the ongoing military operation, we still hope that we will be able to reach agreements on the diplomatic track. We are negotiating and we do not refuse them,” he said.

Guterres proposed creating a contact group where the UN, Russia and Ukraine can discuss the situation together so that the humanitarian corridors are truly effective.

He said that to resolve the situation in Ukraine’s Mariupol, the UN is ready to fully mobilize its logistical capabilities and human resources, working together with the International Committee of the Red Cross (ICRC) as well as the Russian and Ukrainian armed forces.

Guterres also said that the UN is ready in two or three days, together with the ICRC, to assess the situation at the Azovstal plant in order to evacuate civilians from there.

In response, Putin denied reports that Russian humanitarian corridors are not working and stressed that 130,000 to 140,000 people have left Mariupol with the assistance of Russia and they are free to go anywhere.

Putin also offered an opportunity to UN and ICRC representatives to have a look at how Russia treats Ukrainian war prisoners.

Before his trip to Moscow, Guterres met with Turkish President Recep Tayyip Erdogan on Monday in the capital Ankara. The UN chief will travel to Ukraine following talks with Putin. ■
Photo : Russian President Vladimir Putin (L) meets with United Nations Secretary-General Antonio Guterres in the Kremlin on April 26, 2022. (Kremlin photo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.