Connect with us

Europe

ဂျာမနီက ယူကရိန်းအားလက်နက်ကြီးများ ပေးပို့သွားမည်ဟု ကြေညာ

"Gepard” လေကြောင်းကာကွယ်‌ရေးတင့်ကားအား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဂျာမနီသည် ယူကရိန်းအား “Gepard” လေကြောင်းကာကွယ်‌ရေးတင့်ကားများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး Lambrecht က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ဂျာမနီ၊ အမေရိကန်၊ သြစတြေးလျ စသည့် နိုင်ငံပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ်များသည် ထိုနေ့တွင် ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ်အခြေစိုက်စခန်း (Ramstein Air Base) ၌ အစည်းအဝေးကျင်းပကာ ယူကရိန်းအခြေအနေနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ဂျာမနီသည် ယူကရိန်းအား “Gepard” လေကြောင်းရန်ကာကွယ်ရေး တင့်ကားများ ပေးပို့ပြီး ယူကရိန်းစစ်သားများအတွက် လေ့ကျင်းရေးသင်တန်း ပေးမည်ဖြစ်ကြောင်း Lambrecht က ပြောကြားခဲ့သည်။

ဂျာမန်မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ တင့်ကားများကို ဂျာမန်စစ်တပ်ကုမ္ပဏီ Krauss-Maffei Wegmann မှ ယူကရိန်းသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယင်းကုမ္ပဏီတွင် ဂျာမနီဖက်ဒရယ်ကာကွယ်ရေးတပ် အသုံးပြုခဲ့သည့် “Gepard” လေကြောင်းရန်ကာကွယ်ရေးတင့်ကား အစီးရေ ၅၀ ခန့်ရှိကြောင်း သိရသည်။

ယခင်က ဂျမနီသည် ယူကရိန်းအား တင့်ကားဖျက်လက်နက်များနှင့် ကာကွယ်ရေးပစ္စည်း စသည့်ကိရိယာများသာ ပေးပို့ခဲ့ပြီး တင့်ကားစသည့်လက်နက်ကြီးများ ပေးပို့ခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)

————————–
(Chinese Version)

德国宣布将向乌克兰提供重型武器
新华社柏林4月26日电(记者李超)德国国防部长兰布雷希特26日说,德国将向乌克兰提供“猎豹”防空坦克。

德国、美国、澳大利亚等40多国代表当天在德国拉姆施泰因空军基地召开会议,讨论乌克兰局势等问题。兰布雷希特在会议上说,德国将向乌克兰提供“猎豹”防空坦克,并培训乌军士兵。

据德国媒体报道,这批坦克将由德国军工企业克劳斯-玛菲·威格曼公司向乌克兰交付。该公司目前有约50辆德国联邦国防军使用过的“猎豹”防空坦克。

此前,德国仅向乌克兰提供反坦克武器和防护设施等军事装备,不包括坦克等重型武器。