Connect with us

Environment, Disasters & Accidents

ချန်ရှားမြို့ အဆောက်အဦပြိုကျမှုအတွင်း လူ ၈ ဦးအား ကယ်ထုတ်နိုင်ခဲ့

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျသည့် နေရာ၌ အပျက်အစီးများကြား ပိတ်မိနေသူကို ကယ်ဆယ်ရေးသမားများက မေ ၁ ရက်တွင် ကယ်ထုတ်လာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ချန်ရှား ၊ မေ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ၇၉ နာရီအတွင်း အသက်ရှင်ကျန်ရစ်သူ ၈ ဦးအား အုတ်ကျိုးအုတ်ပဲ့များကြားမှ ဆွဲထုတ် ကယ်တင်နိုင်ခဲ့ကြောင်း အခင်းဖြစ်နေရာရှိ ဆင်ဟွာသတင်းထောက်များ၏ ပြောကြားချက်အရ သိရသည်။အဆောက်အဦပြိုကျချိန်မှစ၍ သုံးရက်ကျော်လွန်သွားခဲ့သော်လည်း မေ ၂ ရက် ည ၇ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် အမျိုးသမီးငယ်တစ်ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းအဆောက်အဦပြိုကျမှုသည် ဧပြီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်တွင် ဟူနန်ပြည်နယ်၏ မြို့တော် ချန်ရှားမြို့ Wangcheng ခရိုင်အတွင်း ဖြစ်ပွားခဲ့သည်။ အပျက်အစီးပုံများအကြား လူပေါင်း ၂၃ ဦး ပိတ်မိနေသည်ဟု ထင်မြင်ယူဆကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုအရ သိရသည်။

မေ ၂ ရက်က ကယ်ထုတ်ခဲ့သူသည် အပျက်အစီးအကျိုးအပဲ့များကြောင့် ၎င်း၏ အောက်ပိုင်းခြေလက်အင်္ဂါများ ဖိညှပ်နေခဲ့သဖြင့် ကယ်ဆယ်ရေးသမားများအတွက် ကြီးမားသောအခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း Central South တက္ကသိုလ် Second Xiangya ဆေးရုံ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ Liu Xiangfeng က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျသည့် နေရာ၌ ကယ်ဆယ်ရေးလုပ်ဆောင်နေမှုများအား မေ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် အပျက်အစီးများအောက်ဖိညှပ်မိနေသော အမျိုးသမီးငယ်ထံသို့ ဓာတ်ဆားရည်ပို့ဆောင်ရန် အရှည် ၃ မီတာခန့်ရှိသော ဖြည့်သွင်းပြွန်များ အသုံးပြုခဲ့ရသည်။ ၎င်းအား အောင်မြင်စွာ ကယ်ထုတ်ခြင်းမပြုနိုင်သေးခင် သွေးထွက်လွန်မှုမဖြစ်စေရန် နှင့် နာကျင်မှုသက်သာစေရန် ရှေးဦးသူနာပြု အကူအညီများကို အမျိုးသမီးငယ်အား ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် ၇၂ နာရီကြာ “ ကယ်ဆယ်ရေးရွှေရောင်ကာလ”ကုန်ဆုံးသွားခဲ့သော်လည်း ထပ်မံအသက်ရှင်ကျန်ရစ်သူများအတွက် ၎င်းတို့၏ ရှာဖွေကယ်ဆယ်ရေးကို ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း နှင့် ကယ်ဆယ်ရေးစခန်းသည် ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် တုန်ခါမှုများ မဖြစ်ရလေအောင် စက်ယန္တရားများ အသုံးပြုခြင်းအား ရှောင်ရှားပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် အပျက်အစီးများအကြား သွားလာနိုင်ရန် ကွန်ကရစ်လမ်းကြောင်းများကို တည်ဆောက်ခဲ့သည်။ အခင်းဖြစ်နေရာတွင် လက်တွေ့ရှာဖွေရေးလုပ်ငန်းစဉ်အတွက် အသက်ကယ်ကိရိယာများ ၊ ရှာဖွေကယ်ဆယ်ရေးခွေးများဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

—————————-

(English Version)

Eighth person rescued in Changsha building collapse

CHANGSHA, May 2 (Xinhua) — An eighth survivor has been pulled from the rubble 79 hours after a self-built residential building collapsed in central China’s Hunan Province, according to Xinhua reporters at the scene.

The young woman was rescued at around 7:20 p.m. Monday, despite more than three days having passed since thedisaster.

The collapse took place at 12:24 p.m. on Friday, in Wangcheng District in the provincial capital Changsha. A total of 23 people are believed to have been trapped in the building, according to a preliminary investigation.

Liu Xiangfeng, a medical expert with the Second Xiangya Hospital of Central South University, said that the victim rescued on Monday had had her lower limbs pinned down by falling debris, creating great difficulty for the rescue workers.

The emergency medical team used infusion tubes measuring about 3 meters long to deliver normal saline solution to her. They were also able to provide her with first-aid to stop bleeding and relieve pain before she was successfully brought out.
Rescuers are continuing their search for further survivors, despite the expiry of the 72-hour “golden period,” and the rescue site remains brightly lit.
They have built cement structures to navigate the rubble safely and avoided the use of machinery in order to avoid creating vibrations. The on-site manual search process is being aided by life-detectors and search-and-rescue dogs. ■
Photo 1 – Rescuers transfer a rescued person at the collapse site of a self-constructed residential building in Changsha, central China’s Hunan Province, May 1, 2022. (Xinhua/Chen Sihan)
Photo 2 – Rescuers work at the collapse site of a self-constructed residential building in Changsha, central China’s Hunan Province, May 1, 2022. (Xinhua/Shen Hong)