Connect with us

Europe

ဟန်ဂေရီအစိုးရက ရုရှားရေနံ နှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု ပိတ်ဆို့ရေးကို “ မထောက်ခံ” ဟု အဆင့်မြင့် အရာရှိပြော

ဧပြီ ၃ ရက်တွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိပြီးနောက် ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် Viktor Orban က ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်တွင် ဘူဒါပက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

ဘူဒါပက် ၊ မေ ၃ ရက်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံအစိုးရအနေဖြင့် ရုရှားနိုင်ငံမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုအား ကန့်သတ်ပိတ်ဆို့ရေးကို ” မထောက်ခံ” ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။“ ဟန်ဂေရီနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့အပေါ် ရပ်တည်ချက်ဟာ အပြောင်းအလဲမရှိပါဘူး ၊ အဲဒီပိတ်ဆို့မှုကို ကျွန်တော်တို့ မထောက်ခံပါဘူး” ဟု ဟန်ဂေရီနိုင်ငံ၏ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်ရေး နှင့် ဆက်ဆံရေးဌာန အတွင်းဝန် Zoltan Kovacs က သူ၏ဖေ့ဘွတ်အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ဂန်ဟေရီနိုင်ငံဘူဒါပက်မြို့ရှိ ဓာတ်ဆီဆိုင်တစ်ခု၌ ဆီဈေးနှုန်းကြော်ငြာထားသည်ကို ၂၀၂၂ ခုနှစ် မတ် ၄ ရက်တွင်တွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့်ပဋိပက္ခဖြစ်ပွားနေခြင်းကြောင့် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဥရောပသမဂ္ဂ(အီးယူ)၏ ရုရှားစွမ်းအင်တင်သွင်းမှု ပိတ်ဆို့ရေးအဆိုကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးက ယခုအခါ လိုက်နာကျင့်သုံးရန် ဆန္ဒရှိနေကြောင်း နှင့် ဂျာမနီနိုင်ငံအနေဖြင့် ရုရှားထံမှ ရေနံနှင့်သဘာဝဓာတ်ငွေ မီခိုနေရသည့် အနေအထားတစ်ရပ်ကို ပြောင်းလဲပစ်မည်ဖြစ်ကြောင်း ဂျာမန်ပြည်သူ့ရုပ်သံချန်နယ် ZDF က သတင်းဖော်ပြခဲ့ခြင်းအပေါ် ဟန်ဂေရီအစိုးရ အတွင်းဝန် Zoltan Kovacs အထက်ပါအတိုင်းတုန့်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ ဘရန်းဖတ်မြို့ရှိ ဆီအရောင်းဆိုင်တစ်ခု၌ ဆီဈေးနှုန်းများ ကြော်ငြာထားသည်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံအပြင် ဩစတြီးယား နှင့် ဟန်ဂေရီနိုင်ငံတို့သည် ၎င်းတို့၏ စီးပွားရေးအတွက် ရုရှားရေနံတင်သွင်းမှုများအပေါ် ကြီးမားစွာ မီခိုနေရသဖြင့် ရုရှားရေနံဝယ်ယူမှု ပိတ်ဆို့ဟန့်တားရေးအစီအစဉ်ကို အပြင်းထန်ဆုံး ကန့်ကွက်နေကြသည်။
“ ဥရောပသမဂ္ဂအတွက် အရေးကြီးဆုံးအရာက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ရုရှားရေနံနဲ့သဘာဝဓာတ်ငွေ့တင်သွင်းမှု ဒဏ်ခတ်ပိတ်ဆို့ရေးကို ကျင့်သုံးဖို့မဟုတ်ပါဘူး ” ဟု ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ်ရုံးအကြီးအကဲ Gergely Gulyas က အဓိကနိုင်ငံပိုင်ရေဒီယိုချန်နယ် MR1 သို့ မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင် ဟန်ဂေရီနိုင်ငံသည် အိမ်အသုံးအဆောင်များကို ဈေးနှုန်း အတိတကျမရှိဘဲ ဝယ်ယူရခြင်း နှင့် ဟန်ဂေရီစီးပွားရေးလုပ်ငန်းဆောင်တာများအတွက် မိမိကိုယ်တိုင်အာမခံနိုင်ခြင်းမရှိခြင်းတို့ကြောင့် ယင်းကုန်ကြမ်းများကို ပိုမိုမြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူရလိမ့်မည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ဒဏ်ခတ်ချင်တဲ့လူကို မထိခိုက်ဘဲ ကျွန်တော်တို့ကိုယ်ကို ပြန်ပြီးထိခိုက်စေမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘယ်လိုမှ ချမှတ်လို့မရပါဘူး” ဟု Gulyas က ဆိုသည်။(Xinhua)

—————————-

(English Version)

Hungarian government “does not support” Russian oil and gas embargo: official
BUDAPEST, May 2 (Xinhua) — The Hungarian government does not support the oil and gas embargo against Russia, a senior official said on Monday.
“The Hungarian position on the oil and gas embargo has not changed: we do not support it!” Zoltan Kovacs, secretary of state for international communications and relations wrote on his Facebook page.
Kovacs reacted to a report made by German public television channel ZDF, according to which following a change of position in Germany, all European Union (EU) member states were now willing to support the EU’s suspension of Russian oil imports as part of a new crackdown on Russia due to its conflict with Ukraine.
Besides Germany, Austria and Hungary were the most strongly opposed to halting Russian oil purchases, as their economies are heavily dependent on Russian oil supplies.
“The most important thing is for the European Union not to adopt a sanction that will make it impossible to import Russian oil and gas,” Gergely Gulyas, head of the prime minister’s office, told Hungary’s main public radio channel MR1 on Sunday.
Otherwise, Hungary would have to procure these raw materials at a much higher price, without which the price caps on household utilities and the functioning of the Hungarian economy itself cannot be ensured, he added.
“We must not adopt sanctions with which we primarily penalize ourselves instead of those we want to sanction,” Gulyas said.

Photo(1) Hungary’s Prime Minister Viktor Orban speaks during a press conference following his landslide victory in the April 3 general elections in Budapest, Hungary, April 6, 2022. (Photo by Attila Volgyi/Xinhua)

Photo(2) Photo Gas prices are seen at a fuel station in Budapest, Hungary, on March 4, 2022. (Photo by Attila Volgyi/Xinhua)
Photo(3) – Photo taken on Feb. 25, 2022 shows diesel and gasoline prices displayed on a screen at a gas station in Frankfurt, Germany. (Photo by Armando Babani/Xinhua)

taken on Feb. 25, 2022 shows diesel and gasoline prices displayed on a screen at a gas station in Frankfurt, Germany. (Photo by Armando Babani/Xinhua)