Connect with us

Latin America

အမေရိကန်ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီးပြောကြား

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၂ ခုနှစ် မေ ၂ ရက်တွင် ပြုလုပ်သော ကျူးဘားနိုင်ငံ နှင့် အတူအပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု အစည်းအဝေးတက်ရောက်လာသူများ နှင့် ကျူးဘား သမ္မတ Miguel Diaz-Canel အားတွေ့ရစဉ်(ဆင်ဟွာ)

ဟာဗားနား ၊ မေ ၃ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez က အမေရိကန်ပိတ်ဆို့မှုကို ဆန့်ကျင်တိုက်ခိုက်မှုပြုလုပ်နေသော သူ၏နိုင်ငံအား တစ်ကမ္ဘာလုံးမှ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း မေ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၆၀ ခန့်မှ တက်ကြွလှုပ်ရှားသူ ၁,၀၀၀ ခန့်က ပါဝင်တက်ရောက်ခဲ့သော ဟာဗားနားမြို့၌ ပြုလုပ်သည့် ကျူးဘားနှင့်အတူ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှုအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် Rodriguez က အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၂ ခုနှစ် မေ ၂ ရက်တွင် ပြုလုပ်သော ကျူးဘားနိုင်ငံ နှင့် အတူအပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု အစည်းအဝေးတက်ရောက်လာသူများ နှင့် ကျူးဘား သမ္မတ Miguel Diaz-Canel အားတွေ့ရစဉ်(ဆင်ဟွာ)

သမဂ္ဂများ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအဖွဲ့များ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၂၁၉ ခုမှ ကိုယ်စားလှယ်များသည် ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ပြသရန်အတွက် အစည်းအဝေးပါဝင်တက်ရောက်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း Rodriguez က ဆိုသည်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၂ ခုနှစ် မေ ၂ ရက်တွင် ပြုလုပ်သော ကျူးဘားနိုင်ငံ နှင့် အတူအပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု အစည်းအဝေးတက်ရောက်လာသူများ နှင့် ကျူးဘား သမ္မတ Miguel Diaz-Canel အားတွေ့ရစဉ်(ဆင်ဟွာ)

“ ခင်ဗျားတို့ရဲ့ ရုန်းကန်ကြိုးပမ်းအားထုတ်မှုမှတဆင့် ခင်ဗျားတို့ဟာ ကြီးမားတဲ့ အခက်အခဲပေါင်းမြောက်မြားစွာကြားက ကျူးဘားပြည်သူတွေရဲ့ တီထွင်ဆန်းသစ်မှု ၊ ဇွဲလုံးလ နဲ့ ကြံ့ကြံ့ခံအောင်ပွဲခံမှုကို တွန်းအားပေးခဲ့ပါတယ်” ဟုဝန်ကြီးက ပြောကြားခဲ့သည်။

ကျူးဘားအပေါ် အမေရိကန်ဦးဆောင်သော ကုန်သွယ်ရေးပိတ်ဆို့မှုမှာ “ ပြင်းထန်သောအဆင့်သို့” တိုးမြင့်ရောက်ရှိလာခဲ့ခြင်းအပေါ် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချခဲ့ပြီး ထိုသို့ပိတ်ဆို့မှုကြောင့် ကျူးဘားအစိုးရအနေဖြင့် ကာရေဘီယံကျွန်း၌ လွန်ခဲ့သော နှစ်များက ခန့်မှန်းခြေ ဆုံးရှုံးနစ်နာမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ အထိရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်တာ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ကျူးဘားနှင့်အတူ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှု အစည်းအဝေးကို ပြီးခဲ့သော စနေနေ့(ဧပြီ ၃၀ ရက်) တွင် စတင်ကျင်းပခဲ့ပြီး တနင်္လာနေ့(မေ ၂ ရက်) တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကျူးဘားအလုပ်သမားဗဟိုသမဂ္ဂ နှင့် ကျူးဘားပြည်သူများချစ်ကြည်ရင်းနှီးမှုအင်စတီကျု့မှ ကမကထဦးဆောင်ပြုလုပ်သည့် ယင်းဖိုရမ်ကို ၁၉၉၄ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-

(English Version)
Cuban FM expresses thanks for international solidarity against the U.S. blockade
HAVANA, May 2 (Xinhua) — Cuban Foreign Minister Bruno Rodriguez on Monday thanked the world for its support for the country in the fight against the U.S. blockade.
Rodriguez made the remarks in the International Meeting of Solidarity with Cuba held in Havana, with the participation of Cuban President Miguel Diaz-Canel and around 1,000 activists from some 60 countries and regions.
Rodriguez thanked the participating delegates of 219 unions, political groups or civic organizations for their solidarity.
“Through your struggle, you encourage the creative, persistent and victorious resistance of the Cuban people in the midst of enormous difficulties,” said the minister.
Rodriguez also denounced the intensification “to extreme levels” of the U.S.-led trade embargo against Cuba, which the Cuban government estimates has cost the Caribbean island over 150 billion U.S. dollars over the years.
The International Meeting of Solidarity with Cuba began on Saturday and ended on Monday, following a two-year suspension due to COVID-19.
Organized by the Workers Central Union of Cuba and the Cuban Institute of Friendship with the Peoples, the forum was first held in 1994.

Cuban President Miguel Diaz-Canel (eighth from the left), participates in the International Meeting of Solidarity with Cuba at the Convention Center in Havana, Cuba’s capital, on May 2, 2022. (Xinhua/Joaquin Hernandez)