Connect with us

Asia

မြောက်ကိုရီးယားက အရှေ့ပင်လယ်ပြင်သို့ဦးတည်၍ ပဲ့ထိန်းဒုံးကျည်ဟုယူဆရသော ဒုံးကျည် ပစ်လွှတ်ခဲ့ကြောင်း ဂျပန်အစိုးရပြော

မြောက်ကိုရီးယားနိုင်ငံက ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်တွင် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် တစ်စင်း စမ်းသပ်ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

ဆိုးလ်/တိုကျို ၊ မေ ၄ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် ၎င်း၏ အရှေ့ပင်လယ်ပြင်သို့ ဦးတည်၍ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံအစိုးရက ယနေ့ မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်(JCS) ကလည်း မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ကြောင်း အစောပိုင်းတွင် ကြေညာချက် အတိုတစ်စောင်ထုတ်ပြန်အတည်ပြုခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပေ။(Xinhua)

…………………………………………
(English version)

DPRK fires what appears to be ballistic missile toward eastern waters: Japanese gov’t

SEOUL/TOKYO, May 4 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired what appeared to be a ballistic missile toward its eastern waters, the Japanese government said on Wednesday.
Earlier South Korea’s Joint Chiefs of Staff (JCS) confirmed that the DPRK fired an unidentified projectile in a short statement without further details. Enditem