Connect with us

Environment, Disasters & Accidents

ကမ္ဘာ့အမြင့်ဆုံး အလိုအလျောက် ရာသီဥတုစောင့်ကြည့်ရေးစခန်းကို ချိုမိုလန်းမားတောင်ပေါ်တွင် တည်ဆောက်နေ

ချိုမိုလန်းမားတောင်ပေါ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၂၀၀ ခန့်၌ အလိုအလျောက် မိုးလေဝသစခန်းတစ်ခုအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆာ၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် တရုတ်-နီပေါနယ်စပ်ရှိ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ချိုမိုလန်းမားတောင် (Mount Qomolangma) ပေါ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၀၀ တွင် မိုးလေဝသဆိုင်ရာ စောင့်ကြည့်ရေးစခန်းတစ်ခု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အကယ်၍ အဆိုပါ စခန်းအား အောင်မြင်စွာတည်ဆောက်ပြီးပါက ဗြိတိန်နှင့် အမေရိကန် သိပ္ပံပညာရှင်များက ၂၀၁၉ ခုနှစ်တွင် ချိုမိုလန်းမားတောင်၏ တောင်ဘက်ခြမ်းပေါ်၌ တည်ဆောက်ထားသော စခန်းနေရာတွင် အစားထိုးလာမည်ဖြစ်ကာ ကမ္ဘာ့အမြင့်ဆုံးစခန်းအမျိုးအစားဖြစ်လာမည်ဟု တရုတ် သိပ္ပံအကယ်ဒမီ၊ တိဗက် ကုန်းပြင်မြင့်သုတေသနအဖွဲ့အစည်း (ITP) အရ သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၂၀၀ ရှိ ချိုမိုလန်းမားတောင် အခြေစိုက်စခန်းအား မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိတွင် စခန်းတည်ဆောက်ရေး တာဝန်ယူထားသော အင်ဂျင်နီယာများသည် တောင်တက်ရေးအတွက် ရာသီဥတု ကောင်းမွန်ရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ချိုမိုလန်းမားတောင်ပေါ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၂၀၀ ခန့်၌ အလိုအလျောက် မိုးလေဝသစခန်းတစ်ခုအား ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လေထုတိုင်းတာမှုမြှင့်တင်ရေး မိုးလေဝသစခန်း ၈ ခုပါဝင်သော အမြင့်ဆုံးစခန်းကို ချိုမိုလန်းမားတောင်ပေါ်တွင် တပ်ဆင်မည်ဖြစ်ကာ အမြင့် မီတာပေါင်း ၈,၈၄၈.၈၆ ရှိသော ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်၌ တရုတ်နိုင်ငံ၏ သိပ္ပံပညာရပ်ဆိုင်ရာ ဘက်စုံစူးစမ်းလေ့လာမှုအသစ်တွင် အဓိကလုပ်ငန်းတာဝန်များအနက် တစ်ခုဖြစ်လာမည်ဖြစ်သည်။

ချိုမိုလန်းမားတောင်ပေါ်ရှိ အလိုအလျောက် မိုးလေဝသစောင့်ကြည့်ရေးစခန်း တည်ဆောက်ရာသို့ သွားရောက်နေသည့် တိဗက်ကုန်းပြင်မြင့်သုတေသန အဖွဲ့အစည်း (ITP) မှ သုတေသီ Zhao Huabiao အား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုးလေဝသစခန်း သုံးခုကို ပင်လယ်ရေမျက်နှာပြင် ၇,၀၂၈ မီတာ၊ ၇,၇၉၀ မီတာနှင့် ၈,၃၀၀ မီတာတို့၌ တောင်၏ မြောက်ဘက်ခြမ်းတွင် ယခုနှစ် အစောပိုင်းက အသီးသီးတည်ဆောက်ထားကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၂၀၀ နှင့် မီတာ ၈,၃၀၀ ကြားရှိ လုပ်ငန်းလည်ပတ်သော မိုးလေဝသစခန်း အရေအတွက်မှာ ၇ ခုအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယမန်နှစ်က ပင်လယ်ရေမျက်နှာပြင် မီတာ ၆,၅၀၀၊ မီတာ ၅,၈၀၀ ၊ မီတာ ၅,၄၀၀ နှင့် မီတာ ၅,၂၀၀ တို့၌ အသီးသီး တည်ဆောက်ထားခဲ့ကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၂၀၀ ရှိ ချိုမိုလန်းမားတောင် အခြေစိုက်စခန်းအား ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်ပေါ်၌ သိပ္ပံပညာရပ်ဆိုင်ရာ ဘက်စုံစူးစမ်းလေ့လာရေးအသစ်သည် ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်ပေါ်တွင် ၂၀၁၇ ခုနှစ်က စတင်ခဲ့သော တရုတ်နိုင်ငံ၏ ဒုတိယမြောက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလေ့လာဆန်းစစ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့်သည် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ပြောင်းလဲလာသောပူနွေးမှုကို ရင်ဆိုင်နေရကြောင်း၊ ကုန်းပြင်မြင့်ပေါ်၌ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်လာလေ အပူချိန်မှာလည်း မြင့်တက်လာလေဖြစ်ကြောင်း ITP မှ သုတေသီ Zhao Huabiao က ပြောခဲ့သည်။

ယင်းသို့သုံးသပ်ချက်မှာ ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၅,၀၀၀ ရှိ ရာသီဥတုစခန်းများ၏ အချက်အလက်များအပေါ် အခြေခံထားခြင်းသာဖြစ်ပြီး အဝေးထိန်းအာရုံခံအချက်အလက်အရ ခန့်မှန်းတွက်ချက်ခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသော စခန်းများမှ ရာသီဥတုစောင့်ကြည့်လေ့လာရေး အချက်အလက်များမှာ ယခင်က ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်း ၈ ခုသည် ချိုမိုလန်းမားတောင်၏ မြောက်ဘက်ခြမ်းရှိ လေတိုက်နှုန်းနှင့် လေကြောင်းဦးတည်ရာအချက်အလက်အပြင် လေထုအတွင်းစိုထိုင်းဆကို စုဆောင်းထားမည်ဖြစ်သလို လေထုတိုင်းတာမှုမြှင့်တင်ရေး မိုးလေဝသစခန်းစနစ်ကလည်း ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောနေရာ၌ တောင်ပေါ်ရှိ ရေခဲများနှင့် ဆီးနှင်းများ အရည်ပျော်မှုစောင့်ကြည့်ခြင်းအတွက် ကြီးမားအရေးပါကြောင်း Zhao က ပြောကြားခဲ့သည်။

စူးစမ်းလေ့လာရေးအဖွဲ့ကလည်း တောင်ထိပ်ပေါ်ရှိ ရေခဲပြင်ရေဒါနှင့် ဆီးနှင်း ထူထပ်မှုနှင့် ရေခဲထုအား တိုင်းတာခြင်းကို တပ်ဆင်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ (Xinhua)

…………………………………………
(English version)
China Focus: World’s highest automatic weather station to be set up on Mt. Qomolangma

Source: Xinhua

Editor: huaxia

2022-05-01 21:27:43
LHASA, May 1 (Xinhua) — Chinese scientists are mounting efforts to establish a meteorological monitoring station at an altitude of 8,800 meters on Mount Qomolangma, the world’s highest peak, on the China-Nepal border.

If the station is established successfully, it will replace the one at an altitude of 8,430 meters set up by the British and U.S. scientists on the south side of the mountain in 2019, to be the world’s highest of its kind, according to the Institute of Tibetan Plateau Research (ITP), Chinese Academy of Sciences.

Currently, the engineers in charge of establishing the station are still waiting for the perfect weather for mountaineering.

Including the highest, eight elevation gradient meteorological stations will be set up on Mount Qomolangma, one of the main tasks in China’s new comprehensive scientific expedition on the world’s highest peak at the height of 8,848.86 meters.

Three meteorological stations were established at sea levels of 7,028 meters, 7,790 meters and 8,300 meters, respectively, earlier this year on the north side of the mountain, bringing the total number of operational weather stations between the altitudes between 5,200 meters and 8,300 meters to seven. Last year, four stations at sea levels of 6,500 meters, 5,800 meters, 5,400 meters and 5,200 meters were set up.

The new comprehensive scientific expedition on Mount Qomolangma is part of China’s second scientific research survey on the Qinghai-Tibet Plateau, which started in 2017.

Zhao said the Qinghai-Tibet Plateau is facing a warming tendency along with global warming, and the higher the altitude is on the plateau, the more the temperature has risen.

Such a conclusion is only based on the data of weather stations at sea levels below 5,000 meters and the estimated calculation in accordance with the remote sensing data, because weather monitoring data from high-altitude stations were missing in the past.

The eight stations will collect the wind speed and wind direction data, as well as relative humidity on the north side of Qomolangma, and the elevation gradient meteorological station system is of great significance for monitoring the melting glaciers and mountain snow at the high altitudes, said Zhao.

The expedition team will also set up glacier radar and measure the thickness of snow and ice at the summit of the mountain, he said. ■
Photo 1 : Photo taken on April 24, 2022 shows an automatic meteorological station set up at an altitude of about 5,200 meters on Mount Qomolangma.(Xinhua)
Photo 2 : Aerial photo taken on May 1, 2022 shows a view of the Mount Qomolangma base camp at an altitude of 5,200 meters.(Xinhua)
Photo 3 : Photo taken on April 24, 2022 shows an automatic meteorological station set up at an altitude of about 5,200 meters on Mount Qomolangma.(Xinhua)
Photo 4 : Zhao Huabiao, a researcher with the Institute of Tibetan Plateau Research (ITP), Chinese Academy of Sciences, is seen on his way to set up an automatic weather station on Mount Qomolangma, April 28, 2022.(Xinhua)
Photo 5 : Photo taken on April 30, 2022 shows a view of the Mount Qomolangma base camp at an altitude of 5,200 meters.(Xinhua)