Connect with us

Europe

စီးပွားရေးလက်တုန့်ပြန်မည့် အမိန့်ကြေညာချက်အား ရုရှားသမ္မတ ပူတင် လက်မှတ်ရေးထိုး၊ ယူကရိန်း၏ ဘက်မလိုက်ကြားနေရပ်တည်မှုအတွက် ပြည်သူ့ဆန္ဒကောက်ခံရန်လိုအပ်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီး ပြောကြား

မာရီယူပိုးလ်မြို့ ပျက်စီးနေသည့်အဆောက်အဦများရှေ့တွင် ဖြတ်သန်းသွားသော ဒေသခံတစ်ဦးအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၄ ရက်(ဆင်ဟွာ)

အချို့သောနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း၏ ချစ်ကြည်ရင်းနှီးမှုမရှိသော လုပ်ဆောင်ချက်များအပေါ် လက်တုန့်ပြန်မည့် အထူး စီပွားရေးအမိန့်ကြေညာချက်တစ်ရပ်ကို ရုရှား သမ္မတ ပူတင်က မေ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ နိုင်ငံတကာ၏လုံခြုံရေးအာမခံချက်နှင့် လုံခြုံရေးအာမခံချက်အပေါ် ရုရှား၏အသိအမှတ်ပြုမှုရှိသည့်အခြေအနေမျိုးမှသာ ယူကရိန်းပြည်သူများက ပြည်သူ့ဆန္ဒကောက်ယူမှုဖြင့် ယူကရိန်း၏ကြားနေရပ်တည်ရေးကို ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏စကားကို ကိုးကား၍ Ukrinform သတင်းအေဂျင်စီက မေ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မာရီယူပိုးလ်မြို့ ပျက်စီးနေသည့်တင့်ကားရှေ့တွင် ဖြတ်သန်းသွားသော ဒေသခံတစ်ဦးအား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

__ အချို့သောနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း၏ ချစ်ကြည်ရင်းနှီးမှုမရှိသော လုပ်ဆောင်ချက်များအပေါ် လက်တုန့်ပြန်မည့် အထူး စီပွားရေးအမိန့်ကြေညာချက်တစ်ရပ်ကို ရုရှား သမ္မတ ပူတင်က မေ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းအမိန့်ကြေညာချက်တွင် ရုရှားဖယ်ဒရယ်အစိုးရစသည့်ဌာနများ၊ ရုရှားဖယ်ဒရယ်အုပ်ချုပ်ရေးအတိုင်းအတာအတွင်းရှိ အဖွဲ့အစည်းနှင့် တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များသည် ရုရှားနိုင်ငံ လက်တုန့်ပြန်ထားသည့် စီးပွားရေးနည်းလမ်းနှင့်ဆက်စပ်သော နိုင်ငံခြားတရားဝင်ပုဂ္ဂိုလ်များ၊ တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်တို့နှင့် စာချုပ်ချုပ်ဆို၊တာဝန်ယူဆောင်ရွက်ခြင်း သို့မဟုတ် ငွေကြေးအရောင်းအဝယ်အလွှဲအပြောင်းလုပ်ဆောင်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။ စီးပွားရေးလက်တုန့်ပြန်မှုနှင့်သက်ဆိုင်သော လူ၊ အရောင်းအဝယ်လုပ်ဆောင်ရန် စံချိန်စံညွှန်းနှင့်အသေးစိတ်မှတ်တမ်းစာရင်းများကို ၁၀ ရက်အတွင် ရုရှား ဖယ်ဒရယ်အစိုးရက အတည်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

မာရီယူပိုးလ်မြို့ ပျက်စီးနေသည့်အဆောက်အဦများရှေ့တွင် ဖြတ်သန်းသွားသော ဒေသခံတစ်ဦးအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

___ နိုင်ငံတကာ၏လုံခြုံရေးအာမခံချက်နှင့် လုံခြုံရေးအာမခံချက်အပေါ် ရုရှား၏အသိအမှတ်ပြုမှုရှိသည့်အခြေအနေမျိုးမှသာ ယူကရိန်းပြည်သူများက ပြည်သူ့ဆန္ဒကောက်ယူမှုဖြင့် ယူကရိန်း၏ကြားနေရပ်တည်ရေးကို ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီး၏စကားကို ကိုးကား၍ Ukrinform သတင်းအေဂျင်စီက မေ ၃ ရက်တွင် ဖော်ပြခဲ့သည်။

__ မာရီယူပိုးလ်မြို့ Azovstalသံ၊သံမဏိစက်ရုံတွင် “ဆိတ်ငြိမ် အနေအထား”စတင်ချိန်တွင် ယူကရိန်း၏ စစ်ရေးအင်အားစုဖြစ်သည့် “အဇော့ တပ်ရင်း”နှင့် ယူကရိန်းစစ်တပ်ကပစ်ခတ်ရေးအတွက် နေရာယူခဲ့ကြောင်း RIA Novostiက ရုရှားကာကွယ်ရေးဌာန၏ သတင်းများကို ကိုးကား၍ မေ ၃ ရက်တွင် ဖော်ပြခဲ့သည်။ ရုရှားတပ်နှင့် ဒွန်းနက်စ်တပ်ဖွဲ့က ၎င်းနေရာကို ယင်းနေ့တွင် အမြောက်၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

___ ရုရှား စစ်တပ်သည် “Onyx” ပစ်မှတ်တိကျမှုမြင့်မားသော ဒုံးကျည်ဖြင့် ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာဒေသ ပြည်ပလက်နက်သယ်ဆောင်ရေးအတွက် အသုံးပြုသော စစ်လေဆိပ်၏ သယ်ယူပို့ဆောင်ရေးစင်တာတစ်ခု တိုက်ခိုက်ခဲ့ပြီး ယင်းနေရာတွင် သိုလှောင်ထားသော “Banner-TB2” မောင်းသူမဲ့လေယာဉ် ဂိုဒေါင်နှင့် အမေရိကန်၊ ဥရောပနိုင်ငံများမှလာသည့် လက်နက်ခဲယမ်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက မေ ၃ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၁၄၆ စီး၊ ရဟတ်ယာဉ် ၁၁၂ စီး၊ မောင်းသူမဲ့လေယာဉ် ၆၉၆ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၈၆ စုံ၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၂,၇၈၃ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၃၁၆ လက်၊ အမြောက်နှင့်စိန်ပြောင်း ၁,၂၅၅ လက်၊ စစ်ဘက်သုံးအထူးယာဉ် ၂,၅၉၀ စီး ရှိပြီဖြစ်ကြောင်း ဆိုသည်။

___ ယူကရိန်း-ရုရှား ပဋိပက္ခ ဖြစ်ပွားသော ပြီးခဲ့သည့် ရက်သတ္တပတ် ၆ ပတ်ကြာကာလတွင် ယူကရိန်း စီးပွားရေး နစ်နာမှုက အမေရိကန်ဒေါ် ဘီလီယံ ၅၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ယူကရိန်းအစိုးရ၏ကိန်းဂဏန်းများကို ကိုးကား၍ Ukrinform သတင်းအေဂျင်စီက မေ ၃ ရက်တွင် ဖော်ပြခဲ့သည်။ ရေရှည်ကြည့်မည်ဆိုလျှင် ဆုံးရှုံးနစ်နာမှုက ၁ ထရီလီယံ ဖြစ်သွားနိုင်ရာ ၂၀၂၂ ခုနှစ် ယူကရိန်း၏ GDPသည် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း ဖော်ပြထားသည်။

___ ယူကရိန်းအမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကော်စီ အတွင်းရေးမှူး Oleksiy Danilovက လက်ရှိ ယူကရိန်းဘက်တွင် စစ်သားအင်အားလုံလောက်နေခြင်းကြောင့် စစ်ရေးစည်းရုံးမှု နောက်တစ်ဆင့်ဆောင်ရွက် မလိုအပ်ကြောင်း မေ ၂ ရက်တွင် ပြောကြားခဲ့သည်။

___ တူရကီဘက်က တောင်းဆိုမှုအရ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoiguသည် တူရကီကာကွယ်ရေးဝန်ကြီးHulusi Akarနှင့် ဧပြီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာများအပါအဝင် ယူကရိန်းလက်ရှိအခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

___ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဧပြီ ၃ ရက်တွင် ယူကရိန်းအမြင့်ဆုံးလွှတ်တော်၌ ဗွီဒီယိုမိန့်ခွန်းပြောကြားခဲ့ရာ ဗြိတိန်မှ ယူကရိန်းသို့ စတာလင်ပေါင် သန်း ၃၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီသစ်များပေးအပ်သွားရန်ရှိရာ ၎င်းတို့တွင် သင်္ဘောဖျက်ဒုံးကျည်၊ ရေဒါနှင့် မောင်းသူမဲ့ ဒရုန်းယာဉ်စသည်တို့ပါဝင်ကြောင်း ယူကရိန်းအမြင့်ဆုံးလွှတ်တော်က ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။

__ ဂျာမနီဝန်ကြီးချုပ် Olaf Scholzက ဧပြီ ၃ ရက်တွင် ဂျာမနီသို့လာရောက်လည်ပတ်သည့် ဖင်လန်ဝန်ကြီးချုပ် Sanna Marin၊ ဆွီဒင်ဝန်ကြီးချုပ်Magdalena Anderssonတို့နှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ Sanna Marinနှင့် Magdalena Anderssonတို့က ရုရှား-ယူကရိန်း ပဋိပက္ခက ဖင်လန်နှင့်ဆွီဒင်နိုင်ငံများ၏ လုံခြုံရေးပတ်ဝန်းကျင်ကို များစွာ ပြောင်းလဲခဲ့ခြင်းကြောင်း ၎င်းတို့ နှစ်နှစ်နိုင်ငံအနေဖြင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ရွေးချယ်စရာ ဖြစ်နေကြောင်း ဆိုသည်။ နေတိုးအဖွဲ့သို့ ဖင်လန်နှင့်ဆွီဒင်ဝင်ရောက်နိုင်ရေး ဂျာမနီက အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း Olaf Scholzက ဆိုသည်။ (Xinhua)

#Russia, #Ukraine, #Europe,#xinhua, #xinhuamyanmar, #ရုရှား,#ယူကရိန်း, #ဥရောပ, #ဆင်ဟွာ
—————————–
(Chinese Version)

(乌克兰局势)最新动态:普京签署报复性经济措施法令 泽连斯基说乌中立地位须经全民公投
2022-05-04 00:11:08
新华社北京5月3日电综合新华社驻外记者报道:俄罗斯总统普京3日签署法令,对部分国家和国际组织的不友好行为采取报复性特别经济措施。乌通社3日援引乌克兰总统泽连斯基的话报道,只有在获得国际安全保障以及俄罗斯对安全保障认可的前提下,乌人民通过全民公投,乌克兰才能寻求中立地位。
——俄罗斯总统普京3日签署法令,对部分国家和国际组织的不友好行为采取报复性特别经济措施。法令禁止俄联邦政府机构等部门、俄联邦管辖范围内的组织和个人与俄方报复性特别经济措施涉及的外国法人和个人履行合同、义务或金融交易。该法令指示俄联邦政府10天内确定措施涉及的人员,交易活动的标准和明细清单。
——乌通社3日援引乌克兰总统泽连斯基的话报道,只有在获得国际安全保障以及俄罗斯对安全保障认可的前提下,乌人民通过全民公投,乌克兰才能寻求中立地位。
——俄新社3日援引俄国防部消息报道,乌方军事力量“亚速营”和乌克兰军队利用在马里乌波尔市亚速钢铁厂开启的“静默模式”占据射击阵地。俄军和顿涅茨克的武装力量当天对其进行了炮击和空袭。
——俄罗斯国防部发言人科纳申科夫3日通报说,俄军使用“缟玛瑙”高精度导弹打击了乌南部敖德萨地区一处用于运输外国武器装备的军用机场的物流后勤中心,存放有“旗手-TB2”无人机的机库以及来自美国和欧洲国家的武器弹药被摧毁。自特别军事行动以来,俄军共摧毁了乌军的146架飞机,112架直升机,696架无人机,286套防空导弹系统,2783辆坦克和其他装甲车,316台多管火箭炮,1255门野战火炮和迫击炮及2590辆特种军用车辆。
——乌通社3日援引乌政府数字报道,在乌俄冲突的前六周,乌克兰经济损失超过5000亿美元。长期看,损失可能会上升至1万亿美元。2022年,乌国内生产总值可能下降30%至50%。
——乌克兰国家安全与国防委员会秘书丹尼洛夫2日说,目前乌方兵源充足,不需要采取下一阶段的军事动员。
——俄罗斯国防部2日说,应土方要求,俄罗斯国防部长绍伊古当天与土耳其国防部长阿卡尔通电话,双方就乌克兰当前局势,包括人道主义问题进行了讨论。
——乌克兰最高拉达(议会)3日在社交媒体发文说,当天英国首相约翰逊以视频形式在最高拉达发表演讲时表示,英国计划向乌提供价值3亿英镑的新军事援助,包括反舰导弹、雷达和无人机等装备。
——德国总理朔尔茨3日同来访的芬兰总理马林、瑞典首相安德松共同出席记者会。马林和安德松表示,俄乌冲突极大改变了芬兰和瑞典的安全环境,因此两国正在把是否加入北约放入可选项。朔尔茨表示,德国将支持芬兰和瑞典加入北约。(参与记者:李铭、李东旭、黄河、华迪、李超)(完)
图说1:4月28日,在马里乌波尔,当地居民从被损坏的建筑旁走过。 新华社发(维克托摄)
图说2:4月28日,在马里乌波尔,当地居民从被损毁的坦克旁走过。 新华社发(维克托摄)
图说3:4月28日,在马里乌波尔,当地居民从被损坏的建筑旁走过。 新华社发(维克托摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.