Connect with us

Economy

ရှန်ဟိုင်းမြို့၏ ပြည်ပကုန်သွယ်မှု ပထမသုံးလပတ်တွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၏ Yangshan ဆိပ်ကမ်းအား ဧပြီ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြူနီစပယ်ရှိ ပြည်ပကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်တွင် ယွမ် ၁ ဒသမ ၀၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၅၈ ဘီလီယံခန့်) ရှိခဲ့ကြောင်း ရှန်ဟိုင်းအကောက်ခွန်ရုံးထံမှ သိရသည်။ယင်းကိန်းဂဏန်းသည် ယခင် ၂၀၂၁ ခုနှစ် အလားတူကာလထက် ၁၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာသည်ကို ဖော်ပြကြောင်း အကောက်ခွန်ရုံးက ထည့်သွင်းပြောကြားခဲ့သည်။

စုစုပေါင်းကုန်သွယ်မှုပမာဏတွင် ပို့ကုန်သည် ယွမ် ၄၁၃ ဒသမ ၅ ဘီလီယံအထိ နှစ်အလိုက် ၂၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သွင်းကုန်သည် ယွမ် ၅၉၄ ဒသမ ၄ ဘီလီယံအထိ ၈ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

ပထမသုံးလပတ်အတွင်း ရှန်ဟိုင်းမြို့၏ ပို့ကုန်များတွင် စက်သုံးပစ္စည်း နှင့် လျှပ်စစ်နှင့်ဆိုင်သော ထုတ်ကုန်များသည် ၆၈ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး မော်တော်ကားများ ၊ မိုဘိုင်းလ်ဖုန်းများ ၊ လစ်သီယံ-အိုင်ယွန် ဘတ္တရီများ ၊ လူလုပ်အားများများလိုအပ်သော လုပ်သားအထူးပြု ထုတ်ကုန်များ တင်ပို့မှုများသည် တိုးပွားလာခဲ့သည်။ပထမသုံးလပတ်အတွင်း နည်းပညာမြင့်ထုတ်ကုန်များသည် ရှန်ဟိုင်းမြို့၏ အဓိက တင်သွင်းသည့် ထုတ်ကုန်များ ဖြစ်ခဲ့ကြောင်း သိရသည်။

ပထမသုံးလပတ်အတွင်း ရှန်ဟိုင်းမြို့၏ အကြီးဆုံးကုန်သွယ်ဖက်မှာ ဥရောပသမဂ္ဂ ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ ယွမ် ၁၉၆ ဒသမ ၂ ဘီလီယံ ရှိကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
Shanghai’s foreign trade expands 14.6 percent in Q1
SHANGHAI, April 19 (Xinhua) — Foreign trade in east China’s Shanghai Municipality hit 1.01 trillion yuan (about 158 billion U.S. dollars) in the first quarter of 2022, according to Shanghai customs.
The figure represents a 14.6 percent increase from the same period of last year, it added.
Of the total trade volume, exports rose 23.8 percent year on year to 413.5 billion yuan, while imports expanded by 8.9 percent to 594.4 billion yuan.
Mechanical and electrical products accounted for 68.7 percent of the city’s exports in Q1, while exports of automobiles, mobile phones, lithium-ion batteries and labor-intensive products registered growth. High-tech products were Shanghai’s main imported products during the period.
The city’s largest trade partner in the first quarter was the European Union, with a total trade volume of 196.2 billion yuan. ■
Photo – Aerial photo taken on April 15, 2022 shows a view of Shanghai’s Yangshan Port in east China. (Xinhua/Ding Ting)