Connect with us

Africa & Middle East

အာဖဂန်မြို့တော် ကဘူးလ်မြို့ ပေါက်ကွဲမှုအတွင်း လူအသေအပျောက်ရှိဟု ရဲတပ်ဖွဲ့ပြော

အာဖဂန်နစ္စတန်နိုင်ငံကဘူးလ်မြို့၌ လုံခြုံရေးကင်းလှည့်နေသော တာလီဘန်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော် အနောက်ဘက်စွန်ပိုင်းတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအသေအပျောက်ရှိကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Khalid Zadran ကအတည်ပြုပြောကြားခဲ့သည်။Abdul Rahim Shahid စာသင်ကျောင်း အနီး၌ ယနေ့နံနက်ဖြစ်ပွားသော ပေါက်ကွဲမှုအတွင်း လူအသေအပျောက်ရှိသည်ဟု Zadran က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အမည်မဖော်လိုသူမျက်မြင်သက်သေများက ပေါက်ကွဲမှု သုံးကြိမ် ကြားခဲ့ရကြောင်း နှင့် ယင်းအနက် နှစ်ကြိမ်မှာ ကဘူးလ်မြို့အနောက်ဘက်အစွန်ပိုင်းရှိ Dasht-e-Barchi ရပ်ကွက်အတွင်းက စာသင်ကြားရေးစင်တာများကို ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

————————
Blast causes casualties in Kabul: police

KABUL, April 19 (Xinhua) — A blast which rocked the western edge of Kabul city on Tuesday morning has left casualties, Kabul police spokesman Khalid Zadran confirmed.
The blast, which took place next to Abdul Rahim Shahid school, left casualties, Zadran said on his Twitter account.
In the meantime, eyewitnesses without giving their names say that three blasts were heard and two of them targeted education centers in Dasht-e-Barchi area on the western edge of Kabul city, leaving casualties. Enditem