Connect with us

Eastern Europe

ရုရှား-ယူကရိန်းပဋိပက္ခဆိုင်ရာ အချက်အလက်များ : ယူကရိန်းသို့ ကုလအတွင်းရေးမှူးချုပ် ရောက်ရှိ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဧပြီ ၂၇ ရက်တွင် ပိုလန်နယ်စပ်ကို ဖြတ်သန်းနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ)

အောက်ပါအချက်များသည် ရုရှား နှင့် ယူကရိန်းအကြား ပဋိပက္ခဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ယူကရိန်းနိုင်ငံသို့ ဧပြီ ၂၇ ရက်တွင် ရောက်ရှိလာခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီဥပိုလ်းမြို့ရှိ ပျက်စီးနေသောအဆောက်အဦရှေ့ လမ်းလျှောက်နေသူတစ်ဦးအား ဧပြီ ၂၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မာရီဥပိုလ်းမြို့ရှိ Azovstal စက်ရုံမှ မီးခိုးလုံးများထွက်ပေါ်နေသည်ကို ဧပြီ ၂၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

“ ရုရှားနိုင်ငံဆီသွားရောက်လည်ပတ်ပြီးနောက်မှတော့ ကျွန်တော်ဟာ ယူကရိန်းနိုင်ငံကို ရောက်ရှိလို့နေပါပြီ” ဟုဂူတာရက်စ်က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ပဋိပက္ခဇုန်များအတွင်း ပိတ်မိနေကြသည့် အရပ်သားများအား ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ရန် နှင့် လူသားချင်းစာနာမှုအထောက်အထားများ တိုးချဲ့ပေးအပ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရန်လိုတိုက်ခိုက်မှုများ အဆုံးသတ်ရန် ၎င်းက တိုက်တွန်းတောင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီဥပိုးလ်မြို့ရှိ Azovstal စက်ရုံးအတွင်း ပိတ်မိနေသည့် အရပ်သားများ ကယ်ထုတ်နိုင်ရန် ရုရှားနိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုတွင်ရရှိခဲ့သော သဘောတူညီချက်ရလဒ်အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်တွင် ပြုလုပ်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့၏ အစည်းအဝေးတစ်ခု၌ Azovstal စက်ရုံးတွင်းပိတ်မိနေသောအရပ်သားများအား ကယ်ထုတ်ရာတွင် ကုလသမဂ္ဂ နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ တို့ ပါဝင်လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းတစ်ခုကို သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး နှင့် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့သည် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
– – – –
ယူကရိန်းနိုင်ငံ သမ္မတဇယ်လန်းစကီးက မက်ခရို-ငွေကြေးထောက်ပံ့မှုအပါအဝင် ယူကရိန်းနိုင်ငံအတွက် နောက်ထပ် အထောက်အပံ့များနှင့်ပတ်သက်၍ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen နှင့် ဆွေးနွေးခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများသည် ရေနံတင်ပို့မှုအပါအဝင် ရုရှားနိုင်ငံအပေါ် ၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက တွစ်တာတွင်ရေးသားခဲ့သည်။
ယူကရိန်းခေါင်းဆောင်က ယူကရိန်းစက်မှုထုတ်ကုန်များနှင့် အစားအသောက်များအပေါ် အခွန်စည်းကြပ်မှု ဖျက်သိမ်းပေးခဲ့သည့်အတွက် ဥရောပကော်မရှင်အားကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီး နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ အကြား အစည်းအဝေးတစ်ခုပြုလုပ်ရန်မှာ သဘောတူညီမှုမရရှိသေးကြောင်း ယူကရိန်းနိုင်ငံသမ္မတအကြံပေးဖြစ်သူ Mykhailo Podolyak က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းဌာနက ဖော်ပြခဲ့သည်။
“ နှစ်နိုင်ငံသမ္မတတွေရဲ့ စည်းဝေးပွဲ အချိန်ဇယားနဲ့ ဆွေးနွေးမှုအကြောင်းအချင်းအရာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးပါဘူး” ဟု ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ Podolyak ကပြောကြားခဲ့သည်။

ဥပဒေပိုင်းဆိုင်ရာအသုံးအနှုန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ရပ်တည်ချက်များကို ပြင်ဆင်ဆောင်ရွက်သည့် လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့ခွဲများ အဆင့်၌ ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Podolyak ကဆိုသည်။
– – – –
ရုရှားနိုင်ငံသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO) မှ နုတ်ထွက်ကြောင်းကြေညာခဲ့သည်ဟု ယင်းအဖွဲ့က ဧပြီ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
“ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO) ကနေ နုတ်ထွက်မယ့်အကြောင်းကို ရုရှားနိုင်ငံက ကြေညာခဲ့ပါတယ်” ဟု UNWTO ကတွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်းပဲ ရုရှားနိုင်ငံသည် “ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ယင်းနုတ်ထွက်ရေးလုပ်ငန်းစဉ်သည် လမ်းကြောင်းမှန်များမှတဆင့် တရားဝင်ချိတ်ဆက်ဆောင်ရွက်မှု လက်ခံရရှိပြီး အလုံးစုံပြီးမြောက်ရန် အချိန်တစ်နှစ် ကြာမြင့်နိုင်ကြောင်း” ဖြည့်စွက်ဖော်ပြထားသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO) အထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအဝေးတစ်ရပ်ကို စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဧပြီ ၂၇ ရက် နှင့် ၂၈ ရက်များတွင် ကျင်းပလျက်ရှိသည်။ ယင်းအစည်းအဝေးသည် ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခ ဖြစ်ပွားနေခြင်းကြောင့် ရုရှားနိုင်ငံအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားသင့် မသင့်ကို ဆုံးဖြတ်သွားရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်နိုင်ရန် အဖွဲ့ဝင် ၁၆၀ အနက် သုံးပုံနှစ်ပုံ ၏ ထောက်ခံမှု လိုအပ်သည်။ အကယ်၍ ဆိုင်းငံ့ရန် အတည်ပြုပါက ယင်းမှာ ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

………………………………………
(English Version)
Facts about Russia-Ukraine conflict: UN chief arrives in Ukraine
BEIJING, April 28 (Xinhua) — The following are the latest developments regarding the conflict between Russia and Ukraine:
United Nations Secretary-General Antonio Guterres said on Wednesday he has arrived in Ukraine.
“I have arrived in Ukraine after visiting Moscow,” Guterres tweeted.
He said the UN will continue the work to expand humanitarian support and secure the evacuation of civilians from conflict zones, and he urged the end of hostilities.
The United Nations is following up on an agreement with Russia to coordinate the evacuation of civilians in the Azovstal plant in Mariupol of Ukraine, said a UN spokesman on Wednesday.
In a meeting with UN Secretary-General Antonio Guterres on Tuesday, Russian President Vladimir Putin agreed in principle to the involvement of the United Nations and the International Committee of the Red Cross in the evacuation of civilians from Azovstal.
Follow-on discussions were to be held with the UN Office for the Coordination of Humanitarian Affairs and the Russian Defense Ministry.
– – – –
Ukrainian President Volodymyr Zelensky said on Wednesday he had discussed further support for Kiev, including macro-financial assistance, with European Commission President Ursula von der Leyen.
The parties talked about the 6th sanctions package on Russia, which would include oil embargo, Zelensky tweeted.
The Ukrainian leader also said that he thanked the European Commission for deciding to abolish tariffs and quotas on Ukrainian industrial goods and foods.
Ukrainian Presidential Advisor Mykhailo Podolyak said on Wednesday that no agreement has been reached on a meeting between Ukrainian President Volodymyr Zelensky and his Russian counterpart Vladimir Putin, the Interfax-Ukraine news agency reported.
“The time of the meeting of the presidents of the two countries and the context of the meeting have not been determined yet,” Podolyak, also a member of the Ukrainian delegation to the peace talks with Russia, was quoted as saying.
Consultations at the level of working subgroups, which are preparing the positions of the parties in legal terms, are underway, Podolyak said.
– – – –
The World Tourism Organization (UNWTO) confirmed here on Wednesday that Russia had announced its intention to withdraw from the organization.
“Russia has announced its intention to withdraw from UNWTO,” explained the UNWTO in a tweet, adding that nevertheless Russia must “follow due process — and this will take a year to complete upon the receipt of the official communications through the appropriate channels.”
The extraordinary meeting of the General Assembly of UNWTO is taking place on Wednesday and Thursday in Madrid, the Spanish capital. Its objective is to decide whether or not Russia has to be suspended due to the conflict with Ukraine, among other issues. For the suspension of Russia to be effective, the support of two thirds of the 160 members that make up the organization will be necessary. If the suspension is approved, it will be applied immediately.

Photo(1) United Nations Secretary-General Antonio Guterres (C) crosses the border from Poland to Ukraine on April 27, 2022. (Eskinder Debebe/UN Photo/Handout via Xinhua)
Photo (2) A man walks near a damaged building in the port city of Mariupol, April 22, 2022. (Photo by Victor/Xinhua)
Photo (3) Photo taken on April 20, 2022 shows a view of the Azovstal plant in the port city of Mariupol. (Photo by Victor/Xinhua)