Connect with us

Asia

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲမှု နှစ်ဝက်ရှိပြီဖြစ်ရာ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်မှု ပိုမိုအားကောင်းလာ

တရုတ်-လာအို ရထားလမ်း မုန်လာ့ ဘူတာတွင် ရထားလက်မှတ်များ စစ်ဆေးနေစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြေးဆွဲမှုသည် ဇွန် ၃ ရက်တွင် နှစ်ဝက်ရှိလာပြီဖြစ်ရာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ပမာဏနှင့် အရည်အသွေး ကဏ္ဍနှစ်ခုလုံး တိုးတက်လာသလို နိုင်ငံတကာ ရွှေရောင် ကုန်စည်ထောက်ပို့ရေး လမ်းကြောင်း၏ အသုံးဝင်မှု အခန်းကဏ္ဍမှာလည်း ပိုမိုသိသာလာခဲ့သည်။ ဇွန် ၂ ရက်အထိ တရုတ်-လာအို ရထားလမ်းတွင် စုစုပေါင်း သယ်ယူပို့ဆောင်သည့် ခရီးသည် အ‌ရေအတွက် ၃.၂၇ သန်း ရှိပြီး ၎င်းအနက် တရုတ်လမ်းပိုင်းတွင် သယ်ယူပို့ဆောင်ခဲ့သော ခရီးသည် အရေအတွက် ၂.၈၆ သန်း၊ လာအိုလမ်းပိုင်းတွင် သယ်ယူပို့ဆောင်သည့် ခရီးသည် အရေအတွက် ၄၁၀,၀၀၀ ရှိကြောင်းနှင့် ကုန်ပစ္စည်းတန်ချိန် ၄.၀၃ သန်းရှိပြီး ၎င်းအနက် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုမှာ တန်ချိန် ၆၄၇,၀၀၀ ရှိလာပြီဖြစ်ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းပေါ်၌ ပြေးဆွဲနေသည့် ကုန်တင်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက် စတင်ဖွင့်လှစ်ပြေးဆွဲချိန်မှစ၍ ရထားလမ်းဌာနသည် တရုတ်-လာအို ရထားလမ်း ထိန်းသိမ်းရေးနှင့် လည်ပတ်ရေးကို ကောင်းမွန်စွာ အကောင်အထည်ဖော်ကာ ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်မှု အရည်အသွေးနှင့် ထိရောက်မှုကို ဘက်စုံ တိုးမြှင့်ခဲ့ပြီး တရုတ်-လာအို နှစ်နိုင်ငံပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာရန် ဝန်ဆောင်မှု ပေးခဲ့သည်။ အဆိုပါ ရထားလမ်းဌာနသည် ကပ်ရောဂါထိန်းချုပ်ရေးနှင့် ခရီးသည် ပို့ဆောင်ရေးကို တစ်စုတစ်စည်းတည်း စီမံခန့်ခွဲခြင်းဖြင့် ရထားလမ်းတစ်လျှောက် ပြည်သူများ၏ ခရီးသွားလာရေး လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးခဲ့သည်။ တရုတ်နိုင်ငံတွင် “တစ်နေ့ လည်ပတ်မှုဇယားတစ်ခု” ကို တိကျစွာ အကောင်အထည်ဖော်ကာ အမြန်ရထားများ တိုးမြှင့်ပြေးဆွဲခြင်းဖြင့် တစ်နေ့လျှင် ခရီးသည် ပို့ဆောင်ရေးရထားပြေးဆွဲမှု ပျမ်းမျှ အခေါက်ရေ ၄၃.၂ ခေါက်မှ အများဆုံး ၆၅ ခေါက်အထိ ရှိရာ တစ်နေ့လျှင် ခရီးသည် အများဆုံး ၃၃,၀၀၀ ကျော် ပို့ဆောင်နိုင်ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံနှင့် အာဆီယံအကြား အဆင်ပြေလွယ်ကူသည့် ကုန်စည်ထောက်ပို့ရေးလမ်းကြောင်း ဖြစ်လာခဲ့ရာ သယ်ယူပို့ဆောင်ရေးကြာချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) တရားဝင် စတင်အသက်ဝင်သည်နှင့်အမျှ နယ်စပ်ဖြတ်ကျော် ထောက်ပို့ရေး လိုအပ်ချက်မှာလည်း တိုးမြှင့်လာခဲ့သည်။ ထို့ကြောင့် လုပ်ငန်းကုမ္ပဏီ အများအပြားက တရုတ်-လာအို ရထားလမ်းမှ ဆောင်ကြဉ်းလာသည့် အခွင့်အရေးနှင့် အမြတ်ဝေစုများကို ပိုမိုခံစားနိုင်မည်ဖြစ်သည်။ (Xinhua)

………………………………………………………….
(Chinese Version)
中老铁路开通半年客货运量强劲增长
6月3日,中老铁路开通运营满半年,客货运输呈现量质齐升态势,国际黄金物流大通道作用日益显现。截至2日,中老铁路累计发送旅客327万人次,其中国内段286万人次、老挝段41万人次;发送货物403万吨,其中跨境货物64.7万吨。
中老铁路自2021年12月3日开通运营以来,铁路部门切实维护好、运营好中老铁路,全面提升客货运输品质效率,服务中老两国民众便捷出行。铁路部门统筹疫情防控和客运组织,较好地满足了沿线民众出行需求。国内段精准实施“一日一图”,动态增开动车组列车,日均开行客车43.2列,最高峰开行65列,最高日发送旅客3.3万人次;老挝段陆续开通了嘎西、孟阿、纳磨、纳堆等4个客站,办理客运业务的车站增至10个,并实现动车组与普速列车共线运行,日均开行客车6列,高峰日开行8列,最高单日发送旅客近5000人次。
中老铁路在中国和东盟间构建起一条便捷国际物流通道,运输时间压缩,物流成本降低。随着今年1月《区域全面经济伙伴关系协定》(RCEP)正式生效,跨境物流需求日益旺盛,更多企业享受中老铁路带来的机遇和红利。(记者丁怡全、庄北宁)
图说1- 旅客在中老铁路勐腊站检票乘车。(中国铁路昆明局集团有限公司供图)
图说2- 货运列车行驶在中老铁路上。(中国铁路昆明局集团有限公司供图)