Connect with us

Asia

အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ်အတွင်း သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် နုတ်ထွက်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၁ ရက်တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်တာဝန်ထမ်းဆောင်ရန် အခမ်းအနားတက်ရောက်ခဲ့သည့် Mahinda Rajapaksa အား တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ မေ ၁၀ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က မြို့တော် ကိုလံဘိုမြို့၌ ၎င်းအား ထောက်ခံသူများ နှင့် အစိုးရဆန့်ကျင်သော ပြည်သူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း မေ ၉ ရက်တွင် ကြေညာခဲ့သည်။သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ထံသို့ ဝန်ကြီးချုပ်က ၎င်း၏ နုတ်ထွက်စာအား တင်ပြခဲ့ပြီးနောက် တစ်ပြိုင်နက် ဝန်ကြီးချုပ်က ၎င်း၏တရားဝင်တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် နုတ်ထွက်ပြီးနောက် မကြာမီတွင် ကျန်းမာရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင်တစ်ချို့သည် သမ္မတထံသို့ ၎င်းတို့၏ နုတ်ထွက်စာများအား တင်ပြခဲ့ကြောင်းလည်း သိရသည်။

ထိုနေ့အတွင်း ဆန္ဒပြသူများအကြား အကြမ်းဖက်ပဋိပက္ခများကြောင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ခဲ့ပြီး လူ ၈၀ ဦးထက်မနည်းအား ဆေးရုံတင်ထားရကြောင်း ကိုလံဘိုအမျိုးသားဆေးရုံထံမှ သိရသည်။

သီရိလင်္ကာနိုင်ငံသည် အခြေခံမရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ်ကာ ကဏ္ဍအများအပြားအား ထိခိုက်ခဲ့သည့် ဆိုးရွားသည့် စီးပွားရေးအကြပ်အတည်း ဖြစ်ပေါ်နေစဉ်အတွင်း သီတင်းပတ်များအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများအား ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ (Xinhua)

——————–
(English Version)
Sri Lankan PM resigns amid violent protests
COLOMBO, May 9 (Xinhua) — Sri Lankan Prime Minister Mahinda Rajapaksa on Monday said he has resigned from the post as violent protests broke out in the capital between his supporters and anti-government people.
The prime minister said in an official Twitter message that with immediate effect, he has tendered his resignation to President Gotabaya Rajapaksa.
Soon after the prime minister’s resignation, some cabinet ministers including the health minister also presented their resignations to the president.
During the day, a curfew was imposed in violent clashes among protesters and at least 80 people have been hospitalized, according to the Colombo National Hospital.
Sri Lanka has been facing political instability for weeks amid a severe economic crisis that has affected several sectors and created a shortage of basic essential supplies. ■
Photo – Mahinda Rajapaksa attends a ceremony to officially assume duties as Prime Minister of Sri Lanka at Temple Trees in Colombo, Sri Lanka, Aug. 11, 2020. Leader of Sri Lanka Podujana Peramuna party Mahinda Rajapaksa took his oath as the nation’s new prime minister on Sunday after his party secured a landslide victory in the recently concluded parliamentary election. (Photo by Ajith Perera/Xinhua)