Connect with us

Politics, Law & Military

သမ္မတရှီက တရုတ်လူငယ်များသည် အိပ်မက်များကို ကောင်းစွာသိရှိနားလည်အကောင်အထည်ဖော်ရန် တောက်ပသောမျှော်လင့်ချက်များ ရှိကြောင်း ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်အန်းမင်ရင်ပြင်၌ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၂ နှစ်မြောက် အလံတင်အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်တွင် တရုတ်လူငယ်များအနေဖြင့် ၎င်းတို့၏ အိပ်မက်များအား လက်တွေ့အကောင်အထည်ဖော်ရန် တောက်ပသည့် မျှော်လင့်ချက်များရှိကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ တရုတ်သမ္မတရှီကျင့်ဖိန်က ပေကျင်းမြို့ရှိ တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတစ်ခုနှင့် တရုတ်အိပ်မက်အား ကောင်းစွာသိရှိနားလည်ကောင်အထည်ဖော်ခြင်းကို နှိုင်းယှဉ်ကာ သမ္မတရှီက လူငယ်မျိုးဆက်များသည် အမျိုးသားနုပျိုသစ်လွင်မှုအား ကောင်းစွာသိရှိနားလည်အကောင်အထည်ဖော်ရန် အတတ်နိုင်ဆုံး ကူညီရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

သမ္မတရှီက လူငယ်များသည် ကြီးလေးသည့်တာဝန်များအား ထမ်းရွက်သူများ ဖြစ်ကြပြီး ၎င်းတို့၏ ပင်ကိုစွမ်းရည်များအား အပြည့်အဝအသုံးပြုရန် ကျယ်ဝန်းသောနေရာ ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(English Version)
Xi says young Chinese have bright prospects of realizing dreams
BEIJING, May 10 (Xinhua) — Young Chinese people in the new era have bright prospects of realizing their dreams, Chinese President Xi Jinping said on Tuesday.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks at a ceremony marking the centenary of the Communist Youth League of China in Beijing.
Comparing the realization of the Chinese Dream to a relay race, Xi called on young generations to strive for their best to help realize national rejuvenation.
Xi said the young people shoulder heavy responsibilities and have a broad space to give full play to their talents. ■
Photo – A flag-raising ceremony to celebrate the 72nd anniversary of the founding of the People’s Republic of China is held at the Tian’anmen Square in Beijing, capital of China, Oct. 1, 2021. (Xinhua/Chen Zhonghao)