Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ တိုက်ခိုက်မှုများဖြစ်ပွားခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂပြော

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ တပ်မ ၄၄၄ မှ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည်ကို ဇွန် ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ၌ လက်နက်ကိုင်အုပ်စုများအကြား သောကြာနေ့ ညပိုင်းက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂထောက်ပံ့ရေးအစီအစဉ်(UNSMIL) က ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။“လက်နက်ကိုင်အုပ်စုတွေအကြား မနေ့ညက ထရီပိုလီမြို့မှာ တိုက်ခိုက်မှုဖြစ်ပွားတဲ့ သတင်းပေးပို့ချက်တွေကို UNSMIL က လက်ခံရရှိခဲ့ပါတယ် ၊ သီးခြားလှုပ်ရှားနေကြတဲ့ လက်နက်ကိုင်အုပ်စုတွေဟာ ထရီပိုလီမြို့ပတ်ချာလည်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့ကြလို့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်မှုဖြစ်ပေါ်ခဲ့ရပါတယ်” ဟု UNSMIL ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ တပ်မ ၄၄၄ မှ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည်ကို ဇွန် ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယင်းတိုက်ခိုက်မှုများအတွင်း အနည်းဆုံး လူ ၄ ဦးသေဆုံးသွားကြောင်း လုံခြုံရေးသတင်းအမြစ်တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ တိုက်ခိုက်မှုများကို မည်သည့်လက်နက်ကိုင်အဖွဲ့များက ပြုလုပ်ခဲ့သည်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ နိုင်ငံတကာမိတ်ဖက်များ နှင့် လစ်ဗျားမှ သက်ဆိုင်သူများသည် ပြဿနာကို အဖြေရှာရန်ကြိုးပမ်းမှုအနေဖြင့် အီဂျစ်နိုင်ငံ၌ မကြာမီ စကားဝိုင်းဆွေးနွေးမှု ပြုလုပ်ရန် လုပ်ဆောင်နေသည့် နိုင်ငံရေးအရ အလွန်အရေးကြီးပြီးထိလွယ်ရှသော ယခုလို ကာလမျိုးတွင် ထိုနေရာ၌ (ထရီပိုလီ) ဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ UNSMIL က နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံ၏ ယိုယွင်းနေသော မတည်ငြိမ်မှုများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းရန် နှင့် အမြင့်ဆုံးထိန်းသိမ်းမှုပြုလုပ်ရန် လစ်ဗျားနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ကုလသမဂ္ဂက တောင်းဆိုခဲ့သည်။

လစ်ဗျားနိုင်ငံဝန်ကြီးချုပ် Abdul-Hamid Dbeibah က ပဋိပက္ခတိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး တိုက်ပွဲများ ရပ်စဲရန် နှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် တရားဥပဒေစိုးမိုးရေး အမိန့်ပေးခဲ့ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံတွင် ယခင်ခေါင်းဆောင်(ဟောင်း) မာမွတ်ကဒါဖီပြုတ်ကျသွားချိန်မှစတင်၍ နိုင်ငံအတွင်း ဗရမ်းပတာအခြေအနေများ နှင့် လုံခြုံရေးမတည်ငြိမ်မှုများကို ကြုံတွေ့ခံစားနေရကြောင်း သိရသည်။(Xinhua)

————————–
(English Version)

UN voices concern about clashes in Libya’s Tripoli
TRIPOLI, June 11 (Xinhua) — The United Nations Support Mission in Libya (UNSMIL) on Saturday expressed concern about clashes that erupted in Libyan capital Tripoli on Friday night between armed groups.
“UNSMIL has received reports of clashes in Tripoli last night between armed groups, which endangered the lives of civilians, and separately of mobilization of armed groups along with heavy weapons from areas surrounding Tripoli,” UNSMIL said in a statement.
A local security source told Xinhua that at least 4 people were injured in the clashes. The armed groups were yet to be identified.

UNSMIL is deeply concerned about these developments, during an extremely sensitive period of political polarization which the United Nations, international partners, and concerned Libyans are making efforts to resolve, including through imminent rounds of dialogues in Egypt, the statement said.
The UN mission called on all parties in Libya to exercise maximum restraint and address disputes through dialogue to preserve the country’s fragile stability.
Libyan Prime Minister Abdul-Hamid Dbeibah condemned the clashes and issued orders to stop the clashes and secure the area.
Libya has been suffering insecurity and chaos since the fall of the late leader Muammar Gaddafi’s regime in 2011.

Photo (1,2) Fighters of Libyan army’s 444th brigade of the Government of National Unity are seen in Tripoli, capital of Libya, on June 10, 2022. (Xinhua/Hamza Turkia)