Environment, Disasters & Accidents
တရုတ်နိုင်ငံက သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် ယွမ် သန်း ၃၆၀ သုံးစွဲရန် လျာထား
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)
ရေကြီးရေလျှံမှုထိန်းချုပ်ခြင်း နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းတို့နှင့်အတူ ဒေသဆိုင်ရာအစိုးရများကို ရံပုံငွေထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံသည် ၎င်း၏ ဗဟိုအစိုးရသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးရံပုံငွေကို ယွမ် သန်း ၃၆၀ (အမေရိကန်ဒေါ်လာ ၅၃.၇၄ သန်း) တိုးမြှင့်ခွဲဝေချထားရန် လျာထားကြောင်း သိရသည်။Hunan ၊ Guangxi နှင့် Guizhou တို့အပါအဝင် တောင်ပိုင်းရှိ ပြည်နယ်အဆင့် ဒေသ ၁၂ ခုအတွက် သဘာဝဘေးအန္တရာယ်အတွင်း ရှာဖွေရေး ၊ ကယ်ဆယ်ရေး နှင့် ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့မှုခွဲတမ်းများ ၊ အရေးပေါ်ကုသရေး ၊ ဒုတိယအကြိမ်သဘာဝဘေးကြိုတင်ထောက်လှမ်းခြင်း နှင့် ပျက်စီးသွားသော လူနေအိမ်များ ပြင်ဆင်ဆောင်ရွက်ခြင်း အပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ယွမ် သန်း ၃၄၀ ခွဲဝေသုံးစွဲသွားရန် လျာထားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ကျန်ရံပုံငွေ ယွမ်းငွေ သန်း ၂၀ ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် ရေရှားပါးမှုအခက်အခဲကို ဖြေရှင်းရန် ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း နိုင်ငံ၏ တောင်ပိုင်းဒေသများသည် မိုးကြီးလေကြီးမှုဒဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရပြီး ရေကြီးရေလျှံမှုများ ၊ မြေပြိုမှုများ နှင့် ရွှံ့နွံစီးဆင်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော မေလတွင် ရေကြီးမှုကြောင့် ပြည်နယ်အဆင့် ဒေသ ၁၅ ခုတွင် လူနေအိမ် အလုံးပေါင်း ၁,၀၀၀ ကျော်ထိခိုက်ပျက်စီးခဲ့ရပြီး လူပေါင်း ၂.၅၂ သန်းအပေါ် သက်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနကဆိုသည်။
အဆိုပါရေကြီးရေလျှံမှုများကြောင့် ပြီးခဲ့သောလတွင် တိုက်ရိုက်စီးပွားရေးထိခိုက်နစ်နာမှု ၅ ဒသမ ၀၉ သန်း ဆုံးရှုံးခဲ့ရပြီး လွန်ခဲ့သော ငါးနှစ်ကျော်က အလားတူကာလအတွင်း ဆုံးရှုံးမှုပမာဏတွင် ပျမ်းမျှ ၃၅ ရာခိုင်နှုန်းထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။(Xinhua)
—————————
(English Version)
China earmarks 360 mln yuan to support disaster relief
BEIJING, June 11 (Xinhua) — China on Friday allocated 360 million yuan (53.74 million U.S. dollars) in advance from its central natural disaster relief funds to help local governments with flood control and disaster relief, the Ministry of Emergency Management said Saturday.
Some 340 million yuan was earmarked for 12 southern provincial-level regions, including Hunan, Guangxi and Guizhou, to help them with the search, rescue and relocation of affected people, emergency treatment, secondary disaster detection and the repair of damaged houses, the ministry said.
The remaining 20 million yuan was allocated to northeast China’s Liaoning Province to solve the water shortage there.
Several rounds of rainstorms have battered the country’s southern areas this year, triggering floods, landslides and mud-rock flows.
In May, floods damaged over 1,000 houses and affected 2.52 million people in 15 provincial-level regions, leaving 10 people dead or missing, according to the ministry.
Floods caused a direct economic loss of 5.09 billion yuan last month, up 35 percent from the average during the same period over the past five years.
Photo- Aerial photo taken on June 4, 2022 shows a view of the Rongjiang River after heavy rainfall in Rongshui Miao Autonomous County, south China’s Guangxi Zhuang Autonomous Region. (Xinhua/Huang Xiaobang)