Connect with us

China

တရုတ်နိုင်ငံက ခရီးသည်များအတွက် ဘေးကင်းစိတ်ချရသော ခရီးစဉ်များဖြစ်စေရန် ဝန်ဆောင်မှုများ မြှင့်တင်လျက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် Zhuzhou မြို့ရှိ Zhuzhou ဘူတာရုံတွင် ခရီးသည်များကို စောင့်ဆိုင်းနေသော ရထားများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နွေရာသီခရီးသွားလာမှု များပြားသောကာလ၌ ခရီးသည်များအတွက် ဘေးကင်းစိတ်ချရသော ခရီးစဉ်များဖြစ်စေရန် ရထားနှင့် လေကြောင်းခရီးသွား ဝန်ဆောင်မှုများကို မြှင့်တင်လျက်ရှိသည်။ ဇူလိုင် ၁ ရက်မှ ဩဂုတ် ၁၁ ရက်အတွင်း ရထားစီးခရီးသည် ခရီးစဉ်ပေါင်း ၃၀၉ သန်းခန့်ရှိခဲ့ပြီး ပျမ်းမျှ နေ့စဉ်ခရီးစဉ်များမှာ ၇.၃၆၅ သန်းခန့် ရှိကြောင်း China State Railway Group Co., Ltd. (China Railway) အရ သိရသည်။ ယခုနှစ်၏ နွေရာသီခရီးသွားလာမှုများပြားသော ကာလသည် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ရက်ပေါင်း ၆၂ ရက် ကြာမြင့်မည်ဖြစ်သည်။ ထိုသို့ နွေရာသီခရီးသွားလာမှုများပြားသော ကာလသည် ကောလိပ်ကျောင်းသူ၊ ကျောင်းသားများ နေအိမ်ပြန်ခြင်းနှင့် မိသားစုလိုက်ခရီးထွက်ခြင်းများနှင့် ခရီးသွားလာမှု မြင့်တက်ခြင်းများမှ ဖြစ်ပေါ်လာသော သယ်ယူပို့ဆောင်မှု တောင်းဆိုချက်များကြောင့် တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းအတွက် အလုပ်များသောရာသီ ဖြစ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

China improves rail and air travel services in the summer travel rush to ensure safe trips for passengers. About 309 million railway passenger trips were made between July 1 to August 11, with average daily trips reaching around 7.365 million, according to the China State Railway Group Co., Ltd. (China Railway). This year’s summer travel rush will last for 62 days from July 1 to August 31. The travel rush is usually a busy season for China’s railway system as college students return home and transport demand from family visits and travel soars. xhtxs.cn/yx7
Photo : Passengers wait for trains at Zhuzhou Railway Station in Zhuzhou, central China’s Hunan Province, July 1, 2022. (Xinhua/Chen Sihan)