Connect with us

Africa & Middle East

အစ္စရေးရှိ မြို့များကို တိုက်ခိုက်နိုင်စွမ်းရှိသော ဒရုန်းများ အီရန်ထုတ်လုပ်

အီရန်နိုင်ငံ တောင်ပိုင်း Kish Island တွင် လေကြောင်းပြပွဲအတွင်း လေယာဉ်များ ပါဝင်ပြသနေသည်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ စစ်တပ်က အစ္စရေးနိုင်ငံရှိ မြို့များဖြစ်သော Tel Aviv နှင့် Haifa မြို့များအား တိုက်ခိုက်နိုင်စွမ်းရှိသည့် အဆင့်မြင့် မောင်းသူမဲ့လေယာဉ် (UAV) တစ်စင်းအား ထုတ်လုပ်ခဲ့ကြောင်း အီရန် တပ်မှူး၏ ပြောကြားချက်အား ကိုးကား၍ Press TV က စက်တင်ဘာ ၁၂ ရက်က သတင်းဖော်ပြခဲ့သည်။သတ်မှတ်ထားသော ပစ်မှတ်အား တိုက်ခိုက်၊ ဖျက်ဆီးခြင်းမပြုမီ အချက်အလက်အား ပြန်လည်ထုတ်ယူနိုင်စွမ်း ရှိသော Arash-2 ဒရုန်းသည် “Haifa နှင့် Tel Aviv ပစ်မှတ်ထားရန် အထူးဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့ တပ်မှူး Kioumars Heydari က စက်တင်ဘာ ၁၁ ရက် တွေ့ဆုံမေးမြန်းခြင်း၌ ပြောကြားခဲ့သည်။

Arash-2 အား “ပြိုင်ဘက်ကင်းသော” လေယာဉ်အဖြစ် ဖော်ပြလျက် ၎င်းလေယာဉ်၏ စွမ်းဆောင်နိုင်မှုများသည် အနာဂတ်စစ်ရေးလေ့ကျင့်မှုများ၌ ထည့်သွင်းပြသမည်ဖြစ်ကြောင်း Heydari က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

Iran develops drone capable of striking Israeli cities: commander
TEHRAN, Sept. 12 (Xinhua) — The Iranian army has developed an advanced unmanned aerial vehicle (UAV) capable of striking the Israeli cities of Tel Aviv and Haifa, Press TV reported Monday, citing an Iranian commander.
The Arash-2 drone, with the capability to retrieve information before striking and destroying the designated target, “has been specifically designed to target Haifa and Tel Aviv,” Kioumars Heydari, ground force commander of the Iranian army, said in an interview on Sunday.
Describing Arash-2 as a “peerless” aerial vehicle, Heydari added that its capabilities will be showcased in future military exercises.
Photo : Airplanes perform during an air show in Kish Island, southern Iran, on Nov. 26, 2018. (Xinhua File photo)