Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးအသစ်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက နိုင်ငံတကာအရေးကိစ္စရပ်များနှင့် တရုတ်နိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ ဆင်ဟွာသတင်းဌာနနှင့် တရုတ်မီဒီယာဂရုအား ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၃၀ ရက်က အင်တာဗျူးဖြေကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် Park Jin အား တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် မေ ၁၃ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အစဉ်ထာဝရရင်းနှီးသော အိမ်နီးချင်းများနှင့် တစ်စိတ်တဝမ်းတည်းရှိသော မိတ်ဖက်များဖြစ်ကြောင်း ဝမ်က ၎င်း၏ သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်မြောက်သည့်နှစ်ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၃၀ တွင် နှစ်နိုင်ငံဆက်ဆံရေးသည် နယ်ပယ်အမျိုးမျိုးတွင် အကျိုးအမြတ်ရှိသော ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်များဖြင့် အဘက်ဘက်တွင် တဟုန်ထိုး တိုးတက်လာခဲ့ကြောင်း ဝမ်က ဆိုသည်။

အခြေအနေသစ်များအရ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ကြီးမားစွာဖွံ့ဖြိုးတိုးတက်လာစေရန် တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝမ်က သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………………………….
(English Version)
Chinese FM congratulates South Korea’s new FM on assuming office
BEIJING, May 14 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi on Friday sent a congratulatory message to Park Jin on his assumption of office as foreign minister of South Korea.
In his message, Wang said China and South Korea are forever close neighbors and inseparable partners.
Noting that this year marks the 30th anniversary of bilateral diplomatic ties, Wang said that over the past 30 years, bilateral relations have enjoyed all-round and rapid development with fruitful exchanges and cooperation in various fields.
Under new circumstances, China is ready to work with South Korea to push for greater development of China-South Korea strategic cooperative partnership, Wang said. Enditem
Photo-Chinese State Councilor and Foreign Minister Wang Yi speaks in an interview with Xinhua News Agency and China Media Group on the international situation and China’s diplomacy in 2021, on Dec. 30, 2021. (Xinhua/Yue Yuewei)