Connect with us

Asia

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ဘတ်စ်ကားမီးလောင်မှုကြောင့် ၄ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ဆောင်းရာသီမြို့တော် ဂျမ်မူးမြို့တွင် ဘတ်စ်ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ကလေးငယ်တစ်ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ လွှဲပြောင်းနေစဉ် (ဓာတ်ပုံ- Str/Xinhua)

ဆရီနာဂါ၊ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား၊ မေ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ခရီးသည်များအား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး မေ ၁၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုရားဖူးလာသူ ၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၄ ဦး မီးလောင်မှုများ ခံစားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော် ဆရီနာဂါမြို့ တောင်ဘက် ၂၂၄ ကီလိုမီတာခန့်အကွာ၊ Reasi ခရိုင်ရှိ Katra မြို့အနီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ဆောင်းရာသီမြို့တော် ဂျမ်မူးမြို့တွင် ဘတ်စ်ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ခရီးသည်တစ်ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ သယ်ဆောင်နေစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ဆောင်းရာသီမြို့တော် ဂျမ်မူးမြို့တွင် ဘတ်စ်ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ခရီးသည်တစ်ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ သယ်ဆောင်နေစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ဆောင်းရာသီမြို့တော် ဂျမ်မူးမြို့တွင် ဘတ်စ်ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ခရီးသည်တစ်ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ သယ်ဆောင်နေစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ ဆောင်းရာသီမြို့တော် ဂျမ်မူးမြို့တွင် ဘတ်စ်ကားမီးလောင်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ခရီးသည်တစ်ဦးကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ သယ်ဆောင်နေစဉ် (ဓာတ်ပုံ- Str/Xinhua)

“ဒီနေ့ Katra မြို့မှ ဂျမ်မူးမြို့သို့ မောင်းနှင်နေသော မှတ်ပုံတင်အမှတ် JK14-1831 ရှိသော ဘတ်စ်ကားက Katra မြို့မှ ၁ ကီလိုမီတာခန့်အကွာမှာ မီးလောင်သွားတာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ ဘုရားဖူး ၄ ဦးသေဆုံးခဲ့ပြီး အခြား ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

“ဒဏ်ရာရတဲ့ ဘုရားဖူးအချို့ရဲ့ အခြေအနေကတော့ စိုးရိမ်ရပြီး အထူးဆေးကုသမှုခံယူနိုင်အောင် အခြားဆေးရုံတွေဆီ ပို့ဆောင်ထားပါတယ်”

ဘတ်စ်ကားမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် မီးလောင်ရသည့်အကြောင်းရင်းကို သေချာစွာသိရှိနိုင်စေရန်အလို့ငှာ မှုခင်းဆေးပညာအဖွဲ့များကလည်း နမူနာများ စုဆောင်းရန် အခင်းဖြစ်ပွားရာနေရာသို့ချက်ချင်းသွားရောက်ခဲ့ကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။

မီးလောင်မှုမှာ အင်ဂျင်နေရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားတစ်စီးလုံးသို့ ချက်ချင်း ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။ (Xinhua)

…………………………………………
(English Version)
Bus fire kills 4, injures 24 in Indian-controlled Kashmir
Source: Xinhua| 2022-05-13 23:28:26|Editor: huaxia
SRINAGAR, Indian-controlled Kashmir, May 13 (Xinhua) — At least four pilgrims were killed and 24 others suffered burns on Friday after a bus carrying them caught fire in Indian-controlled Kashmir, police said.
The bus caught fire near Katra town in Reasi district, about 224 km south of Srinagar city, the summer capital of Indian-controlled Kashmir.
“Today a bus bearing registration number JK14-1831 on way from Katra to Jammu caught fire about 1 km from Katra. Four pilgrims were killed in the incident and 24 others were injured,” a police official said.
“The condition of some of the injured pilgrims is said to be critical and they have been transported to other hospitals for specialized treatment.”
Police officials said the probable cause of the fire was being investigated and forensic teams have been rushed to the spot to collect samples in order to ascertain the cause of the blaze.
Reports said the fire started from the engine area and immediately engulfed the whole bus. Enditem
Photo 1 : People transfer a child injured in a bus fire to a hospital for treatment in Jammu, the winter capital of Indian-Controlled Kashmir, on May 13, 2022. At least four pilgrims were killed and 24 others suffered burns on Friday after a bus carrying them caught fire in Indian-controlled Kashmir, police said. (Str/Xinhua)
Photo 2 – 5 : An injured passenger is wheeled to a hospital for treatment in Jammu, the winter capital of Indian-Controlled Kashmir, on May 13, 2022. At least four pilgrims were killed and 24 others suffered burns on Friday after a bus carrying them caught fire in Indian-controlled Kashmir, police said. (Str/Xinhua)