Connect with us

North America

အမေရိကန်၊ ရုရှား ကာကွယ်ရေးအကြီးအကဲများ ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ပထမဆုံး တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu (ဝဲ) နှင့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoigu တို့သည် ယူကရိန်းနိုင်ငံ၌ ရုရှားက အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် တယ်လီဖုန်းဖြင့် မေ ၁၃ ရက်က ဆက်သွယ်စကားပြောကြားခဲ့ကြောင်း သိရသည်။
အော်စတင်က “ယူကရိန်းမှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပြီး ဆက်သွယ်ရေးလိုင်းတွေ ထိန်းသိမ်းခြင်းက အရေးပါကြောင်းကို အလေးထားပြောခဲ့တယ်” ဟု ၎င်းတို့ တယ်လီဖုန်းပြောကြားပြီးနောက် ထုတ်ပြန်ချက်၌ ပင်တဂွန် ပြန်ကြားရေးအတွင်းဝန် ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

အော်စတင်နှင့် Shoigu တို့သည် ဖေဖော်ဝါရီ ၁၈ ရက်က နောက်ဆုံးဆက်သွယ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ Mark Milley ကလည်း ရုရှားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် Valery Gerasimov နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိ၏ ပြောကြားချက်အားကိုးကား၍ CNN က သတင်းဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၁၁ ရက်က နောက်ဆုံးဆက်သွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

မေ ၁၃ ရက် ထုတ်ပြန်ချက်အရ ရုရှား ကာကွယ်ရေးဝန်ကြီးက Shoigu နှင့် အော်စတင်တို့သည် ယူကရိန်းရှိ အခြေအနေအပါအဝင် နိုင်ငံတကာ လုံခြုံရေး ထိပ်တန်းရောက်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
U.S., Russian defense chiefs hold first phone conversation since start of Ukraine conflict
Source: Xinhua
Editor: huaxia
2022-05-14 03:08:00
WASHINGTON, May 13 (Xinhua) — U.S. Defense Secretary Lloyd Austin and Russian Defense Minister Sergey Shoigu spoke over the phone on Friday, marking the first call between the two since Russia launched the special military operation in Ukraine.
Pentagon Press Secretary John Kirby said in a brief statement following the call that Austin “urged an immediate ceasefire in Ukraine and emphasized the importance of maintaining lines of communication.”
Kirby said the last time Austin and Shoigu spoke to each other was on Feb. 18.
U.S. Chairman of the Joint Chiefs of Staff Mark Milley is expected to reach out to his Russian counterpart, Valery Gerasimov, to request a phone call, according to a CNN report citing a U.S. defense official. The two last spoke on Feb. 11.
In a brief statement issued on Friday, the Russian Defense Ministry said Shoigu and Austin discussed topical issues of international security, including the situation in Ukraine. ■
Photo : Combo photo of Russian Defense Minister Sergei Shoigu (L) and U.S. Secretary of Defense Lloyd Austin. (Xinhua)