Connect with us

Europe

ဟန်ဂေရီနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတ Novak ကျမ်းသစ္စာကျိန်ဆို

ဟန်ဂေရီနိုင်ငံသမ္မတ Katalin Novak က ဘူဒါပတ်မြို့ရှိ လွတ်တော်အဆောက်အအုံရှေ့၌ မေ ၁၄ ရက်တွင် ကျင်းပပြုလုပ်သော ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဘူဒါပတ် ၊ မေ ၁၅ ရက်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ Katalin Novak သည် မေ ၁၄ ရက်တွင် ပြုလုပ်သော ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် မျှော်လင့်ချက် နှင့် စည်းလုံးညီညွတ်မှု အတွက် သတင်းစကားအား အလေးထားပြောကြားခဲ့သည်။“ကပ်ရောဂါ ၊ လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ စီးပွားရေးစိန်ခေါ်မှုတွေကို ထည့်သွင်းစဉ်းစားထားတဲ့ တုံ့ပြန်မှုတွေအပြင် အနာဂတ်မှာ နောက်ထပ်တည်ဆောက်မှုတွေအတွက် ခွန်အားတွေ ရှိနေအုန်းမယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။”ဟု ၎င်းက လွတ်တော်အဆောက်အအုံရှေ့တွင် ပြောကြားခဲ့သည်။

 

ဟန်ဂေရီနိုင်ငံသမ္မတ Katalin Novak က ဘူဒါပတ်မြို့ရှိ လွတ်တော်အဆောက်အအုံရှေ့၌ မေ ၁၄ ရက်တွင် ကျင်းပပြုလုပ်သော ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးနေစဉ်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံသမ္မတ Katalin Novak က ဘူဒါပတ်မြို့ရှိ လွတ်တော်အဆောက်အအုံရှေ့၌ မေ ၁၄ ရက်တွင် ကျင်းပပြုလုပ်သော ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

သမ္မတ Novak က ၎င်း၏ ရာထူးသက်တမ်းအတွင်း ပါတီသဘောထားရပ်တည်ချက်ပေါ်တွင် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။“ကျွန်မရဲ့လုပ်ငန်းတာဝန်က ဟန်ဂေရီလူမျိုးတွေ အတူတူပိုင်ဆိုင်ကြတဲ့ အခန်းကဏ္ဍတွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ပါတီနိုင်ငံရေးရဲ့ သဘောသဘာဝ အတိုက်အခံကို ကျော်လွန်တဲ့ ကျွန်မတို့ရဲ့လူနေမှုတွေကို ရှာဖွေပြီးတော့ ပြသသွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းကျမ်းသစ္စာကျိန်ဆိုပွဲအား စစ်တပ်၏ ဂုဏ်ပြုအခမ်းအနားနှင့်အတူ စတင်ခဲ့ကြောင်း သိရသည်။

အလံတင်အခမ်းအနားအပြီး သမ္မတ Novak နှင့် တာဝန်ရှိသူများသည် ဟန်ဂေရီနိုင်ငံတော်သီချင်းကို နာခံယူခဲ့ပြီးနောက် လွှတ်တော် ဥက္ကဋ္ဌ Laszlo Kover က သမ္မတ ရွေးကောက်တင်မြှောက်ရန် လွှတ်တော်၏ ဆုံးဖြတ်ချက်အား တင်ပြခဲ့ကြောင်း သိရသည်။မတ် ၁၀ ရက်တွင် လွှတ်တော်သည် နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် Katalin Novak အား ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————
Hungary’s first female President Novak inaugurated

BUDAPEST, May 14 (Xinhua) — Hungary’s first female President Katalin Novak gave a message of hope and unity in her inauguration ceremony here on Saturday.

“In addition to the responses given to pandemics, security threats and economic challenges, I am hopeful that we shall still have strength for further constructions in the future,” she said in front of the Parliament building.Novak vowed to stand above party lines during her upcoming years in office.

“My task is to find the places where Hungarians belong together. I will look for and show the things in our lives that are beyond the natural opposition of party politics,” she said.The ceremony started with military honors.

Following the flag-raising ceremony, Novak and the dignitaries listened to the national anthem of Hungary, and then Laszlo Kover, Speaker of the Parliament, presented the official decision of the Parliament to elect the President.On March 10, the parliament elected Novak as the first female president of the country.

Photo 1 – Hungarian President Katalin Novak delivers a speech during her inauguration ceremony in front of the Parliament building in Budapest, Hungary, May 14, 2022. (Photo by Attila Volgyi/Xinhua)

Photo 2 – Hungarian President Katalin Novak inspects the honor guards during her inauguration ceremony in front of the Parliament building in Budapest, Hungary on May 14, 2022. (Photo by Attila Volgyi/Xinhua)

Photo 3 – Hungarian President Katalin Novak (front, C) is being applauded after she delivers a speech during her inauguration ceremony in front of the Parliament building in Budapest, Hungary, May 14, 2022. (Photo by Attila Volgyi/Xinhua)■