Europe
ရုရှားက ဗြိတိန်မီဒီယာ နှင့် ကာကွယ်ရေးဝန်ကြီးဌာတို့မှ လူပုဂ္ဂိုလ်များကို အရေးယူပိတ်ဆို့
မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံသည် လက်တုန်ပြန်သည့်အနေဖြင့် ဗြိတိန်မီဒီယာများမှ လူပေါင်း ၂၉ ဦး နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လူပေါင်း ၂၀ ဦးကို လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ယင်းဒဏ်ခတ်ပိတ်ဆို့မှုအရ The Guardian ၊ BBC နှင့် အခြားသော ဗြိတိန်မီဒီယာများအတွက် အလုပ်လုပ်ကိုင်နေကြသော သတင်းသမားအချို့နှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး Procurement Jeremy Quin နှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့အပါအဝင် လူပုဂ္ဂိုလ်များကို ရုရှားနိုင်ငံထဲ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ရုရှားသတင်းသမားများ နှင့် ရုရှားကာကွယ်ရေးကုမ္ပဏီများ၏ အကြီးအကဲများကို ဗြိတိသျှအစိုးရက လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ရုရှားဖက်က ပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
“ ရုရှားနိုင်ငံနဲ့ပတ်သက်ပြီး ဒါ့အပြင် ယူကရိန်းထဲကဖြစ်စဉ်တွေနဲ့ ဒွန်းဘတ်စ်ဒေသက ဖြစ်စဉ်တွေမှာတောင် တစ်ဖက်သတ်သတင်းတွေ နဲ့ သတင်းအမှားတွေ ထုတ်ဝေဖြန့်ချိနေတဲ့ ဗြိတိန်သတင်းသမားတွေကို ဒဏ်ခတ်မှုစာရင်းထဲ ထည့်လိုက်ပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ၎င်းတို့၏ ဘက်လိုက်သော ရေးသားတင်ဆက်မှုများနှင့်အတူ ၎င်းတို့သည် ဗြိတိသျှလူမှုအသိုက်အဝန်းတွင် ရုရှားမုန်းတီးရေးဝါဒကို ဓာတ်ဆီလောင်း မီးထိုးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။
“ ဒေသခံတွေကို သတ်ဖြတ်အပြစ်ပေးတာ နဲ့ နာဇီပုံစံမျိုး အရပ်သားတွေကို သုတ်သင်ရှင်းလင်းတာ လုပ်ဖို့နဲ့ အရပ်ဖက် အခြေခံအဆောက်အဦတွေကို ဖျက်ဆီးဖို့ လုပ်တဲ့နေရာမှာ ယူကရိန်းနိုင်ငံကို စစ်လက်နက်ထောက်ပံ့ရေး ဆုံးဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဗြိတိသျှကာကွယ်ရေးဝန်ကြီးဌာနနဲ့ဆက်နွယ်သူ လူပုဂ္ဂိုလ် ၂၀ ဦးကိုလည်း ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ပါတယ် ” ဟုဝန်ကြီးဌာနကဆိုသည်။(Xinhua)
#Russia, #British, #Media, #sanction, #xinhua, #xinhuamyanmar, #
#ရုရှား,#ဗြိတိန်,#မီဒီယာ,#ပိတ်ဆို့,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ
————————
(English Version)
Russia imposes personal sanctions against British media representatives, defense figures
MOSCOW, June 14 (Xinhua) — Russia has imposed personal sanctions against 29 media representatives and 20 defense figures of the United Kingdom in a retaliatory move, the Russian Foreign Ministry said Tuesday.
The media representatives, including journalists working for The Guardian, BBC, and others, and the defense figures, including British Minister for Defence Procurement Jeremy Quin, will be denied entry into Russia.
According to the ministry, the move is a response to personal sanctions introduced by the British government against leading Russian journalists and heads of Russian defense companies.
“The British journalists included in the list are involved in the deliberate dissemination of false and one-sided information about Russia and events in Ukraine and Donbass,” the ministry said, adding that with their biased assessments, they also contribute to fueling Russophobia in British society.
The 20 individuals “linked to the UK defense industry were involved in making decisions on the supply of weapons to Ukraine, which are used by local punishers and Nazi formations to kill civilians and destroy civilian infrastructure,” the ministry said.
People walk near the building of the Russian Foreign Ministry in Moscow March 28, 2022. (Xinhua/Bai Xueqi)