Connect with us

Politics, Law & Military

ရှီက ယူအေအီးသမ္မတ ရှိတ်ခါလီဖာ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ယူအေအီးနိုင်ငံမြို့တော် အဘူဒါဘီမြို့၌ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်ကပြုလုပ်သော ထိပ်သီးအစည်းအဝေးတစ်ခုတွင် ဥက္ကဌအဖြစ်တာဝန်ယူကာ အမှာစကားပြောကြားနေသော အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံ သမ္မတ ရှိတ်ခါလီဖာဘင်ဇေယဒ်အလ်နျူယန် (Sheikh Khalifa bin Zayed Al Nahyan) အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အာရပ်စော်ဘွာများပြည်ထောင်စု(ယူအေအီး) နိုင်ငံသမ္မတ ရှိတ်ခါလီဖာဘင်ဇေယဒ်အလ်နျူယန်(Sheikh Khalifa bin Zayed Al Nahyan) ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း သဝဏ်လွှာတစ်စောင်ကို ယူအေအီးသမ္မတသစ် ရှိတ်မိုဟာမက်ဘင်ဇေယဒ်အလ် နျူယန် ထံ မေ ၁၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများကိုယ်စားအပြင် ၎င်းကိုယ်တိုင်အတွက်ပါ ရည်ရွယ်ပေးပို့သည့် သဝဏ်လွှာထဲတွင် ရှီက ယူအေအီးသမ္မတရှိတ်ခါလီဖာ ကွယ်လွန်အနိစ္စရောက်ခြင်းအပေါ်နက်ရှိုင်းစွာ စိတ်ထိခိုက်ခံစားရကြောင်း နှင့် ၎င်း၏ ဆွေမျိုးသားချင်းများအပြင် ယူအေအီးပြည်သူများအတွက် အမှန်တကယ်စာနာထောက်ထား စိတ်မကောင်းဖြစ်ရပါကြောင်း ရေးသားဖော်ပြထားသည်။

သမ္မတ ရှိတ်ခါလီဖာသည် ယူအေအီး(UAE) နိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် လူမှုစီးပွားဖြစ်ပေါ်တိုးတက်မှုကို မြှင့်တင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ပြီး ယူအေအီးပြည်သူများ၏ နက်ရှိုင်းစွာ လေးစားသမှု နှင့် ချစ်ခင်မြတ်နိုးမှုကို ရရှိပိုင်ဆိုင်ထားသူဖြစ်ကြောင်း ရှီက ဆိုသည်။

၎င်း(ရှိတ်ခါလီဖာ)သည် ယူအေအီး-တရုတ်ချစ်ကြည်ရင်းနှီးမှုအတွက် အပင်ပန်းခံကာ ဦးဆောင်ဦးရွက်ကြိုးပမ်းလုပ်ကိုင်ခဲ့သလို နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် တက်ကြွစွာ အားထုတ်မြှင့်တင်မှု ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း ရှီက ဆိုသည်။ ထို့ပြင် ၎င်းကွယ်လွန်အနိစ္စရောက်ခြင်းမှာ ယူအေအီးပြည်သူများအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်ရုံမျှသာမက တရုတ်ပြည်သူများအတွက်လည်း မိတ်ဆွေကောင်းတစ်ဦး ဆုံးရှုံးရခြင်းလည်းဖြစ်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများအနေဖြင့် တရုတ်-ယူအေအီးချစ်ကြည်ရင်းနှီးမှုကို မြတ်နိုးတန်ဖိုးထားကြောင်း ရှီက ပြောကြားခဲ့ပြီး နှစ်ဖက်ပူးတွဲအားထုတ်မှုနှင့်အတူ တရုတ်-ယူအေအီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် စည်းလုံးညီညွတ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် ဆက်လက်မြင်တွေ့ရမည်ကို သူ့အနေဖြင့် ယုံကြည်ကြောင်း ရှီက ဆိုသည်။(Xinhua)

—————————————
(English Version)
Xi extends condolences over passing of UAE President Sheikh Khalifa
BEIJING, May 15 (Xinhua) — Chinese President Xi Jinping on Saturday sent a message of condolence to Sheikh Mohamed bin Zayed Al Nahyan, the new president of the United Arab Emirates (UAE), over the passing of UAE President Sheikh Khalifa bin Zayed Al Nahyan.
Xi, on behalf of the Chinese government and people, and in his own name, expressed deep condolences over Sheikh Khalifa’s passing, and offered sincere sympathies to his relatives as well as to the UAE people.
President Sheikh Khalifa had been committed to maintaining political stability and promoting socioeconomic development in the UAE, winning deep respect and love from the UAE people, Xi stressed.
He had also been dedicated to the UAE-China friendship, and made active efforts to promote the development of bilateral relations, Xi said, adding that his passing is not only a huge loss for the UAE people, but also means a loss of a good friend for the Chinese people.
Noting that the Chinese government and people cherish the China-UAE friendship, Xi said he believes that with joint efforts from both sides, the China-UAE comprehensive strategic partnership will see continuous consolidation and development.

Photo – File photo shows former United Arab Emirates President Sheikh Khalifa bin Zayed Al Nahyan presiding over a summit in Abu Dhabi, capital of UAE, Dec. 6, 2010. (Xinhua/An Jiang)