Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံတွင် ၂၆၉,၀၀၀ ဦး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ဖျားနာသူ ၁.၄၈ သန်းရှိပြီဖြစ်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ဆေးဝါးပေးပို့မှုနှင့် အကျွမ်းတဝင်ဖြစ်စေရန် ဆေးဆိုင်သို့ သွားရောက်လေ့လာနေသော မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းအား မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Korean Central News Agency/Handout via Xinhua)

ပြုံယမ်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံတွင် ဖျားနာသူများမှာ မေ ၁၆ ရက်၌ ၂၆၉,၀၀၀ ခန့် ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း ၁.၄၈ သန်းအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က မေ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။မေ ၁၆ ရက်၌ တွေ့ရှိခဲ့သော အဆိုပါ ဖျားနာသူများအကြား ၁၇၀,၄၆၀ ခန့်မှာ ပြန်လည်ကျန်းမာလာပြီး ၆ ဦးသေဆုံးခဲ့ကြောင်း အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးဌာနချုပ်၏ ပြောကြားချက်ကို ကိုးကား၍ KCNA က ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံတွင် ဧပြီလနှောင်းပိုင်းက ဖျားနာခြင်းဝေဒနာခံစားချိန်မှစ၍ အဖျားရောဂါရှိသူ ၈၁၉,၀၀၀ ကျော်မှာ ပြန်လည်ကျန်းမာလာခဲ့ကြောင်း၊ ၆၆၃,၉၀၀ ကျော်မှာမူ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် သေဆုံးသူဦးရေမှာ ၅၆ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းက ဖြည့်စွက်ဖော်ပြခဲ့သည်။

ထို့ပြင် မေ ၁၇ ရက်၌ ဖော်ပြသည့် နောက်ထပ်သတင်းတွင်မူ ဆေးဝါးပံ့ပိုးမှု စိတ်ချရစေရန် အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် People’s Army မှ စစ်ဘက်ဆိုင်ရာဆေးတပ်ဖွဲ့ကိုလည်း ပြုံယမ်းရှိ ဆေးဝါးများအားလုံးကို မေ ၁၆ ရက်တွင် ဖြန့်ကျက်ထားပြီးဖြစ်ကြောင်းနှင့် လူနာများအား ၂၄ နာရီ ဝန်ဆောင်မှုစနစ်အောက်၌ ဆေးဝါးများ ထောက်ပံ့ပေးရန် စတင်နေပြီဖြစ်ကြောင်း KCNA က ဆိုသည်။

ဗဟို အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးကဏ္ဍတွင် ကူးစက်ရောဂါပျံ့နှံ့မှုအား တားဆီးရန်နှင့် အမြစ်ဖြတ်တောက်ရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ ရောဂါမှ ပြန်လည်ကျန်းမာလာသူများအကြား ပြန်လည်ကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝန်းရှိ ဆေးဝါးစက်ရုံများနှင့် ဆေးဝါးထောက်ပံ့ရေးစက်ရုံများကလည်း အရေးပေါ်လိုအပ်ချိန်တွင် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ ထုတ်လုပ်မှုကို မြှင့်တင်လျက်ရှိကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ (COVID-19) ရောဂါကို မေ ၁၂ ရက်က တွေ့ရှိကြောင်း ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးအသွားအလာကန့်သတ်မှုကို ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
Fevered persons in DPRK total 1.48 mln with 269,000 more cases
Source: Xinhua
Editor: huaxia
2022-05-17 12:50:16
PYONGYANG, May 17 (Xinhua) — The number of fevered persons in the Democratic People’s Republic of Korea (DPRK) has reached 1.48 million on Monday with around 269,000 more cases of fever, the Korean Central News Agency (KCNA) reported Tuesday.
Among those fevered persons registered on Monday, some 170,460 recovered and six died, the KCNA reported, citing the state emergency epidemic prevention headquarters.
Since the outbreak of the fever in the country in late April, more than 819,000 fevered persons have recovered and more than 663,900 are under medical treatment, with the death toll reaching 56, the report added.
In another report on Tuesday, the KCNA said urgent measures have been taken to ensure the supply of medicines and the military medical forces of the People’s Army were deployed on Monday to all pharmacies in Pyongyang and began to supply medicines under the 24-hour service system to the patients.
The central emergency epidemic prevention sector has made efforts to curb and root out the spread of the epidemic so as to prevent re-infection among those who had recovered from the disease, it said.
At the same time, pharmaceutical factories and medical appliances factories across the country have increased their production of medicines and medical supplies in urgent need, it added.
Pyongyang announced the country’s first COVID-19 case on Thursday, and declared a nationwide lockdown. ■
Photo : Photo provided by Korean Central News Agency (KCNA) on May 16, 2022 shows Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), visiting a pharmacy to acquaint himself with the supply of medicines, in Pyongyang, the DPRK. (Korean Central News Agency/Handout via Xinhua)