Connect with us

Politics, Law & Military

နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသောရေများ ပင်လယ်အတွင်းသို့ စွန့်ထုတ်သည့် မှားယွင်းသောဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းရန် ဂျပန်အား တရုတ် တိုက်တွန်း

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသောရေများ ပင်လယ်အတွင်းသို့ စွန့်ထုတ်ရန်နှင့် ယင်းသို့လုပ်ဆောင်ရန် ပြင်ဆင်နေသောလုပ်ငန်းများအားလုံးကို ရပ်တန့်ရန် မှားယွင်းသောဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၇ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ Tokyo Electric Power ကုမ္ပဏီက Fukushima Daiichi နျူကလီးယားစက်ရုံမှ ၁ ကီလိုမီတာအကွာ ပင်လယ်ရေအောက် မြောင်း တူးဖော်မှုလုပ်ငန်း စတင်ရေးအတွက် မကြာသေးမီက ပြောင်းလဲဆောင်ရွက်မှုကို တုံ့ပြန်ခြင်းနှင့် ပတ်သက်၍ နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အဆိုပါ တူးဖော်ရေးလုပ်ငန်းသည် ညစ်ညမ်းရေများ စွန့်ထုတ်ရန် ပင်လယ်ရေအောက်တူးမြောင်းထွက်ပေါက် တည်ဆောက်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည်။

တရုတ်နိုင်ငံ အပါအဝင် ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ကမ်းနီးနိုင်ငံများက ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်အား လွန်စွာ စိုးရိမ်မိကြောင်းနှင့် ယင်းဆုံးဖြတ်ချက်အား ကျင့်သုံးမည်ကို အခိုင်အမာကန့်ကွက်ကြောင်း ဝမ်းက ပြောခဲ့သည်။

ကုမ္ပဏီအနေဖြင့် ပြည်သူများ၏ ထောက်ခံချက် မရရှိပါက ဘယ်သောအခါမျှ ရေစွန့်ထုတ်ခြင်းမပြုဟူသော အစောပိုင်း ကတိကဝတ်ကို ပြန်ပြောင်းစဉ်းစားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုကို ဂရုမစိုက်ဘဲ ဆက်စပ်တည်ဆောက်မှုမှတစ်ဆင့် အတင်းအကျပ် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းက ဆိုသည်။ “ဒီလိုမျိုး လုပ်ဆောင်တာဟာ တာဝန်ယူမှုကင်းမဲ့တဲ့ ကိစ္စပါပဲ။ ဂျပန် အစိုးရအနေနဲ့ ဒါကို ချက်ချင်းထိန်းသိမ်းသင့်တယ်”

“ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဂျပန်ရှိ ပြည်သူများရဲ့ တရားနည်းလမ်းကျပြီး ကျိုးကြောင်းဆီလျော်မှုရှိတဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားဖို့၊ နျူကလီးယားညစ်ညမ်းရေတွေ ပင်လယ်ထဲ စွန့်ထုတ်ရေး မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပေးဖို့၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း လုပ်ဆောင်တာတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို လေးလေးနက်နက် အကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်” ဟု ဝမ်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)

China urges Japan to revoke wrong decision of dumping nuclear-contaminated water into sea

BEIJING, May 17 (Xinhua) — A Chinese foreign ministry spokesperson on Tuesday urged Japan to revoke its wrong decision to discharge nuclear-contaminated water into the sea and to stop all preparatory work.
Spokesperson Wang Wenbin made the remarks at a daily press briefing, in response to the recent move by Japan’s Tokyo Electric Power Company to start undersea excavation work one km off the Fukushima Daiichi nuclear power plant. The excavation work is in preparation for the construction of an undersea tunnel outlet to dump the contaminated water.
Wang said the littoral countries of the Pacific Ocean including China are seriously concerned with Japan’s decision and firmly oppose such practices.
Regardless of the concern from the international community, the company has gone back on its earlier promise to never discharge the water unless the decision gets public support, and forcibly pushed through relevant construction, Wang said. “Such an attempt to result in a fait accompli is irresponsible. The Japanese government should immediately put a hold on it.”
“We once again urge Japan to attach great importance to the legitimate and reasonable concerns of the international community and people in Japan, revoke the wrong decision to discharge the nuclear-contaminated water into the sea, stop proceeding with the preparatory work, and earnestly implement its due international obligations,” Wang added. ■