Connect with us

North America

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများက “ငွေညှစ်ခြိမ်းခြောက်သောဆောင်ရွက်မှု’’ ဖြစ်ကြောင်း ဗင်နီဇွဲလား ဒုတိယသမ္မတ ပြောကြား

ဗင်နီဇွဲလားနိုင်ငံ၊ ကရာကက်စ်မြို့၌ ချီတက်မှုအတွင်း တုံ့ပြန်နေသော ဒုတိယသမ္မတ Delcy Rodriguez အား ၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်နိုင်ငံ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများသည် “ငွေညှစ်ခြိမ်းခြောက်သောဆောင်ရွက်မှု’’ နှင့်တူညီနေကြောင်း ဒုတိယသမ္မတ Delcy Rodriguez က ဇွန် ၁၇ ရက် တွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် နိုင်ထက်စီးနင်းဆောင်ရွက်မှု သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ၅၀၂ ခု ချမှတ်ခဲ့ကြောင်း Delcy Rodriguez က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ခ်တွင် ပြုလုပ်သည့် ၂၅ ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုအများစုသည် နိုင်ငံ၏ ရေနံကဏ္ဍ၊ အစိုးရဘဏ္ဍာရေးနှင့် စားနပ်ရိက္ခာကဏ္ဍများတွင် “တိုက်ရိုက်ဦးတည်” နေကြောင်း၊ ရလဒ်အနေဖြင့် ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု ၈၇ ရာခိုင်နှုန်း ကျဆင်းသွားကာ စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံခန့် ဆုံးရှုံးသွားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ပိတ်ဆို့အရေးယူမှုများသည် ဗင်နီဇွဲလားနိုင်ငံအတွက် ဆယ်စုနှစ်များစွာ နိုင်ငံခြားဝင်ငွေ၏ အဓိကရင်းမြစ်ဖြစ်သည့် ရေနံစိမ်းကို ကူးသန်းရောင်းဝယ်နိုင်မှုကို အပြည့်အဝပိတ်ဆို့ လိုက်ခြင်းဖြစ်ကြောင်း Rodriguez က ပြောကြားခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျင့်သုံးသောနိုင်ငံများသည် “နိုင်ငံများ၏ အရင်းအမြစ်များကို တရားမဝင်အပိုင်သိမ်းခြင်း” မှ အကျိုးအမြတ်များရရှိနေကြောင်း၊ ထို့ကြောင့် အမေရိကန် နိုင်ငံသည် ၎င်းပိတ်ဆို့မှုများအား အချိန်အနည်းငယ်အတွင်း ရုတ်သိမ်းရန်အလားအလာမရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားပြည်သူများ၏ ထိရောက်သောကြိုးပမ်းအားထုတ်မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံသည် ပိတ်ဆို့အရေးယူမှု၏ အကျိုးဆက်အား ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံအနေဖြင့် စားသုံးမှု၏ ၉၀ ရာခိုင်နှုန်း ထုတ်လုပ်ရန် စားနပ်ရိက္ခာ ၈၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းခြင်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

……………………………………
(English Version)
U.S. sanctions “extortion measures,” says Venezuelan vice president
CARACAS, June 17 (Xinhua) — Venezuelan Vice President Delcy Rodriguez on Friday equated U.S. economic sanctions against the South American country to “extortion measures.”

The United States has imposed 502 unilateral coercive measures, or sanctions, against Venezuela, Rodriguez told the 25th International Economic Forum in St. Petersburg, Russia.

Most of the sanctions have been “directed” at the country’s oil sector, government finances and food, she said, adding there has been an 87 percent drop in Venezuela’s oil output as a result, leading to economic losses of some 140 billion U.S. dollars.

In 2020, the sanctions completely blocked the country’s ability to commercialize crude oil, which for decades has been the main source of foreign revenue for Venezuela, said Rodriguez.

Those who apply sanctions benefit from the “illegitimate appropriation of countries’ resources,” so the United States is unlikely to lift them any time soon, she added.

Thanks to the productive effort of the Venezuelan people, the country has been able to withstand the impact of the sanctions, she said, noting that Venezuela went from importing 80 percent of its food to producing 93 percent of what it consumes. ■
Photo-Venezuelan Vice President Delcy Rodriguez reacts during a march, in Caracas, Venezuela, on June 9, 2022. (Xinhua/Marcos Salgado)