Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က စားသုံးမှုမြှင့်တင်ရေးအတွက် ဈေးပွဲတော် စတင်

တရုတ်နိင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Deqen တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရှန်ဂရီလာမြို့၌ ကျင်းပခဲ့သည့် မြင်းပြိုင်ပွဲတစ်ခု၌ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်နေသူများအား ဇွန် ၃ ရက်တွင်‌ တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် စားသုံးမှုအားပေးလှုံ့ဆော်ရေး နှင့် စီးပွားရေးနလန်ထူခြင်းအား မြှင့်တင်ရေးအတွက် ဇွန် ၁၈ ရက်တွင် တစ်လကြာ ဈေးပွဲတော် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ယူနန်ပြည်နယ်ရှိ အစိုးရအဖွဲ့ နှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများက လာမည့်လအတွင်း လက်မှတ်အမျိုးအစားမျိုးစုံ ၈ သန်းကျော် ထုတ်ရောင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါယုတ်လျော့မှေးမှိန်သွားသည့်နှင့်အမျှ ကုန်သွယ်မှုကဏ္ဍ၏ အသက်ဝင်မှုသည် တစ်ဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကြောင်း ပြည်နယ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ ညွှန်ကြားရေးမှူး Li Chenyang က ပြောကြားခဲ့ပြီး ပြည်နယ်တစ်ခွင်တစ်ပြင်လုံး ဈေးပွဲတော်သည် ချုပ်တည်းထားခဲ့ရသည့် စားသုံးသူများ၏ လိုအပ်ချက်ကို လွှတ်ပေးရာတွင် အထောက်အကူဖြစ်စေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်နယ် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနသည် လက်မှတ်များ ထုတ်ရောင်းခြင်းအတွက် ရန်ပုံငွေ ယွမ်သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃ သန်း) စုဆောင်းထားသည် ။ ယူနန်ပြည်နယ်ရှိ ဘဏ်လုပ်ငန်းကဏ္ဍသည် ဒေသခံများ နှင့် ခရီးသွားများအတွက် စားသုံးသူအတွက် ဖြေလျှော့ပေးမှုတွင် ယွမ် ၂၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။

ပွဲတော်တွင် ပါဝင်ကြသည့် ကုန်သည်အရေအတွက်မှာ ၁၀၀,၀၀၀ ကျော် ရှိလာနိုင်ကြောင်း ခန့်မှန်ထားသည်။ (Xinhua)

———————–
(English Version)
China’s Yunnan launches shopping festival to boost consumption
Source: Xinhua Editor: huaxia 2022-06-18 22:40:14
KUNMING, June 18 (Xinhua) — Southwest China’s Yunnan Province has launched a month-long shopping festival starting Saturday to stimulate consumption and promote economic recovery.
Governments and financial institutions in Yunnan will issue more than 8 million coupons of various types during the coming month.
Li Chenyang, director of Yunnan provincial department of commerce, said the vitality of the trade sector is gradually recovering as the epidemic wanes, adding that a province-wide shopping festival is conducive to releasing suppressed consumer demand.
The department has pooled 100 million yuan (14.3 million U.S. dollars) of funds for issuing coupons. The banking sector in Yunnan also invested over 25 million yuan in consumption concessions to residents and tourists.
It is estimated that the number of merchants participating in the festival will reach more than 100,000. ■
Photo – Actresses perform traditional dance at a horse racing festival held in Shangri-La, Deqen Tibetan Autonomous Prefecture, southwest China’s Yunnan Province, J