Connect with us

Europe

ဒွန်ဘတ်စ်ဒေသအတွက် ရုရှား တပ်ဖွဲ့များ တိုက်ပွဲစတင်နေကြောင်း ယူကရိန်း သမ္မတပြော

ယူကရိန်းနိုင်ငံ Irpin မြို့တွင် လမ်းများပိတ်ဆို့နေသော ယူကရိန်း စစ်သားများအား မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တပ်ဖွဲ့များက ဒွန်ဘတ်စ်ဒေသအတွက် တိုက်ပွဲ စတင်လျက်ရှိသော်လည်း ယူကရိန်းနိုင်ငံအနေဖြင့် ကိုယ်တိုင်ကာကွယ်သွားမည်ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဧပြီ ၁၈ ရက် ဗီဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။“အခု ကျွန်တော်တို့ ပြောနိုင်တာကတော့ ရုရှား စစ်သားတွေက ဒွန်ဘတ်စ် တိုက်ပွဲစတင်နေပြီဆိုတာပါပဲ။ ဒါကို သူတို့ အချိန်အကြာကြီးပြင်ဆင်နေခဲ့တာပေါ့။ ရုရှားစစ်တပ်တစ်ခုလုံးရဲ့ အလွန်များပြားတဲ့အစိတ်အပိုင်းတစ်ခုက အခုဆိုရင် ဒီထိုးစစ်အပေါ် အာရုံစိုက်ထားပါတယ်” ဟု ဇယ်လန်းစကီး၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီက သတင်းဖော်ပြထားသည်။

“အဲဒီမှာ ရုရှားစစ်သားတွေ ဘယ်လောက်ပဲရှိနေပါစေ ကိစ္စမရှိဘူး။ ကျွန်တော်တို့ တိုက်ခိုက်သွားမှာပဲ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် လက်ရှိ ရုရှား တပ်ဖွဲ့များက ယခင်ကထက် အနည်းငယ်ချင့်ချိန် တိုက်ခိုက်ရန် ကြိုးပမ်းလျက်ရှိကြောင်းနှင့် အဓိကတပ်အင်အားများဖြင့် ယင်းနေရာရှိ ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေး အားနည်းချက်ကို ရှာဖွေလျက်ရှိကြောင်း ဇယ်လန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)

Russian forces start battle for Donbas: Ukrainian president
Source: XinhuaEditor: huaxia2022-04-19 06:50:58

KIEV, April 18 (Xinhua) — Russian forces have begun the battle for the Donbas region, but Ukraine will defend itself, Ukrainian President Volodymyr Zelensky said in a video address on Monday.

“Now we can say that Russian troops have started the battle for Donbas, for which they have been preparing for a long time. A very large part of the entire Russian army is now focused on this offensive,” Zelensky was quoted as saying by the state-run Ukrinform news agency.

“No matter how many Russian troops are driven there, we will fight,” he added.

In the east and south of Ukraine, Russian forces have recently been trying to attack a little more deliberately than before and looking for a weak spot in the country’s defense to go there with the main forces, Zelensky said. ■
Photo : Ukrainian soldiers set up roadblocks in Irpin, Ukraine, on March 4, 2022. (Photo by Diego Herrera/Xinhua)