Connect with us

Europe

ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ပေါ် ဒုံးကျည်တိုက်ခိုက်မှုများအတွင်း လူ ၆ ဦး သေဆုံး

မာရီယူပိုးလ်မြို့အနီး လမ်းတစ်လျှောက် သွားလာနေသည့် တင့်ကားတစ်စီးအား ဧပြီ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ပေါ်သို့ ဧပြီ ၁၈ ရက်တွင် ဒုံးကျည်တိုက်ခိုက်မှုများအတွင်း လူ ၆ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lviv ဒေသဆိုင်ရာ စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် Maksym Kozytsky က ပြောကြားခဲ့သည်။ရုရှားတပ်ဖွဲ့ဝင်များသည် Lviv မြို့ပေါ်သို့ ဒုံးကျည် ၄ စင်း တိုက်ခိုက်ပစ်လွှတ်ခဲ့ကြောင်း Maksym Kozytsky က ဖေဘွတ်ခ်ပေါ်တွင် ပြောကြားခဲ့ပြီး ဒုံးကျည် ၃ စင်းသည် စစ်ဘက်ဆိုင်ရာ အထောက်အကူပြုအဆောက်အအုံအား ထိမှန်ခဲ့ကာ ကျန်ဒုံးကျည် ၁ စင်းသည် တာယာဝန်ဆောင်မှုစင်တာတစ်ခုအား ထိမှန်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုအား ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း Lviv ဒေသဆိုင်ရာ စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် Maksym Kozytsky က ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)

Six killed in missile strikes on Ukraine’s western city of Lviv
KIEV, April 18 (Xinhua) — At least six people were killed and eight others wounded on Monday in missile strikes on the western Ukrainian city of Lviv, said Maksym Kozytsky, head of the Lviv regional military-civilian administration.
Russian troops have launched four missile strikes on the city, Kozytsky said on Facebook, noting that three missiles hit military infrastructure, and another one struck a tire service center.
Efforts are underway to extinguish the fire caused by the strikes, Kozytsky said. ■
Photo – A tank proceeds along a road near Mariupol on April 17, 2022.
The entire urban area of Mariupol city in eastern Ukraine has been fully cleared of the Ukrainian Armed Forces and foreign mercenaries, the Russian military said Saturday. (Photo by Victor/Xinhua)