Connect with us

Europe

ရုရှားနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်သံတမန် ၃၄ ဦးအား နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား မတ်လ ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်သံတမန် ၃၄ ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် ကြေညာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

ရုရှားသံတမန် ၄၁ ဦးအား နှင်ထုတ်ရန် ပြင်သစ်နိုင်ငံ၏ “တမင်တကာ” ၊ “တရားနည်းလမ်းမကျသော” ဆုံးဖြတ်ချက်အား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယင်းနေ့အစောပိုင်းတွင် ရုရှားနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ် Pierre Levy အား ဆင့်ခေါ်ခဲ့ပြီးနောက် ရုရှားနိုင်ငံက ထိုသို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံ၏ ဆောင်ရွက်ချက်သည် ရုရှား-ပြင်သစ် ဆက်ဆံရေး နှင့် အပြုသဘောဆောင်သော အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအား အပြင်းအထန် ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ ပြင်သစ်သံတမန် ၃၄ ဦးကို ရက်သတ္တပတ် နှစ်ပတ်အတွင်း ရုရှားနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Russia expels 34 French diplomats in retaliation
MOSCOW, May 18 (Xinhua) — Russia has declared 34 French diplomats “personae non gratae” in a tit-for-tat move, the Russian Foreign Ministry said in a statement on Wednesday.
Moscow made the decision after summoning French Ambassador to Russia Pierre Levy earlier in the day to protest against France’s “provocative” and “unjustified” decision to expel 41 Russian diplomats, the statement said.
France’s move will seriously damage Russian-French relations and constructive bilateral cooperation, said the ministry.
The 34 French diplomats will be ordered to leave Russia within two weeks. ■
Photo – Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.