Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတဟောင်း အခွန်တိမ်းရှောင်မှုရှိကြောင်း ထရမ့်ကုမ္ပဏီအဖွဲ့အစည်း၏ ယခင်အဆင့်မြင့်အရာရှိ ဝန်ခံပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ FBI ရုံးချုပ်အား ဩဂုတ် ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဟောင်း ထရမ့်၏ ကုမ္ပဏီအဖွဲ့အစည်းမှ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ်ဟောင်း Allen Weisselberg သည် ဩဂုတ် ၁၈ ရက် နယူးယောက်ပြည်နယ် တရားရုံးတွင် ရာဇဝတ်မှုဆိုင်ရာ အခွန်လိမ်လည်မှုနှင့်စီးပွားရေးမှတ်တမ်းအတုအပပြုမှု စသည့် တရားစွဲဆိုချက် ၁၅ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

Allen Weisselberg နှင့် နယူးယောက်ပြည်နယ် မန်ဟက်တန်ဒေသ အမှုစစ်ရှေ့နေရုံးမှ ရရှိသော ပြစ်မှုဝန်ခံကြောင်းစာလွှာအရ Allen Weisselbergသည် အခွန်၊ ဒဏ်ငွေနှင့်အတိုး စုစုပေါင်း ကန်ဒေါ်လာ ၂ သန်းနီးပါး ပေးဆောင်ရမည် ဖြစ်ပြီး ထောင်ဒဏ် ၅ လနှင့် ပြင်ပစောင့်ကြည့်မှု ၅ နှစ် ခံယူရမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Allen Weisselbergသည် ထရမ့်ကုမ္ပဏီအဖွဲ့အစည်း အခွန်လိမ်လည်မှုအား စစ်ဆေးရာတွင် တရားရုံးသက်သေအဖြစ် ထွက်ဆိုရမည် ဖြစ်ကြောင်း သိရသည်။
ပြစ်မှုဝန်ခံခြင်းသည် Allen Weisselberg၏ဘဝတွင် “အခက်အခဲဆုံး ရွေးချယ်မှုတစ်ခု”ဖြစ်သော်လည်း နှစ်ရှည်လများ ထောင်ဒဏ်သင့်မည့်အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ကြောင်း Allen Weisselberg ရှေ့နေ၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

နယူးယောက်ပြည်နယ် မန်ဟက်တန် အမှုစစ်ရှေ့နေ Bragg က Allen Weisselbergသည် ရာထူးတာဝန်ကို အလွှဲသုံး၍ ကိုယ်ကျိုးစီးပွားရယူမှုများရှိသည်ဟု ဝန်ခံခဲ့ကြောင်း ၊ ၎င်း၏ ပြစ်မှုဝန်ခံကြောင်းစာလွှာတွင် ထရမ့်ကုမ္ပဏီအဖွဲ့အစည်းနှင့် “ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှုကျူးလွန်သည့် လှုပ်ရှားမှုများ” ဆက်စပ်မှု ရှိကြောင်း ပြောကြားခဲ့သည်။
ထရမ့်ကုမ္ပဏီအဖွဲ့အစည်း အခွန်တိမ်းရှောင်လိမ်လည်မှုကို ယခုနှစ် အောက်တိုဘာလတွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာတရားစွဲဆိုချက်များအပေါ် ထရမ့်က ငြင်းဆိုထားပြီး ယင်းတရားစွဲဆိုချက်များသည် နိုင်ငံရေးအရလှုံ့ဆော်စေခိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် နယူးယောက်ပြည်နယ် အမှုစစ်အရာရှိချုပ် Jamesက ထရမ့်ကုမ္ပဏီအဖွဲ့အစည်းအနေဖြင့် ချေးငွေရယူရန်နှင့်အခွန်သက်သာရန် ဘဏ္ဍာရေးရှင်းတမ်းတွင် ပိုင်ဆိုင်မှုတန်ဖိုးကို အတိုင်းထက်အလွန်စီမံထားခြင်း ရှိမရှိကို စစ်ဆေးလျက်ရှိသည်။ ထရမ့်သည် ယခုလ ၁၀ ရက်က နယူးယောက်ပြည်နယ် အမှုစစ်ရှေ့နေချုပ်ရုံး၏စုံစမ်းစစ်ဆေးအထောက်အထားယူမှုကို လာရောက်ခဲ့သော်လည်း သက်သေထွက်ဆိုရန် ငြင်းဆိုခဲ့ပြီး James က ၎င်းအား “နိုင်ငံရေးတိုက်ခိုက်မှု”ပြုလုပ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် တရားစီရင်ရေးဌာနက ထရမ့်၏ သမ္မတသက်တမ်းကုန်ဆုံးပြီးနှင့် အိမ်ဖြူတော်က ထွက်ခွာချိန်တွင် လျှို့ဝှက်စာရွက်စာတမ်းအချို့ကို ကိုယ်ပိုင်နေအိမ်သို့ ယူဆောင်သွားသည့်အခြေအနေအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)
…………………………………………………….

(Chinese Version)

(国际)特朗普集团前高管承认逃税

新华社华盛顿8月18日电(记者孙丁)美国前总统特朗普名下的集团前首席财务官魏塞尔贝格18日在纽约州一法院承认刑事税务诈骗、伪造商业记录等15项指控。
根据魏塞尔贝格与纽约州曼哈顿地区检察官办公室达成的认罪协议,魏塞尔贝格须缴纳税金、罚款和利息共计近200万美元,他将面临5个月监禁外加5年监外看管。此外,魏塞尔贝格被要求在特朗普集团税务诈骗案审判中出庭作证。
魏塞尔贝格的律师在一份声明中说,认罪是魏塞尔贝格人生中“最艰难的决定之一”,但让他免除长年入狱服刑的风险。
纽约州曼哈顿地区检察官布拉格表示,魏塞尔贝格承认利用职位之便中饱私囊,他的认罪协议将特朗普集团和“广泛犯罪活动”牵连起来。
特朗普集团税务诈骗案审判将于今年10月进行。特朗普否认相关指控,并称这些指控受政治驱使。
与此同时,纽约州总检察长詹姆斯正在调查特朗普集团是否为了获取贷款和税收优惠而夸大财务报表上的资产价值。特朗普本月10日出席纽约州总检察长办公室的调查取证,但拒绝提供证词,并批评詹姆斯对他发起“政治攻击”。
此外,美国司法部正在调查特朗普卸任总统、离开白宫时将一些机密文件带到私人住所的情况。(完)

1. 这是8月15日在美国华盛顿拍摄的联邦调查局总部。 新华社记者 刘杰 摄