Connect with us

Europe

ရုရှားနှင့် အမေရိကန် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ယူကရိန်းအရေး ဖုန်းဆက်ဆွေးနွေး

ရုရှား စစ်ဦးစီးချုပ် Valery Gerasimov (ဝဲ) နှင့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ Mark Milley တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ စစ်ဦးစီးချုပ်နှင့် အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ Mark Milley တို့သည် ယူကရိန်းနိုင်ငံ အခြေအနေအပါအဝင် အပြန်အလှန်အကျိုးကျေးဇူးကိစ္စရပ်များ ဆွေးနွေးရန် မေ ၁၉ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံဘက်မှ ပထမဆုံးဖုန်းခေါ်ဆိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အကျဉ်းချုပ်ထုတ်ပြန်ချက်၌ ပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ယခင်သီတင်းပတ်ကလည်း ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) တို့သည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ပထမဆုံး တယ်လီဖုန်းပြောကြားရာ၌ ယူကရိန်းအခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Russian, U.S. military chiefs discuss Ukraine over phone
Source: Xinhua
Editor: huaxia
2022-05-20 00:35:30
MOSCOW, May 19 (Xinhua) — Chief of the General Staff of the Russian Armed Forces Valery Gerasimov and U.S. Chairman of the Joint Chiefs of Staff Mark Milley held a phone call on Thursday to discuss issues of mutual interest, including the situation in Ukraine.
The conversation was initiated by the American side, the Russian Defense Ministry said in a brief statement, without providing details.
Last week, Russian Defense Minister Sergei Shoigu and U.S. Secretary of Defense Lloyd Austin discussed the situation in Ukraine during their first phone conversation since the outbreak of the Russia-Ukraine conflict. ■
Photo : Chief of the General Staff of the Russian Armed Forces Valery Gerasimov (L) and U.S. Chairman of the Joint Chiefs of Staff Mark Milley (Xinhua)